ဘီယာခွက်ထဲသို့ အိပ်ဆေးခတ်ပြီး ငွေကျပ်သိန်း (၁၀ဝ) ကျော်ဖိုးယူပြေးသူ ၂ ဦးဖမ်းဆီး

Posted on

ဘီယာခွက်ထဲ အိပ်ဆေးခတ်ပြီး အမျိုးသားတစ်ဦးထံမှ ရတနာပစ္စည်း အပါအဝင် ငွေကျပ်သိန်း ၁၀ဝ ကျော်ဖိုးယူဆောင်မှုမှ နှစ်ဦးဖမ်းထား

၁၀-၅-၂၀၁၉ ရက် နံနက် ၁၀ နာရီခွဲအချိန်တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ကောင်ဆန်ကျေးရွာမှ တရားလို ဦးမောင် မောင်ရှည်သည် အိမ်၌ရှိနေစဉ် သမီးဖြစ်သူ မသဇင်ခိုင်(၄)နှစ်အား တစ်ရပ်ကွက်တည်းနေ ၎င်း၏ယောက္ခမဖြစ်သူ ဒေါ်သိန်းနုအေး နေအိမ်သို့ ပို့ထားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ မြို့နယ်ရှိ ဟိုတယ်တစ်လုံး၌ ဘီယာခွက် အတွင်း အိပ်ဆေးခတ်ပြီး အမျိုးသားတစ်ဦး ထံမှ ရတနာပစ္စည်းများအပါအဝင် ကျပ် သိန်း ၁၀ဝ ကျော်ဖိုး ယူဆောင်ခဲ့သည့် ဖြစ်စဉ်မှ နှစ်ဦးဖမ်းမိခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့က မေ ၂၃ ရက်က သတင်းထုတ်ပြန်ချက်အရ သိရ၏။

ရွှေပြည်သာမြို့နယ်၊ ဘုံရှည်ကုန်း ကျေးရွာ ညောင်ပင်သာလမ်းတွင် နေထိုင် သူ ကို×××သည် မေ ၈ ရက် ညပိုင်းတွင် အမှတ်(၁)ရပ်ကွက်ရှိ ဟိုတယ်တစ်ခုတွင် အမျိုးသမီးအဖော်ဖြစ်သူနှင့်အတူ တည်းခို ခဲ့စဉ် အဆိုပါအမျိုးသမီးက ဘီယာခွက် အတွင်း

အိပ်ဆေးခတ်ကာ ၎င်းပိုင်ပစ္စည်း ရွှေဟန်းချိန်းတစ်ခု၊ ရွှေဆွဲကြိုးတစ်ကုံး၊ ရွှေ ကြုတ်တစ်ခု၊ နဝရတ်ကိုးသွယ် လက်စွက် တစ်ကွင်း၊ ဖုန်းနှစ်လုံးနှင့် ငွေကျပ်နှစ်သိန်း ခွဲ စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း ၁၀ဝ ကျော်အား ယူဆောင်သွားသဖြင့် ရွှေပြည် သာမြို့မရဲစခန်း၌ အမှုဖွင့် တိုင်တန်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ မှ စစ်ဆေးရာ ပြစ်မှုကျူးလွန်သူသည် မချို မင်းသူဖြစ်ပြီး ၎င်းမှာ မြဝတီမြို့သို့ တိမ်း ရှောင်သွားကြောင်း သိရသဖြင့် ဖမ်းဆီးရမိ ရေး ကရင်ပြည်နယ်ရဲတပ်ဖွဲ့နှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ရာ မချိုမင်းသူအား မြဝတီမြို့ ၌ ဖမ်းဆီးရမိခဲ့သည်။

၎င်းအား စစ်ဆေးခဲ့ရာ သူငယ်ချင်း ဖြစ်သူ သန္တာဗိုလ်က နေအိမ်သို့လာရောက်၍ ဖုန်းနံပါတ်တစ်ခုပေးပြီး ထိုဖုန်းသို့ဆက် သွယ်ကာ ငွေချူရန်ပြောဆိုသဖြင့် ဖုန်း ဆက်ချိန်းဆိုကာ ကားလေးဂိတ်မှတ်တိုင်ရှိ လက်ဖက်ရည်ဆိုင်တွင် သန္တာဗိုလ်နှင့်အတူ သုံးဦးတွေ့ရှိခဲ့ကြကြောင်း၊

အဆိုပါဖုန်းပိုင်ရှင် ကို×××က မုန့်ဖိုး ကျပ် ၈၀ဝဝဝ ပေးမည် ဟုဆိုကာ လိုက်ခဲ့ရန်ပြောဆိုရာ သန္တာဗိုလ် က ဆိုင်နောက်သို့သွားရန် မျက်စပစ်ပြ သဖြင့် မချိုမင်းသူက လိုက်သွားခဲ့ပြီး မသန္တာဗိုလ်က အိပ်ဆေးမှုန့်တစ်ပေးခဲ့ ကြောင်း၊ ထို့နောက် ကို××× နှင့်အတူ ဆိုင်ကယ်ဖြင့် ဟိုတယ်သို့လိုက်သွားခဲ့ ကြောင်း၊

ထို့နောက် ကို×××က ဘီယာ သောက်ချင်ကြောင်း ပြောဆိုသဖြင့် ဘီယာ ခွက်အတွင်း အိပ်ဆေးမှုန့်ခတ်ကာကို×××တွင် ဝတ်ဆင်ထားသော ရတနာပစ္စည်းများ၊ ငွေကျပ်နှစ်သိန်းခွဲနှင့် ဖုန်းနှစ်လုံးတို့အား ယူဆောင်ခဲ့ကြောင်း၊ ရရှိလာသည့် ရတနာ ပစ္စည်းများအား ထုခွဲရောင်းချ၍ မသန္တာ ဗိုလ်နှင့်ခွဲဝေယူခဲ့ကြပြီး မချိုမင်းသူနှင့် ခင်ပွန်းဖြစ်သူ သောမတ်(စ်)တို့သည် မြဝတီမြို့၌ အိမ်ငှားကာ ရှောင်ပုန်းနေခဲ့ ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်သူ မသန္တာဗိုလ်အား အမြန် ဆုံးဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

မမတ . . မှုခင်းသတင်းဂျာနယ်