International News Knowledge

ဖိလစ်ပိုင် ရေတပ်နဲ့ ဘက်စုံသုံး တိုက်ခိုက်ရေးရေယာဉ်

၁။ ဖိလစ်ပိုင်ရေတပ် Philippines Navy (PN) အနေနဲ့ multi-purpose attack craft (MPACs) ၃ စီးကို အင်အားဖြည့်တင်းသွားမှာဖြစ်ပါတယ်။ အဲ့ဒီရေယာဉ်တွေမှာဆိုရင် Rafael Advanced Defense’s Spike extended range (ER) surface-to-surface missile system ဒုံးပျံစနစ်ကို တပ်ဆင်ထားမယ်လို့ သိရပါတယ်။ ပြီးတော့လည်း အဝေးထိန်းစနစ်နဲ့ပစ်ခတ်တိုက်ခိုက်နိုင်တဲ့ .50 calibre machine guns တွေကိုလည်း တပ်ဆင်ထားမှာဖြစ်ပါတယ်။ အမြန်နှုန်းအားဖြင့် ရေမိုင် ၄၅ မိုင်နှုန်း ခုတ်မောင်းနိုင်အောင် ပုံစံထုတ်တည်ဆောက်ထားတဲ့ ဘက်စုံသုံး တိုက်ခိုက်ရေးယာဉ်တွေပဲဖြစ်ပါတယ်။

၂။ ဖိလစ်ပိုင်ရေတပ်ကို အဲ့ဒီရေယာဉ် ၃ စီး လွှဲပြောင်းလက်ခံပေးခြင်းမပြုမီ Department of National Defense (DND) ကနေပြီးတော့ နည်းပညာဆိုင်ရာ လိုအပ်တဲ့စစ်ဆေးမှုနဲ့ စမ်းသပ်မှု Technical Inspection and Acceptance Committee တွေပြုလုပ်သွားမှာဖြစ်ပြီး စိတ်ကျေနပ်မှုရှိမှ ရယူသွားမှာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲ့ဒီ ၃ စီးဟာ အပြီးသတ်တည်ဆောက်ဆဲအဆင့်ကိုရောက်နေပြီဖြစ်ပြီး လက်နက်နဲ့လက်နက်စနစ်ပိုင်း၊ အခြားသော လျှပ်စစ်ပိုင်း၊ အာရုံခံကိရိယာပိုင်းတွေကို တပ်ဆင်နေပြီလို့ သိရပါတယ်။ ဖိလစ်ပိုင်ရေတပ်ကို လွှဲပြောင်းပေးဖို့အနေနဲ့ကတော့ ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်းဖြစ်ပါတယ်။

၃။ ဖိလစ်ပိုင်ရေတပ်ရဲ့ PN Technical Working Group အနေနဲ့ DND နဲ့ပူးပေါင်းပြီး အဲ့ဒီစစ်ရေယာဉ် ၃ စီးကို လက်ခံအသုံးပြုသွားနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ သြဂုတ်လမှာ အဲ့ဒီ MPACs ၃ စီးကို လက်ခံရယူပြီးသွားပြီဆိုရင် ဖိလစ်ပိုင်ရေတပ်မှာ အစ္စရေးနိုင်ငံထုတ် လက်နက်တွေတပ်ဆင်ထားတဲ့ရေယာဉ် ၆ စီးထိ ရှိလာတော့မှာပဲဖြစ်ပါတယ်။ ဖိလစ်ပိုင်ရေတပ်အကြီးအကဲဖြစ်သူ PN flag-officer-in-command vice-admiral Robert Empedrad အနေနဲ့လည်း မိမိတို့ရေတပ်ဟာ ၂၀၁၉ ခုနှစ်အတွင်း Spike-ER လက်နက်စနစ်တပ်ဆင်ထားတဲ့ MPACs ၃ စီးကို တပ်တော်ဝင်အသုံးပြုသွားမှာဖြစ်တယ်လို့ မီဒီယာတွေကို အတည်ပြု ပြောကြားခဲ့ပါတယ်။

၎။ တည်ဆောက်ရေးကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတုန်းကစတင်ခဲ့ပြီး အခု MPACs ၃ စီးဟာဆိုရင် ဖိလစ်ပိုင်ရေတပ်အတွက် Mark IV အမျိုးအစား အမြန်သွား ဘက်စုံသုံး တိုက်ခိုက်ရေးယာဉ်တွေပဲဖြစ်ပါတယ်။ တည်ဆောက်ရေးကိုတော့ ဖိလစ်ပိုင်နိုင်ငံအခြေစိုက် Propmech ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းကနေ တည်ဆောက်ပါတယ်။ ဖိလစ်ပိုင်ရေတပ်အတွက် ကနဦးဖြစ်တဲ့ Mark III MPACs ၃ စီးကို ၂၀၁၇ ခုနှစ်၊ မေလတုန်းက လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတုန်းက ဖိလစ်ပိုင်ရေတပ်အနေနဲ့ Spike-ER surface-to-surface missile system ကို စမ်းသပ်ခဲ့ပါသေးတယ်။ အဲ့ဒီဒုံးပျံစနစ်ဟာဆိုရင် Rafael ကနေပြီးတော့ ၂၀၁၈ ခုနှစ်၊ ဧပြီလတုန်းက ဖိလစ်ပိုင်ရေတပ်မှာ တပ်ဆင်ပေးခဲ့ခြင်းဖြစ်ပါတယ်။

ပင်လယ်ရေကြောင်း မဟာဗျူဟာနှင့် ရေကြောင်း စစ်အယူအဆများ
LKT

https://www.naval-technology.com/…/philippines-navy-to-get…/

About the author

လက်ခတ်သံ