မစိမ့်ထက် သေဆုံးခဲ့မှု ဖခင်ဖြစ်သူက ခေါင်းဆောင်ဖြစ်သူ ၂ ဦးကို တရားစွဲဆိုထား

Posted on

မစိမ့်ထက် သေဆုံးခဲ့မှုနှင့် ပတ်သက်ပြီး ဖခင်ဖြစ်သူက ခေါင်းဆောင်ဖြစ်သူ ၂ ဦးကို တရားစွဲ ဆိုထားကြောင်း ဖခင်ဖြစ်သူ ဦးမောင်မောင်အေးက ပြောကြားသည်။

ဇွန်လ( ၇) ရက်နေ့ နေ့လည်( ၁) အချိန်က ရန်ကုန်မြို့ (၃၁)လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ Central Hotel (ကျောက်စိမ်း ခန်းမ) တွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဖခင်ဖြစ်သူက ပြောကြားခဲ့ခြင်းဖြစ်သည်။

”ကျွနိတော်တို့ကတော့ တိုင်စာတွေပို့ထားတာပဲ ရှိပါတယ်။ နေရာ လေးခုကို တိုင်စာပို့ထားတာပါ။ မစိမ်ထက်ဟာ ဘယ်လိုပေါ့ဆမှုကြောင့် မသေသင့်ဘဲ သေရတယ်ဆိုတဲ့အကြောင်း ၊ ဒီလိုအချက် ၄၊ ၅ ချက်နဲ့ တရားဝင် တိုင်စာတွေ ပို့ထားပါတယ်။ ပူတာအို ရဲစခန်း မြို့နယ် ၊ခရိုင် ၊ ပြည်နယ်တို့ကို ပို့ထားတာပါ။ အဓိကကတော့ သူတို့ခေါင်းဆောင် ၂ ယောက်ကို ဖြစ်တဲ့ ခေါင်းဆောင်သော်ဇင်ခိုင်နဲ့ ဒုခေါင်ဆောင် အောင်ချုင်မြင့်တို့ ဖြစ်ပါတယ်” ဟု မစိမ့်ထက်၏ ဖခင် ဦးမောင်မောင်အေးက ပြောကြားခဲ့သည်။

မစိမ့်ထက် ချောက်အတွင်း ပြုတ်ကျမှုတွင် အဖွဲ့ခေါင်းဆောင် နှစ်ဦးသည် ဒေသခံများဖြင့် အမြန်ဆုံး ပူးပေါင်းရမည့်အပေါ် ပျက်ကွက်ခဲ့ခြင်း၊ ရှာဖွေ တွေ့ရှိမှုတွင် မစိမ့်ထက် ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်နေကြောင်း ထွက်ဆိုခဲ့မှု၊ ပေတစ်သောင်းကျော် တောင်တက်ရာတွင် အသက်ကယ်ကြိုး အသုံးမကြုခြင်း ၊သက်ဆိုင်ရာ ဌာနများသို့ အကြောင်းကြားရန် ပျက်ကွက်ခြင်းနှင့် တောင်တက်အဖွဲ့တွင် တရားဝင်လိုင်စင် မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။

”မစိမ့်ထက်ကို ရှာဖွေတွေ့ရှိခဲ့ရာမှာ မြန်မာနိုင်ငံ ခြေလျင်နဲ့ တောင်တက် အဖွဲ့က တာဝန်ရှိသူတွေအနေနဲ့ လျှို့ဝှက် ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။ မစိမ့်ထက်ရဲ့ ရုပ်အလောင်းကို ၂၄ ရက်နေ့က စတင်ပြုတ်ကျခဲ့တဲ့ လျှိုအတွင်းက ပြန်လည် တွေ့ရှိခဲပါတယ်” ဟု မစိမ့်ထက် ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင် မနန်းကေသီခိုင်က ပြောကြားခဲ့သည်။

သေဆုံးသူ မစိမ့်ထက်သည် ကချင်ပြည်နယ် ပူတာအို မြို့ရှိ ဖန်ဂရန် ရာဇီရေခဲတောင်အား အောင်မြင်စွာ တက်ရောက်ပြီး ပြန်အဆင်း ဧပြီ ၁၂ ရက် နေ့ကနံနက်ပိုင်းက အမြင့်ပေ ၁၂၀၀၀ ခန့်ရှိ တောင်ပေါ်မှ ခြေချော်ပြုတ်ကျသေဆုံးခဲ့ခြင်း ဖြစ်သည်။

ref:I see Media