International News Knowledge

ေနတိုးတပ္ဖြဲ႕ဝင္ႏုိင္္ငံမ်ားမွ BALTOPS – 2019 ေလ့က်င့္ခန္းအား ေဘာလ္တစ္ ပင္လယ္ျပင္ တြင္ ျပဳလုပ္ေလ့က်င့္လ်က္ရွိျခင္း

အေမရိကန္ႏုိင္ ငံႏွင့္ ေနတိုးတပ္ဖြဲ႕ဝင္ မိတ္ဘက္ႏုိင္ငံေပါင္း (၁၇) ႏုိင္ငံမွ (၄၇) ႀကိမ္ ေျမာက္ ႏွစ္လည္ေလ့က်င့္ခန္းတစ္ခုျဖစ္သည့္ Baltic Operations (BALTOPS -2019) အား ေဘာလ္တစ္ ပင္လယ္ျပင္၌ ၉-၆-၂၀၁၉ ရက္ေန႔မွ ၂၁-၆-၂၀၁၉ ရက္ေန႔အထိ ျပဳလုပ္ ေလ့က်င့္လ်က္ရွိေၾကာင္းသိရွိရပါသည္။

အဆိုပါေလ့က်င့္ခန္းသည္ အေမရိကန္ႏွင့္ ရုရွား ႏုိင္ငံတို႔၏ မၾကာေသးမီကျဖစ္ပြားခဲ့ေသာ ေလယာဥ္ခ်င္းတိုက္မိမႈျဖစ္စဥ္ႏွင့္ ေရယာဥ္ခ်င္း တုိက္မိမႈျဖစ္စဥ္မ်ားျဖစ္ပြားခဲ့ၿပီးေနာက္ ျပဳလုပ္ေလ့က်င့္ျခင္းျဖစ္ပါသည္။ ေလ့က်င့္မႈမ်ားေဆာင္ရြက္ရာ၌ ရုရွားေရတပ္၏ Baltic Fleet မွ စစ္ေရယာဥ္မ်ားမွာ ေနာက္မွလိုက္ပါကာ ေစာင့္ၾကည့္ေထာက္လွမ္းမႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရွိရပါ သည္။ ယခုျပဳလုပ္ေသာ ေလ့က်င့္ခန္းမွာ အေမရိကန္ေရတပ္၏ Naval Forces Europe ၏ ကိုယ္စား အမွတ္(၂) ဗ်ဴဟာစစ္ေရယာဥ္တပ္ေပါင္းစုမွ ဦးေဆာင္ကာျပဳလုပ္ခဲ့ျခင္းျဖစ္ ေၾကာင္း အႀကီးအကဲျဖစ္သူ ဒုတိယဗုိလ္ခ်ဳပ္ႀကီး Andrew Lewis မွ ေျပာၾကားခဲ့ပါသည္။ ေလ့က်င့္မႈမ်ားေဆာင္ရြက္ရာ၌ ရုရွားေရတပ္မွ ေကာ္ဗက္စစ္ေရယာဥ္ Stoikiy ႏွင့္ Boikiy တုိ႔မွ အေသးစားဒုံးပ်ံတင္စစ္ေရယာဥ္ Liven ႏွင့္အတူ ေဘာလ္တစ္ပင္လယ္ျပင္အတြင္း ေစာင့္ၾကည့္ေထာက္လွမ္းမႈမ်ားျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ရုရွားႏုိင္ငံရွိ News Agency TASS မွ စာေစာင္တစ္ခုတြင္ေဖာ္ျပေျပာဆိုခဲ့ပါသည္။

ယခုကဲ့သို႔ေလ့က်င့္ခန္းမ်ားျပဳလုပ္ လ်က္ရွိရာတြင္ စစ္ေရယာဥ္ ၅၀ စီး၊ ေလယာဥ္ ၃၆ စီး၊ ေရငုပ္သေဘၤာ ၂ စီးႏွင့္ စစ္မႈထမ္း ေပါင္း ၈၆၀၀ တို႔မွ ေရျပင္၊ေဝဟင္၊ ေရေအာက္ရန္ကာကြယ္ေရးေလ့က်င့္ခန္းမ်ားအား ျပဳလုပ္လ်က္ရွိေၾကာင္းသိရွိရပါသည္။ ေလ့က်င့္ခန္းတြင္ အေမရိကန္ေရတပ္၏ ကုန္းေရ ႏွစ္သြယ္သြားႀကီးၾကပ္ေရးေရယာဥ္ (Amphibious Command Ship) ျဖစ္သည့္ USS Mount Whitney မွ ႀကီးၾကပ္ကြပ္ကဲကာ ျပဳလုပ္ေလ့က်င့္သြားမည္ျဖစ္ပါသည္။ BALTOPS -2019 ေလ့က်င့္ခန္း၌ ပါဝင္ေဆာင္ရြက္လ်က္ရွိေသာႏုိင္ငံမ်ားမွာ ဘယ္လ္ဂ်ီယံ၊ ဒိန္းမတ္၊ ဖင္လန္၊ ျပင္သစ္၊ ဂ်ာမနီ၊ လက္ဘီးယား၊ လစ္သူေရးနီးယား၊ နယ္သာလန္၊ ေနာ္ေဝ၊ ပိုလန္၊ ေပၚတူဂီ၊ ရိုေမနီးယား၊ စပိန္၊ ဆြီဒင္၊ တူရကီႏွင့္ ၿဗိတိန္ႏုိင္ငံတို႔ျဖစ္ေၾကာင္းသိရွိရပါသည္။

ရုရွားႏိုင္ငံေရတပ္ရွိ Baltic Fleet မွ စစ္ေရယာဥ္မ်ားအေနျဖင့္ ၁၉၉၀ ျပည့္ႏွစ္ေနာက္ပိုင္း ႏွင့္ ၂၀၀၀ ျပည့္ႏွစ္အေစာပိုင္းကာလမ်ားတြင္ အဆိုပါေလ့က်င့္ခန္း၌ ပါဝင္ကာျပဳလုပ္ေလ့ က်င့္ခဲ့သည္ကိုေတြ႕ရွိရပါသည္။ မည္သို႔ပင္ဆိုေစ ယခုျပဳလုပ္ေလ့က်င့္လ်က္ရွိေသာ ေလ့က်င့္ခန္းမွာ အေမရိကန္မွဦးေဆာင္ကာ ျပဳလုပ္ျခင္းျဖစ္ၿပီး ရုရွားႏုိင္ငံႏွင့္လည္း မၾကာ ေသးမီရက္အနည္းငယ္အတြင္းက ျဖစ္ပြားခဲ့ေသာ ေရယာဥ္/ေလယာဥ္ခ်င္း တိုက္မိႏုိင္ေစ သည္အထိ ျဖစ္ပြားခဲ့ေသာ မေတာ္တဆမႈျဖစ္စဥ္မ်ားအေပၚၾကည့္ျခင္းအားျဖင့္ တင္းမာမႈ မ်ားဆက္လက္ျဖစ္ေပၚေနေစဦးမည္ျဖစ္ေၾကာင္း သုံးသပ္ေတြ႕ရွိရပါသည္။

Writer:Ye Winn Kyaww

Unicode Version

အမေရိကန်နိုင် ငံနှင့် နေတိုးတပ်ဖွဲ့ဝင် မိတ်ဘက်နိုင်ငံပေါင်း (၁၇) နိုင်ငံမှ (၄၇) ကြိမ် မြောက် နှစ်လည်လေ့ကျင့်ခန်းတစ်ခုဖြစ်သည့် Baltic Operations (BALTOPS -2019) အား ဘောလ်တစ် ပင်လယ်ပြင်၌ ၉-၆-၂၀၁၉ ရက်နေ့မှ ၂၁-၆-၂၀၁၉ ရက်နေ့အထိ ပြုလုပ် လေ့ကျင့်လျက်ရှိကြောင်းသိရှိရပါသည်။

အဆိုပါလေ့ကျင့်ခန်းသည် အမေရိကန်နှင့် ရုရှား နိုင်ငံတို့၏ မကြာသေးမီကဖြစ်ပွားခဲ့သော လေယာဉ်ချင်းတိုက်မိမှုဖြစ်စဉ်နှင့် ရေယာဉ်ချင်း တိုက်မိမှုဖြစ်စဉ်များဖြစ်ပွားခဲ့ပြီးနောက် ပြုလုပ်လေ့ကျင့်ခြင်းဖြစ်ပါသည်။ လေ့ကျင့်မှုများဆောင်ရွက်ရာ၌ ရုရှားရေတပ်၏ Baltic Fleet မှ စစ်ရေယာဉ်များမှာ နောက်မှလိုက်ပါကာ စောင့်ကြည့်ထောက်လှမ်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရပါ သည်။ ယခုပြုလုပ်သော လေ့ကျင့်ခန်းမှာ အမေရိကန်ရေတပ်၏ Naval Forces Europe ၏ ကိုယ်စား အမှတ်(၂) ဗျူဟာစစ်ရေယာဉ်တပ်ပေါင်းစုမှ ဦးဆောင်ကာပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း အကြီးအကဲဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး Andrew Lewis မှ ပြောကြားခဲ့ပါသည်။ လေ့ကျင့်မှုများဆောင်ရွက်ရာ၌ ရုရှားရေတပ်မှ ကော်ဗက်စစ်ရေယာဉ် Stoikiy နှင့် Boikiy တို့မှ အသေးစားဒုံးပျံတင်စစ်ရေယာဉ် Liven နှင့်အတူ ဘောလ်တစ်ပင်လယ်ပြင်အတွင်း စောင့်ကြည့်ထောက်လှမ်းမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံရှိ News Agency TASS မှ စာစောင်တစ်ခုတွင်ဖော်ပြပြောဆိုခဲ့ပါသည်။

ယခုကဲ့သို့လေ့ကျင့်ခန်းများပြုလုပ် လျက်ရှိရာတွင် စစ်ရေယာဉ် ၅၀ စီး၊ လေယာဉ် ၃၆ စီး၊ ရေငုပ်သင်္ဘော ၂ စီးနှင့် စစ်မှုထမ်း ပေါင်း ၈၆၀၀ တို့မှ ရေပြင်၊ဝေဟင်၊ ရေအောက်ရန်ကာကွယ်ရေးလေ့ကျင့်ခန်းများအား ပြုလုပ်လျက်ရှိကြောင်းသိရှိရပါသည်။ လေ့ကျင့်ခန်းတွင် အမေရိကန်ရေတပ်၏ ကုန်းရေ နှစ်သွယ်သွားကြီးကြပ်ရေးရေယာဉ် (Amphibious Command Ship) ဖြစ်သည့် USS Mount Whitney မှ ကြီးကြပ်ကွပ်ကဲကာ ပြုလုပ်လေ့ကျင့်သွားမည်ဖြစ်ပါသည်။ BALTOPS -2019 လေ့ကျင့်ခန်း၌ ပါဝင်ဆောင်ရွက်လျက်ရှိသောနိုင်ငံများမှာ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ လက်ဘီးယား၊ လစ်သူရေးနီးယား၊ နယ်သာလန်၊ နော်ဝေ၊ ပိုလန်၊ ပေါ်တူဂီ၊ ရိုမေနီးယား၊ စပိန်၊ ဆွီဒင်၊ တူရကီနှင့် ဗြိတိန်နိုင်ငံတို့ဖြစ်ကြောင်းသိရှိရပါသည်။

ရုရှားနိုင်ငံရေတပ်ရှိ Baltic Fleet မှ စစ်ရေယာဉ်များအနေဖြင့် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း နှင့် ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလများတွင် အဆိုပါလေ့ကျင့်ခန်း၌ ပါဝင်ကာပြုလုပ်လေ့ ကျင့်ခဲ့သည်ကိုတွေ့ရှိရပါသည်။ မည်သို့ပင်ဆိုစေ ယခုပြုလုပ်လေ့ကျင့်လျက်ရှိသော လေ့ကျင့်ခန်းမှာ အမေရိကန်မှဦးဆောင်ကာ ပြုလုပ်ခြင်းဖြစ်ပြီး ရုရှားနိုင်ငံနှင့်လည်း မကြာ သေးမီရက်အနည်းငယ်အတွင်းက ဖြစ်ပွားခဲ့သော ရေယာဉ်/လေယာဉ်ချင်း တိုက်မိနိုင်စေ သည်အထိ ဖြစ်ပွားခဲ့သော မတော်တဆမှုဖြစ်စဉ်များအပေါ်ကြည့်ခြင်းအားဖြင့် တင်းမာမှု များဆက်လက်ဖြစ်ပေါ်နေစေဦးမည်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

Writer:Ye Winn Kyaww

About the author

လက္ခတ္သံ