Local News

ယဉ်ကျေးမှု နဲ့ သင့်လျော်မှုမရှိတဲ့ ပုံတွေတင်မိတာကြောင့် ဆေးကုသခွင့် လိုင်စင်ပိတ်သိမ်းခံလိုက်ရတဲ့ ဆရာဝန်မလေး နန်းမွေစံ

ဆရာဝန် မော်ဒယ်လ် အဖြစ်နာမည်ကြီးခဲ့ပြီး ပုရိသတွေကြား မျက်စိကျခဲ့ရတဲ့ မော်ဒယ်နန်းမွေစံကတော့ ဒီနေ့မှာပဲ စိတ်မကောင်းစရာ ဆရာဝန်လိုင်စင် ပိတ်သိမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ သူမကိုမြန်မာနိုင်ငံဆေးကောင်စီမှ တရာဝင်ပိတ်သိမ်းကြောင်း အကြောင်းကြားစာနဲ့အတူ တစ်လအတွင်းလိုင်စင်ကို လာရောက်အပ်နှံရမည်ဟု အမိန့်စာထုတ်ခဲ့တာဖြစ်ပါတယ်။ ဆရာဝန်မော်ဒယ်လ် တစ်ယောက် အဖြစ်နဲ့ လူသိများခဲ့တဲ့ နန်းမွေစံကတော့ မြန်မာနိုင်ငံ ဆေးကောင်စီ မှာ ပထမတစ်ခေါက် ခံဝန်ကတိလက်မှတ် ထိုးထားရပါသေးတယ်….

အခုလို ပိတ်သိမ်းခံရတဲ့အပေါ်မှာ သူကတော့ What is human right? where is democracy??? ဆိုပြီးမေးခွန်ပြန်ထုတ်ထားပါတယ်…ပထမတစ်ခေါက် မှာတော့” နိုင်ငံခြား Instagram မှာ Model သူများတွေ လည်း ပုံလှလှလေးတွေ တင်ကြတယ်။ ကျွန်မ ရဲ့ Fan တော်တော်များများက ယောက်ျား လေးတွေများတော့ ဒီလို Sexy ပုံတွေရိုက်ဖြစ်တယ်ပေါ့။

ကိုယ့်ကိုလည်း ဆရာဝန်မော်ဒယ်လ် လို့ သိထားတဲ့ အတွက် ပရိသတ်တွေကို နေမကောင်းရင်လည်း ဆေးကုပေး ပါမယ်လို့ ပြောချင်ပါတယ်လို့ ဆိုခဲ့ပါတယ်။

crd : mmonlinemedia

About the author

လက်ခတ်သံ