Local News

ကွန်ကရစ်ဓာတ်တိုင်တွေ တင်ပြီးရပ်ထားတဲ့ကားကို ၀င်တိုက်ခဲ့ တာကြောင့် ဆရာဝန် ၃ ဦးသေဆုံး

ကွန်ကရစ် ဓာတ်တိုင်တွေ တင်ပြီးရပ်ထားတဲ့ ဆယ်ဘီးကားကိုနောက်ကနေ ကားနဲ့ ၀င်တိုက်ခဲ့တာကြောင့် ဆရာဝန်သုံးဦးသေဆုံးခဲ့ပါတယ်။ ဇွန်လ(၁၁)ရက် မနက်(၃)နာရီခွဲလောက်က ဖျာပုံမြို့အ၀င် ချောင်းတွင်း တံတားမှာ ကွန်ကရစ်ဓာတ်တိုင်တွေတင်ဆောင်ထားတဲ့ ဆယ်ဘီးကားဟာ ပျက်နေတာကြောင့် ရပ်ထားတာဖြစ်ပါတယ်။ ဒီကားကို ဆရာဝန်တွေ လိုက်ပါမောင်းနှင် လာတဲ့ ကားက နောက်ကနေ ၀င်တိုက်ခဲ့တာပါ။

ဆယ်ဘီးကားဟာ တံတားရဲ့ အလယ်လောက် လမ်းရဲ့ ညာဘက်ခြမ်းမှာ ရပ်ထား တာဖြစ်ပြီး နောက်ကနေ ၀င်တိုက်မှုကြောင့် ဆရာဝန်တွေရဲ့ ကားဟာ မှန်ကွဲထွက်ပြီး ရှေ့ကနေ နောက်အထိ ကွန်ကရစ် ဓာတ်တိုင် သုံးချောင်းဖောက်ဝင်သွားတယ်လို့ မြို့ခံ ဦးချမ်းသာ က ပြောပါတယ်။ ဒီဖြစ်စဉ်ကြောင့် ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ဆရာဝန်ခြောက်ဦးထဲက ယာဉ်မောင်းဖြစ်သူ ဒေါက်တာဝေယံမျိုးထက်နဲ့ အမျိုးသမီး ဆရာဝန်နှစ်ဦး စုစုပေါင်း သုံးဦးနေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ကျန်တဲ့ ဆရာဝန်သုံးဦး ကတော့ မစိုးရိမ်ရတဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။

သေဆုံးခဲ့တဲ့ ဆရာဝန်တွေဟာ ဖျာပုံမြို့ ပြည်သူ့ဆေးရုံမှာတာဝန်ထမ်းဆောင်နေသူတွေဖြစ်ပြီး ဖျာပုံမြို့အပြင်ဘက် ကိုသွားပြီးအပြန်မှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာပါ။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တံတားပေါ်မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့အညီ ယာဉ်ရပ်တန့်ရာမှာ အသုံးပြုရမယ့် အချက်ပြစနစ်တွေမလုပ်ဘဲ ရပ်ထားခဲ့တဲ့ ဆယ်ဘီးကား ယာဉ်မောင်းကို ဖျာပုံမြို့မရဲစခန်းက ယာဉ်(ပ)၃၆/၂၀၁၉ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၄-က /၃၃၇ နဲ့ အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေးဆောင်ရွက်နေပါတယ်။

ဒီအကြောင်းရာ နဲ့ ပါတ်သက်၍ ပြောရမယ်ဆိုရင်တော့ ပညာမဲ့ လူညံ့တစ်ယောက်ကြောင့် ပညာတက်တွေ ဒုက္ခဖြစ်သွားတဲ့ ဖြစ်ရပ်ပါ

နံနက်၃ : ၃၀ နာရီဟာ မြင်ကွင်းမရှင်းတဲ့အချိန်ပါ။ ယာဉ်မောင်းသူအများစုဟာ ၊ လမ်းကောင်းတဲ့ ညအချိန်အခါမျိုးမှာ 80 km/h နီးပါးနှင့် အထက်ကို မောင်းမိတတ်ပါတယ်ဓာတ်တိုင်တင်ထားတဲ့ကားဟာ သူ့ကားရဲ့နောက် ၊ ဓာတ်တိုင်ရဲ့အစွန်းထိပ်မှာ ၊ အန္တာရာယ်သတိပေး ရောင်ပြန်သဘောမျိုး ချိတ်ဆွဲထားခြင်းမရှိနိုင်သလို ၊ ညအခါဖြစ်တဲ့အတွက် အခြားသောကားများဟာ ၊ ဒီအန္တာရာယ်ရှိတဲ့ အရာကို ၊ အလွယ်တစ်ကူသတိထားနိုင်စရာမရှိနိုင်ပါဘူးခင်ဗျာ။ နေ့ခင်းပိုင်းအလင်းရောင်ရှိချိန်မှာလဲ ဒီလိုပစ္စည်းတင်သော ကားများကြောင့် ၊နောက်က ယာဉ်ကြောတူပါလာတဲ့ကားများအတွက် အတော်ကို သတိထားစရာ ၊ စိုးရိမ်စရာအခြေအနေပါ။ရှေ့ကကားဟာ ရပ်မထားလဲ ညအချိန်အခါဖြစ်တဲ့အတွက် ၊ နောက်မှပါလာသောကားများအတွက် အလွန်ပင်အန္တာရာယ်များလှပါတယ်ခင်ဗျာ။ နောက်ကပါလာတဲ့ကားဟာ speedနည်းနည်းများလျင်ကို ၊အမြင်သဘောအခြေအနေအရ ၊ အရေးအကြောင်းမှာ ၊ ရှောင်ချိန် တိမ်းချိန် နည်းပါးလွန်းသဖြင့် ၊ ပစ္စည်းတင်သောကားများကိုစည်းကမ်းတင်းတင်းကြတ်ကြတ် ချ၍စစ်ဆေးသင့်သလို ၊ ယာဉ်မောင်းသူများအားလုံးသည်လည်း ၊ ကံ , ဥာဏ်ဝီရိယ , အသိ , သတိများဖြင့် ၊ မိမိတို့၏ အသက်ကို ဥာဏ်အားကိုး၍ စောင့်ရှောက်သင့်ပါကြောင်းခင်ဗျာ။

About the author

လက်ခတ်သံ