International News

အ‌ေမရိကန္ႏွင့္ ျပင္သစ္ ေလယာဥ္တင္ သေဘၤာအုပ္တို႔သည္ အက္ဒမန္ ပင္လယ္ျပင္တြင္ ေရတပ္ေလ့က်င့္ခန္းျပဳလုပ္ခဲ့

အေမရိကန္ေရတပ္မွ ကုန္းေရႏွစ္သြယ္ သြားေခ်မႈန္းေရးေရယာဥ္ (Amphibious Assault Ship) USS Boxer (LHD 4) သည္ ျပင္သစ္ေလယာဥ္ တင္သေဘၤာအုပ္ႏွင့္ ေတြ႕ ဆုံကာ အက္ဒမန္ပင္လယ္ျပင္၌ ေရတပ္ေလ့က်င့္ခန္းတစ္ခုအား ၇-၆-၂၀၁၉ ရက္ေန႔တြင္ ျပဳလုပ္ေလ့က်င့္ခဲ့ေၾကာင္းသိရွိရပါသည္။

ျပင္သစ္ေရတပ္ရွိ ေလယာဥ္တင္ သေဘၤာအုပ္တြင္ ေလယာဥ္တင္သေဘၤာ FS Charles De Gaulle ႏွင့္အတူ ေရေအာက္ရန္ကာကြယ္ေရး ဖ်က္သေဘၤာ FS Latouche Treville (D 646) ၊ ေရေအာက္ရန္ကာကြယ္ေရး ဖရီးဂိတ္ စစ္ေရယာဥ္ FS Provence (D 652) ႏွင့္ ပင္လယ္ျပင္ျဖည့္တင္းေရးေရယာဥ္ FS Marne (A 630) တို႔မွပါဝင္ကာ ျပဳလုပ္ေလ့က်င့္ခဲ့ျခင္းျဖစ္ပါသည္။ ေလ့က်င့္ခန္းမ်ားအား ျပဳလုပ္ရာ ၌ ေရယာဥ္ပုံျပဳေမာင္းႏွင္ျခင္းေလ့က်င့္ခန္းမ်ား၊ ရဟတ္ယာဥ္ပ်ံသန္းမႈဆိုင္ရာ ေလ့က်င့္ခန္း မ်ားႏွင့္ အရာရွိ/စစ္သည္မ်ား ေရႊ႕ေျပာင္းေပးျခင္းဆိုင္ရာေလ့က်င့္ခန္းမ်ားအား လုပ္ေဆာင္ ခဲ့ေၾကာင္းသိရွိရပါသည္။ ေလ့က်င့္ခန္းတြင္ပါဝင္ခဲ့သည့္ ျပင္သစ္ေလယာဥ္တင္သေဘၤာ အုပ္မွာ အင္ဒို-ပစိဖိတ္ေဒသတြင္ တပ္ျဖန္႔ခ်ထားမႈအတြင္း ယခုကဲ့သို႔ အေမရိကန္ေရတပ္ ႏွင့္အတူေတြ႔ဆံုကာ ေလ့က်င့္ခန္းျပဳလုပ္ခဲ့ျခင္းျဖစ္ပါသည္။

အဆိုပါေလယာဥ္တင္သေဘၤာအုပ္အေန ျဖင့္ ၿပီးခဲ့သည့္လအတြင္း ၾသစေၾတးလ်၊ ဂ်ပန္ႏွင့္ အေမရိကန္ေရတပ္တို႔ႏွင့္အတူ ဘဂၤလား ပင္လယ္ေအာ္တြင္ ေရတပ္ေလ့က်င့္ခန္းတစ္ခုကိုလည္း၁၆-၅-၂၀၁၉ ရက္ေန႔၌ ျပဳလုပ္ေလ့က်င့္ခဲ့သည္ကို ေတြ႕ရွိရပါသည္။ ထိုစဥ္ခ်ိန္၌လည္း အေမရိကန္ေရတပ္မွ ဖ်က္သေဘၤာ USS William P-Lawrence (DDG 110) မွ ပါဝင္ကာ ျပဳလုပ္ေလ့က်င့္ခဲ့ေၾကာင္းသိရွိရပါသည္။ ထို႔ျပင္ ျပင္သစ္ေလယာဥ္တင္သေဘၤာအုပ္အေနျဖင့္ ၿပီးခဲ့သည့္လထဲမွာပင္ စင္ကာပူႏိုင္ငံ သို႔လည္း ခ်စ္ၾကည္ေရးခရီးစဥ္ တစ္ခုအေနအျဖစ္ ၃၁-၅-၂၀၁၉ ရက္ေန႔မွ ၂-၆-၂၀၁၉ ရက္ေန႔အထိ လည္ပတ္ခဲ့သည္ကိုေတြ႕ရွိရပါသည္။ ယခုအခါတြင္လည္း အေမရိကန္ေရတပ္မွ ထပ္မံ၍ အဆိုပါေလယာဥ္တင္သေဘၤာအုပ္ႏွင့္အတူ ေလ့က်င့္ခန္းျပဳလုပ္ခဲ့ျခင္းျဖစ္ပါ သည္။

ေလ့က်င့္ခန္းတြင္ပါဝင္ခဲ့သည့္ USS Boxer အေနျဖင့္အေမရိကန္ေရတပ္၏ အမွတ္(၇)ဗ်ဴဟာစစ္ေရ ယာဥ္တပ္ေပါင္းစုေအာက္တြင္ တပ္ျဖန္႔ခ်ထားေသာ ဖ်က္သေဘၤာတစ္စီးျဖစ္ကာ ေဒသ တြင္းလုံျခံဳမႈႏွင့္ တည္ၿငိမ္ေအးခ်မ္းမႈရွိေစေရးတို႔အတြက္ ေထာက္ပံ့ေပးအပ္ျခင္းဆိုင္ရာ ကိစၥရပ္မ်ားတြင္ တာဝန္ယူေဆာင္ရြက္ေနေသာ စစ္ေရယာဥ္တစ္စီးျဖစ္ေၾကာင္း သိရွိရပါ သည္။ မည္သို႔ပင္ဆိုေစ ယခုကဲ့သို႔ ျပင္သစ္ေလယာဥ္တင္သေဘၤာအုပ္အေနျဖင့္ အင္ဒို-ပစိဖိတ္ေဒသတြင္း တပ္ျဖန္႔ခ်ထားခဲ့မႈခရီးစဥ္အတြင္း၌ ၎၏မိတ္ဘက္ႏိုင္ငံမ်ားႏွင့္အတူ ေရတပ္ေလ့က်င့္ခန္းမ်ားအား ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ ျပင္သစ္တို႔အေနျဖင့္ အက္ဒမန္ပင္လယ္ျပင္အထိေျခဆန္႔လာျခင္းျဖစ္ေၾကာင္း သုံးသပ္ေတြ႕ရွိရပါသည္။

Writer:Ye Winn Zaww 21684

Unicode Version

အမေရိကန်ရေတပ်မှ ကုန်းရေနှစ်သွယ် သွားချေမှုန်းရေးရေယာဉ် (Amphibious Assault Ship) USS Boxer (LHD 4) သည် ပြင်သစ်လေယာဉ် တင်သင်္ဘောအုပ်နှင့် တွေ့ ဆုံကာ အက်ဒမန်ပင်လယ်ပြင်၌ ရေတပ်လေ့ကျင့်ခန်းတစ်ခုအား ၇-၆-၂၀၁၉ ရက်နေ့တွင် ပြုလုပ်လေ့ကျင့်ခဲ့ကြောင်းသိရှိရပါသည်။

ပြင်သစ်ရေတပ်ရှိ လေယာဉ်တင် သင်္ဘောအုပ်တွင် လေယာဉ်တင်သင်္ဘော FS Charles De Gaulle နှင့်အတူ ရေအောက်ရန်ကာကွယ်ရေး ဖျက်သင်္ဘော FS Latouche Treville (D 646) ၊ ရေအောက်ရန်ကာကွယ်ရေး ဖရီးဂိတ် စစ်ရေယာဉ် FS Provence (D 652) နှင့် ပင်လယ်ပြင်ဖြည့်တင်းရေးရေယာဉ် FS Marne (A 630) တို့မှပါဝင်ကာ ပြုလုပ်လေ့ကျင့်ခဲ့ခြင်းဖြစ်ပါသည်။ လေ့ကျင့်ခန်းများအား ပြုလုပ်ရာ ၌ ရေယာဉ်ပုံပြုမောင်းနှင်ခြင်းလေ့ကျင့်ခန်းများ၊ ရဟတ်ယာဉ်ပျံသန်းမှုဆိုင်ရာ လေ့ကျင့်ခန်း များနှင့် အရာရှိ/စစ်သည်များ ရွှေ့ပြောင်းပေးခြင်းဆိုင်ရာလေ့ကျင့်ခန်းများအား လုပ်ဆောင် ခဲ့ကြောင်းသိရှိရပါသည်။ လေ့ကျင့်ခန်းတွင်ပါဝင်ခဲ့သည့် ပြင်သစ်လေယာဉ်တင်သင်္ဘော အုပ်မှာ အင်ဒို-ပစိဖိတ်ဒေသတွင် တပ်ဖြန့်ချထားမှုအတွင်း ယခုကဲ့သို့ အမေရိကန်ရေတပ် နှင့်အတူတွေ့ဆုံကာ လေ့ကျင့်ခန်းပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါလေယာဉ်တင်သင်္ဘောအုပ်အနေ ဖြင့် ပြီးခဲ့သည့်လအတွင်း သြစတြေးလျ၊ ဂျပန်နှင့် အမေရိကန်ရေတပ်တို့နှင့်အတူ ဘင်္ဂလား ပင်လယ်အော်တွင် ရေတပ်လေ့ကျင့်ခန်းတစ်ခုကိုလည်း၁၆-၅-၂၀၁၉ ရက်နေ့၌ ပြုလုပ်လေ့ကျင့်ခဲ့သည်ကို တွေ့ရှိရပါသည်။ ထိုစဉ်ချိန်၌လည်း အမေရိကန်ရေတပ်မှ ဖျက်သင်္ဘော USS William P-Lawrence (DDG 110) မှ ပါဝင်ကာ ပြုလုပ်လေ့ကျင့်ခဲ့ကြောင်းသိရှိရပါသည်။ ထို့ပြင် ပြင်သစ်လေယာဉ်တင်သင်္ဘောအုပ်အနေဖြင့် ပြီးခဲ့သည့်လထဲမှာပင် စင်ကာပူနိုင်ငံ သို့လည်း ချစ်ကြည်ရေးခရီးစဉ် တစ်ခုအနေအဖြစ် ၃၁-၅-၂၀၁၉ ရက်နေ့မှ ၂-၆-၂၀၁၉ ရက်နေ့အထိ လည်ပတ်ခဲ့သည်ကိုတွေ့ရှိရပါသည်။ ယခုအခါတွင်လည်း အမေရိကန်ရေတပ်မှ ထပ်မံ၍ အဆိုပါလေယာဉ်တင်သင်္ဘောအုပ်နှင့်အတူ လေ့ကျင့်ခန်းပြုလုပ်ခဲ့ခြင်းဖြစ်ပါ သည်။

လေ့ကျင့်ခန်းတွင်ပါဝင်ခဲ့သည့် USS Boxer အနေဖြင့်အမေရိကန်ရေတပ်၏ အမှတ်(၇)ဗျူဟာစစ်ရေ ယာဉ်တပ်ပေါင်းစုအောက်တွင် တပ်ဖြန့်ချထားသော ဖျက်သင်္ဘောတစ်စီးဖြစ်ကာ ဒေသ တွင်းလုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုရှိစေရေးတို့အတွက် ထောက်ပံ့ပေးအပ်ခြင်းဆိုင်ရာ ကိစ္စရပ်များတွင် တာဝန်ယူဆောင်ရွက်နေသော စစ်ရေယာဉ်တစ်စီးဖြစ်ကြောင်း သိရှိရပါ သည်။ မည်သို့ပင်ဆိုစေ ယခုကဲ့သို့ ပြင်သစ်လေယာဉ်တင်သင်္ဘောအုပ်အနေဖြင့် အင်ဒို-ပစိဖိတ်ဒေသတွင်း တပ်ဖြန့်ချထားခဲ့မှုခရီးစဉ်အတွင်း၌ ၎င်း၏မိတ်ဘက်နိုင်ငံများနှင့်အတူ ရေတပ်လေ့ကျင့်ခန်းများအား ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပြင်သစ်တို့အနေဖြင့် အက်ဒမန်ပင်လယ်ပြင်အထိခြေဆန့်လာခြင်းဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

Writer:Ye Winn Zaww 21684

About the author

လက္ခတ္သံ