Local News

ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးအား အိမ်ခန်းအတွင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရ ၊ ကိုယ့်ကိုကိုယ် သတ်သေသွားသည်ဟု သိရ

မန္တလေး ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးမျိုးညွန့်သန်းဆို သူကို ဒီကနေ့မနက်ပိုင်းက နေအိမ်အတွင်း သေနတ်ဒဏ်ရာနဲ့ သေဆုံး လျက်တွေ့ရှိ ရတယ်လို့ သိရှိရပါတယ်။

ဒီကနေ့မနက် ၈ နာရီအချိန်ခန့်ကလို့သိရပြီး ၎င်းကို အဲဒီမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး မှ ရဲတပ်ဖွဲ့ဝင်တွေက မြို့နယ်မှူးလက်မှတ်ရေးထိုးဖို့ အတွက် မြို့နယ်မှူးရဲ့နေအိမ်လိုင်းခန်းဆီသွားခေါ်တာမှာ အသံမကြားရလို့နေအိမ်အတွင်းဝင်ရောက်ကြည့်ရှုရာမှ ယာနားထင် သေနတ်မှန် ဒဏ်ရာနဲ့၎င်းလက်ထဲတွင် သေနတ်ကိုင်ထား ကာ သေဆုံးနေတာတွေ့ရတာလို့လည်း ခိုင်လုံတဲ့သတင်းရင်းမြစ်ဆီက သိရပါတယ်။

ဒီဖြစ်စဉ်အပေါ် မန္တလေးအခြေစိုက် သတင်းထောက်တွေက သတင်းမှန်ထုတ်ပြန်နိုင်ဖို့အတွက် ပုသိမ်ကြီးမြို့နယ်မြို့မ ရဲစခန်းဆီသွားရောက်မေးမြန်းရာ ဒုတိယရဲတပ်ဖွဲ့မှူး ဦးစီးသည့်အဖွဲ့က စစ်ဆေးတဲ့ ထုတ်ပြန်ချက်အရ ရဲမှူးမျိုးညွန့်သည် သေနတ်အား ပါးစပ်မှတေ့၍ ပစ်ခတ်ခဲ့သဖြင့် ဦးခေါင်းနောက်စေ့ ပေါက်ထွက် ဒဏ်ရာ ရရှိသေဆုံးခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု သိရသည်။ မြို့နယ်ရဲတပ်ဖွဲ့မှူး မျိုးညွန့်သန်းသည် သေဆုံးချိန်တွင် နေအိမ်၌ တစ်ဦးတည်း ရှိနေပြီး ဇနီးနှင့် သားသမီးများမှာ ပဲခူးတိုင်း ရွှေတောင် မြို့တွင် ရောက်ရှိနေသည်ဟု ရဲတပ်ဖွဲ့အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။ အကျိုးကြောင်းများဆက်စပ်၍ ကိုယ့်ကိုကိုယ် သတ်သေသွားသည်ဟု သိရှိရသည်။

LKT

About the author

လက်ခတ်သံ