Local News

အင်းလျားကန်ဘောင်မှာ လက်ပစ်ဗုံးပုံစံ အရာတစ်ခုတွေ့တာကြောင့် ဗုံးလန့်မှုဖြစ်ပွား၊ စစ်ဆေးရာတွင် လက်ပစ်ဗုံးပုံစံ မီးခြစ်ဖြစ်နေ

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊ (၉)ရပ်ကွက် အင်းယား ကန်ဘောင်တွင် ယနေ့ နေ့လည် ၂ နာရီ ၅ မိနစ်အချိန်ခန့်က လက်ပစ်ဗုံးပုံ စံအရာ ၀တ္ထုတစ်ခုအား တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ လက်ပစ်ဗုံး ပုံစံ မီးခြစ်ဖြစ်နေသည်ကို တွေ့ရကြောင်း ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဟန်က ပြောကြားသည်။

“စတွေ့တော့ ဗုံးလို့ သံသယ ရှိပြီး စစ်ဆေးလိုက်တဲ့ အခါမှာ မီးခြစ်ဖြစ်နေပါတယ်” ၎င်းက အတည်ပြုပြောကြားခဲ့သည်။

အင်းယားကန်ဘောင် မြက်ခင်းပြင်လှေ ခါးအဆင်းတွင် လက်ပစ်ဗုံးဟု ယူဆရသော ဗုံးတစ်လုံးအား စည်ပင်ဝန်ထမ်းတစ်ဦး စတင်တွေ့ရှိခဲ့ကြောင်း၊ ယင်း လက်ပစ်ဗုံးအား အမှတ်(၉၀၅) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း(BE)မှ နေ့လည် ၂နာရီ ၂၀မိနစ်အချိန်တွင် စစ်ဆေး သယ်ဆောင်သွားကြောင်း သိရသည်။

ယခုလို ဗုံးလန့်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ တပ်မတော် မိုင်းရှင်းလင်းရေး တပ်ဖွဲ့တွေ မိုင်းရှာခွေးတွေနဲ့ အင်းလျာကန် ဘောင်အနှံ့ရှာဖွေရေးတွေပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

About the author

လက်ခတ်သံ