International News

ရေနံတင်သွင်းရမယ့် ပမာဏကို ကျော်လွန်ခဲ့သဖြင့် မြောက်ကိုရီးယားကို ကုလသမဂ္ဂထံ အမေရိကန် တိုင်ကြား

မြောက်ကိုရီးယား အနေဖြင့် ရေနံစည် (၅) သိန်းတင်သွင်းရန် ကုလသမဂ္ဂက ခွင့်ပြုခဲ့သော်လည်း တရားမဝင်နည်း လမ်းဖြင့် သင်္ဘောတစ်စင်း မှ တစ်စင်းလွှဲပြောင်းကာ ယင်းပမာဏထက် ပိုမိုကျော်လွန် တင်သွင်းခဲ့ ကြောင်းအမေရိကန်ကဇွန် ၁၁ ရက်မှာလုံခြုံရေးကောင်စီသို့ တိုင်ကြား စာပေးပို့ခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံအနေဖြင့် ယခုနှစ် အတွင်းခွင့်ပြုထားသည့် ရေနံတင်သွင်းရမည့် ပမာဏထက် ပိုမိုတင်သွင်းခဲ့ကြောင်းအမေရိကန်နှင့် ၎င်း ၏ မဟာမိတ်များကကုလသမဂ္ဂကိုတိုင်ကြားခဲ့ကြောင်းလုံခြုံရေးကောင်စီကော်မတီသို့ ပေးပို့ခဲ့သည့် အစီရင်ခံစာတစ်စောင်မှာဖော်ပြထားပါတယ်။

ယင်းတိုင်ကြားစာတွင် အမေရိကန်နှင့်အတူ သြစတြေးလျ၊ ပြင်သစ်၊ ဂျပန်၊ ဂျာမနီတို့ကလည်း ပါဝင်လက်မှတ် ရေးထိုးထားပြီး တရားမဝင်ရေနံလွှဲပြောင်းရယူမှုတွေနဲ့ ပတ်သက်လို့ အသေးစိတ် ဖော်ပြထားပါတယ်။ ဂျာမနီသံအမတ်ကြီး ခရစ်စတော့ဖ်ဟတ်ဂျန် ဦးဆောင်တဲ့ သက်ဆိုင်ရာကော်မတီအနေနဲ့ မြောက်ကိုရီးယားရဲ့ အဆိုပါ လုပ်ရပ်ကိုစောင့်ကြည့်ဖို့နဲ့ ရေနံတရားမဝင် နောက်ထပ်လွှဲပြောင်းမှုများ ကို ရပ်တန့်ပေးဖို့ အဆိုပါနိုင်ငံများကတောင်းဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားကရေနံထွက်ကုန်ပစ္စည်းများနဲ့ ပတ်သက်ပြီး တင်သွင်းမှုတွေမှာ ကုလသမဂ္ဂလုံခြုံရေးကောင် စီဆုံးဖြတ်ချက်တွေကို ချိုးဖောက်မှုအပေါ် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက စိုးရိမ်မှုများရှိနေဆဲ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် ကုလသမဂ္ဂကို ဂရုမစိုက်ဘဲဆက်လက်တင်သွင်းနေမယ်ဆိုရင် အဖွဲ့ရဲ့ ဆုံးဖြတ်ချက်သည်လည်းသက်ရောက်မှု ရှိမည်မဟုတ်ကြောင်းအဆိုပါ တိုင်ကြားစာ မှာဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ်အတွင်းမြောက်ကိုရီးယား ကဒုံးကျည်များပစ်လွှတ်ခြင်းနှင့် နျူကလီးယား လက်နက်များစမ်းသပ် ခြင်းတို့ကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကပိတ်ဆို့အရေးယူမှု ၃ မျိုးလုပ်ဆောင်ခဲ့ရာတွင် ရေနံတင်သွင်းမှု ကန့်သတ်ခြင်းလည်း ပါဝင်ခဲ့ပါတယ်။

About the author

လက်ခတ်သံ