Local News

မိုဘိုင်းဖုန်းများမှ မီတာခများ ဆောင်နိုင်ရေးနှင့် မီးပျက်နေတဲ့ နေရာများအား ကြည့်ရှု့ နိုင်မည့်စနစ် ဆောင်ရွက်နေ

မိုဘိုင်းဖုန်းများမှ တဆင့် မီတာခများဆောင် နိုင်ရေးနှင့် မီးပျက်နေသည့် နေရာများအား ကြည့်ရှု့ နိုင်မည်စနစ် ဆောင်ရွက် လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။

“တဖြည်းဖြည်းနဲ့ ကိုယ့်ဖုန်း ထဲကနေ ဖုန်းဘေလ်ဆောင်သလို မီတာကို ဆောင်လို့ရတဲ့ ဟာ ကိုယ့်အိမ်မှာ မီးဘယ်နားပျက်နေတယ်ဆိုတာ ဖုန်းကနေ ကြည့် လို့ ရမဲ့ဟာ အဲ့စနစ်ကို လုပ်နေတယ်”ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်ကပြောသည်။

ယနေ့ နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းဌာန၏ သတင်းထုတ်ပြည့်သည့် အခမ်းအနားအပြီးတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ဦးစိုးမြင့် မှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မီတာသုံးစွဲသူများပြားလာသည့် အတွက် မီတာဖတ်သည့် လူဦးရေ မလုံလောက်မှုများဖြစ်ပေါ်နေသည့် အတွက် ဒစ်ဂျစ်တယ်စနစ်ဖြင့် မီတာဖတ်သည့် စနစ်အား ပိုင်းလော့ပရောဂျက်ဖြင့် မြို့နယ်အချို့တွင် ဆောင်ရွက်နေကြောင်း ဦးစိုးမြင့်ကပြောသည်။

ပိုင်းလော့ ပရောဂျက်ဖြင့် လုပ်ဆောင်နေသည့် မြို့နယ်များသည် ရန်ကုန်တိုင်းဒေသကြီးရှိ ဒေါပုံမြို့နယ်နှင့် နေပြည်တော်တွင် လုပ်ဆောင်နေမှုသည် အောင်မြင်မှုများရရှိသည့် အတွက် အခြားတိုင်းနှင့်ပြည်နယ်များတွင်လည်း ဆကကက်လက်လုပ်ဆောင်လျက်ရှိကြောင်း ဦးစိုးမြင့်ကပြောသည်။

“ဒါတွေ စမ်းသပ်ပြီးမှ ဘာတွေ ဖြစ်လာလဲ။ပြည်သူတွေ အတွက် ထိရောက်မှု ဘာတွေရှိနိုင်လဲ။ပြည်သူ့ အတွက် ဘာတွေ သက်သာမလဲ။ဝန်ဆောင်မှုဘာတွေ ပေးရင်ကောင်းမလဲ။ဒါတွေကို အခြေခံပြိေးတာ့ လုပ်နေတယ်”ဟု ၎င်း ကပြောသည်။

လက်ရှိတွင် မီတာ အလုံး ၈၀၀ ကို ၀န်ထမ်းတစ်ဦးကသာ ဖတ်ရှု့သော်လည်း ယခုတွင် သုံးစွဲလာမှုများပြားနေသည့် အတွက် ၀န်ထမ်းအင်အားညီမျှမှု မရှိကြောင်း သိရသည်။

ref:The Fifth Wave News

About the author

လက်ခတ်သံ