International News

ရုရှားသည် အမေရိကန်နှင့် ဆွီဒင်နိုင်ငံတို့ရှိ ကင်းထောက် လေယာဉ်များအား ကြားဖြတ် ထောက်လှမ်းမှုပြုလုပ်ခဲ့

ရုရှားနိုင်ငံသည် ဘော်လ်တစ်ပင်လယ်ပြင်ထက် ပျံသန်းနေသော အမေရိကန်နှင့် ဆွီဒင်နိုင်ငံတို့ရှိ ကင်းထောက်လေယာဉ်များအား လိုက်ပါစောင့်ကြပ်ကာ ကြားဖြတ်ထောက် လှမ်းမှု တစ်ခုပြု လုပ်ခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။ ထိုကဲ့သို့ ကြားဖြတ်ထောက်လှမ်းမှုအား ပြုလုပ်ခဲ့ရာတွင် ရုရှားနိုင်ငံမှ Su-27 တိုက်လေယာဉ်တစ်စီးမှ နေ၍ Safe ဖြစ်သော အကွာအဝေးတစ်ခုမှနေ၍ လိုက်ပါထောက်လှမ်းခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါထောက်လှမ်းမှုများအား ပြုလုပ်ခဲ့ရာတွင် အမေရိကန်လေတပ်ရှိ RC-135 Spy လေယာဉ်တစ်စီးနှင့် ဆွီဒင်လေတပ်ရှိ Gulfstream စောင့်ကြည့်ထောက်လှမ်းရေး လေယာဉ်တို့နောက်မှ လိုက်ပါကာ ၁၀-၆-၂၀၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

အမေရိကန်လေတပ်မှ ကြားဖြတ်ထောက်လှမ်းမှုခံခဲ့ရသော RC-135 Spy လေယာဉ်မှာ အဓိကအားဖြင့် သတင်းအချက်အလက်များ စုဆောင်းရန်အတွက် အသုံးပြုသော လေယာဉ်တစ်စီးဖြစ်ပါသည်။ ယခုဖြစ်ပွားခဲ့သောဖြစ်စဉ်အပေါ်တွင် အမေရိကန်စစ်ဘက် ဆိုင်ရာတာဝန်ရှိသူများမှ မမျှော်လင့်ဘဲ ရုတ်တရက်တွေ့ဆုံကာ ထောက်လှမ်းမှုခံခဲ့ရခြင်း ဖြစ်ကြောင်းနှင့် Safe ဖြစ်သောအနေအထားနှင့် လူကြီးလူကောင်းပီသစွာပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း အတည်ပြုပြောကြားခဲ့ပါသည်။ ထို့ပြင် အမေရိကန်လေတပ်မှ RC-135 Spy လေယာဉ်မှာ ဘောတစ်ပင်လယ်ပြင်ပေါ်ရှိ နိုင်ငံတကာလေပိုင်နက်တွင် ပုံမှန်ပျံသန်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံမှ CNN သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံအနေဖြင့် မကြာသေးမီအချိန်ကလည်း ဖိလစ်ပိုင်ပင်လယ်ပြင်တွင် နှစ်နိုင်ငံ အကြား ရေတပ်စစ်ရေယာဉ် ၂ စီးအကြား အန္တရယ်ဖြစ်ပွားစေလောက်သော မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့ပြင် ပြီးခဲ့သည့်အပတ်ထဲမှာပင် ရုရှားလေယာဉ် တစ်စီးမှ မြေထဲပင်လယ်အပေါ်ဘက်ရှိ နိုင်ငံတကာလေပိုင်နက်တွင် ပျံသန်းနေသော အမေရိကန်ရေတပ်လေယာဉ်တစ်စီးနောက်မှနေ၍ အနည်းဆုံး ၃ နာရီကြာ လိုက်ပါကာ ထောက်လှမ်းမှုများပြုလုပ်ခဲ့သည်ကို တွေ့ရှိရပါသည်။

ယခုအခါတွင်လည်း လေပိုင်နက်ထဲ တွင် ထပ်မံ၍ ထောက်လှမ်းခဲ့ခြင်းဖြစ်ပါသည်။ အမေရိကန်နှင့် ရုရှားနိုင်ငံတို့သည် ကမ္ဘာပေါ်တွင် စစ်ဘက်အင်အားတောင့်တင်းသောနိုင်ငံများဖြစ်သည်နှင့်အညီ ယခုကဲ့သို့ မတော်တဆမှုမျိုး ဖန်တီးနေခြင်းသည် ငြိမ်းချမ်းသည့်ဘက်သို့ ဦးတည်နေခြင်းမဟုတ်ဘဲ နှစ်နိုင်ငံကြား ဆက်ဆံဆောင်ရွက်မှုများ ပိုမိုတင်းမာလာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တွေ့ရှိရ ပါသည်။

Writer:Ye Winn Zaww 21684

About the author

လက်ခတ်သံ