International News

ဂါဇာရှိ ဟားမက်စ်ပစ်မှတ်များကို အေစ္စရေးတိုက်လေယာဉ်တွေက ဘန်ကာဖျက်ဗုံး တွေနဲ့ ဗုံးကြဲတိုက်ခိုက်

မေလနောက်ပိုင်း ပထမဆုံးအကြိမ် ဂါဇာရှိ ဟားမားစ် စစ်သွေးကြွတွေ အခြေစိုက်ရာ ဂါဇာရှိ ပစ်မှတ် တွေကို အစ္စရေး တိုက်လေယာဉ်တွေက ဘန်ကာဖျက်ဗုံးတွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေး တိုက်လေယာဉ်တွေက ဂါဇာတောင်ပိုင်း ဂါဇာကမ်းမြှောင်ဒေသရှိ ဟာမားစ်တွေရဲ့ ‘မြေအောက် အခြေခံအဆောက်အဦ’တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အဆိုပါ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ယခုတိုက်ခိုက်မှုဟာ မေလက ဖြစ်ခဲ့တဲ့ ဟားမက်စ်နဲ့ နှစ်ရက်ကြာ အပြန်အလှန်ဒုံးကျည် ပစ်လွှတ် တိုက်ခိုက်မှုကို အစ္စရေးလေကြောင်းကာကွယ်ရေးစနစ်က ကြားဖြတ်ဟန့်တားပစ်ချခဲ့တဲ့ ဖြစ်ရပ်နောက် ပထမဆုံးတိုက်ခိုက်မှုပါ။အဆိုပါမေလ တိုက်ခိုက်မှုအတွင်း အစ္စရေးအရပ်သား ၄ ဦးနဲ့ ပါလက်စတိုင်း၂၅ ဦးသေဆုံးခဲ့ပါတယ်။

အစ္စရေးဘက်ကို ဂါဇာဘက်ကနေ မိုးပျံပူဖောင်းတွေနဲ့ မီးလောင်ဗုံးတွေ ပစ်လွှတ်မှုအတွက် အစ္စရေးဘက်က ဂါဇာတစ်လျှောက် ငါးဖမ်းခွင့်ကို ဗုဒ္ဓဟူးနေ့ညနေပိုင်းက ပိတ်ပင်ခဲ့ပါတယ်။

အစ္စရေး မီးသတ်ဌာနတာဝန်ရှိသူကတော့ ဂါဇာကနေ မီးပုံးပျံတွေ ခုနှစ်လုံးထိ အင်္ဂါနေ့က ကျခဲ့ကာ လောင်ကျွမ်း ခဲ့တယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့နှစ်ကတော့ မီးပုံးမိုးပျံပူဖောင်းတွေကြောင့် အစ္စရေးတောင်ပိုင်းရှိလယ်ယာတွေ မီးအကြီးအကျယ် လောင်ကျွမ်းတဲ့အထိ ပါလက်စတိုင်းတွေဘက်က အောင်မြင်ခဲ့ပါတယ်။

ဒီအတွက် အစ္စရေးဘက်က ဇွန်၎ ရက်အထိ ဂါဇာဘက်ကမ်းခြေကနေ ၁၅ မိုင်အထိ ငါးဖမ်းခွင့် တားမြစ်ပြီး ပြန်တုံပြန်ခဲ့ပါတယ်။အစ္စရေးနဲ့ ဂါဇာရှိ ပါလက်စတိုင်းလက်နက်ကိုင်တပ်ဖွဲ့တွေကြား ၂၀၀၈ နောက်ပိုင်း အစ္စလာမ်စစ်သွေးကြွလူပ်ရှားမှုအဖြစ် ဟားမက်စ်တွေနဲ့ စစ်ပွဲသုံးကြိမ်ထိ ဖြစ်ပွားခဲ့ပါတယ်။

About the author

လက်ခတ်သံ