Local News

မန္တလေးဈေးချို တော်တွင် ဓာတ်ဆီဖြန်းသွားသည်ဟု သံသယ ရှိသဖြင့် မီးဘေး လုံခြုံရေး ပိုမိုကြပ်မတ်

မန္တလေးဈေးချိုတော် (F) ရုံအနီး ပလတ် စတစ်ဆိုင်ရှေ့ လူသွားလမ်းတွင် ယမန်နေ့ ဇွန်လ (၁၄) ရက် နံနက်ပိုင်းက ဓာတ်ဆီအစက်များ တွေ့ရှိခဲ့သောကြောင့် ဈေးချိုတော်ရုံးဖွင့်ချိန်နှင့် ပိတ်ချိန်များတွင် မီးဘေးအန္တရာယ် လုံခြုံရေးအတွက် စစ်ဆေးရေးလုပ်ငန်းများကို ပိုမိုကြပ်မက်ထားကြောင်း ဈေးချိုတော် အကျိုးဆောင်အဖွဲ့ထံမှ သိရသည်။

“အရင်တစ်လလောက်ကလည်း D ရုံဘက်မှာ ဒီဇယ်အနံ့တွေရပြီး ရှာမတွေ့ခဲ့ဘူး။ ဒီနေ့တော့ F ရုံ က ပလက်စတစ်ဆိုင်အနီးမှာ ဓာတ်ဆီတွေ ဖျန်းသွားတယ်။ လူတော့မမိလိုက်ဘူး။ ဈေးချို အကျိုးတော်ဆောင်အဖွဲ့ကနေ လုံခြုံရေး တင်းကြပ်ဖို့တော့ ထုတ်ပြန်မယ်ထင်တယ်” ဟု ဈေးသည်တစ်ဦးကပြောဆိုခဲ့သည်။

“(F) ရုံ၊ ဒုတိယထပ် အရှေ့မြောက်ထောင့်မှာရှိတဲ့ လမ်းထောင့်ချိုး လူသွားလမ်းပေါ်မှာ ဓာတ်ဆီအစက်တွေကို မနက် (၈) နာရီနဲ့ (၉) နာရီကြားမှာ တွေ့ရှိခဲ့တယ်။ တမင်သက်သက် မီးရှို့ဖို့ဆိုတဲ့ ပုံစံမျိုးတော့ မတွေ့ရဘူး။ လူသွားလမ်းပေါ်ဖြစ်တာဆိုတော့ နှစ်မျိုးတွေးလို့ရတယ်။ မတော်တဆ မီးစက်အတွက် ဆီသယ်တဲ့အချိန် ပေါက်ကျတာဖြစ်နိုင်သလို၊ ဂျက်ပုံးတွေ လူသွားလမ်းပေါ် မရှိစေချင်လို့ လူအချို့လုပ်တယ်လို့ ယူဆလို့ရတယ်” ဟု ဈေးအကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှုး ဦးမင်းမင်းက ပြောကြားခဲ့သည်။

ဓာတ်ဆီစက်များကို တွေ့ရှိသည်ဟု သတင်းကြားသိရပြီးနောက် ဈေးအကျိုးတော်ဆောင်အဖွဲ့၊ အရံမီးသတ်တပ်ဖွဲ့နှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့သည် ဈေးချိုတော် တစ်ခုလုံးကို လှည့်လည် စစ်ဆေးခဲ့ကြသည်။

မန္တလေး ဈေးချိုတော်ကို ၁၉၉၄ ခုနှစ်က အဆင့်မြင့် ဈေးကြီးအဖြစ် အသစ်တည်ဆောက်ဖွင့်လှစ်ခဲ့ပြီး ဈေးရုံ (၈) ရုံနှင့် ဆိုင်ခန်းအရေအတွက် (၃၂၀၀) ကျော် ရှိကြောင်း သိရသည်။

credit:မိုးမခ (i see media)

About the author

လက်ခတ်သံ