“အမြန်လမ်းမှာ ကားတွေကိုလေသေနတ်နဲ့ပစ်ခတ်နေတဲ့အဖွဲ့အား အမြန်လမ်းရဲတပ်ဖွဲ့က ကင်းပုန်းဝတ်၍ ဖမ်းဆီး“

Posted on

အမြန်လမ်းမတလျောက် ခရီးသွား လာနေသည့်ကားများအား ခဲပစ်ပေါက်ခံ၇ကြောင်း သိရှိရ၍ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ မှ ထုတ်နှုတ် အထူးအဖွဲ့ များ ဖွဲ့ ရ်ျ လှည့်ကင်း ပါတ်ကင်း ကင်းပုန်း များ ဖြင့် ဖြစ်စဉ် နယ်မြေ တဝိုက် လုံခြုံရေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဇွန်လ(၂၅) ရက် ည(၁၀၁၀) နာရီ အချိန် မိုင်တိုင် ၆၇/၃ အနီး တွင် စောဆေးလယ်ဝါး ၂၇ နှစ်(ဘ)ဦးခမ်းမောင် ကိုးတဲစုကျေးရွာ သပြေတန်းကျေးရွာအုပ်စု ဒိုက်ဦးမြို့နယ် နေသူအား လက်လုပ်လေသေနတ် ၂ လက် တွေ့ရှိရသည်။

ထို့အပြင် သေနတ်ပစ်ရာတွင်အသုံးပြုသည့်စက်ဘီးဘောစိ ၁၄၆ လုံး လေးခွ ၁ လက် လေးသီးအဖြစ်အသုံးပြုသည့် ကျောက်စရစ်ခဲ ၄ ခဲ ခေါင်းစွပ်ဓာတ်မီး စိမ်း ၁ နက် ၁ လုံး ဓာတ်ခဲအသေး ၃ လုံး တို့နှင့်အတူ ဖော်ထုတ် ဖမ်းမိ ခဲ့ပါသည်.။

ထိုသို့ဖမ်းဆီးစဉ် စပ်ဆက် ထွက်ပြေး သူ စောဝါးနီ. (၃၅) နှစ်အား ဖမ်းမိရေး ဆောင်ရွက်လျက်ရှိကြောင်း. ဖော်ပြအပ်ပါသည်။

ဖြစ်စဉ်မှာ ဇွန်လ (၂၃) ရက် ည (၁၀၃၀) နာရီချိန်တွင် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့  ဥသျှစ်ကုန်းစခန်းသို့  ယာဉ်မောင်း ဦးမင်းသူအောင် မောင်းနှင်လာသည့် 6K/5934. Express ယာဉ် ရောက်ရှိလာကြောင်း ပြောဆိုသည်။

၎င်းက မိုင်တိုင် ၆၉/၇ အနီးတွင် ခဲပေါက်ခံရသဖြင့် ဘေးလေကာမှန် ကို ထိမှန်ကြောင်း သတင်းပို့ လာသဖြင့် လှည့်ကင်းအဖွဲ့ စေလွတ်၍ ရှာဖွေစစ်ဆေး စောင့်ကြပ်ဆာင်ရွက်ခဲ့ရာ ထူးခြားမှု မရှိခဲ့ပါ အနီးပါတ်ဝန်းကျင်တွင် ရော်ဘာ ခြံ ရှိပါသည်

အလားတူ့  ည (၁၁၀၀) နာရီချိန်တွင် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ဥသျှစ်ကုန်း စခန်းသို့ ယာဉ်မောင်း ဦးအောင်ဝင်း မောင်းနှင်လာသည့် 2J /6710 Express ယာဉ်နှင့် ယာဉ်မောင်း ဦးစန်းမင်းအောင် မောင်းနှင်လာသည့် 6M/5866 Express ယာဉ် ၂ စီး ရောက်ရှိလာသည်။

ထိုယာဉ်(၂)စီးမှယာဉ်မောင်းများကလည်း မိုင်တိုင် ၆၅ အနီးတွင် ခဲပေါက်ခံရသဖြင့် ဘေးလေကာမှန် ထိမှန်ကြောင်း သတင်းပို့ လာသဖြင့် လှည့်ကင်းအဖွဲ့ ကို ထပ်မံ စုဖွဲ့စေလွှတ်၍ ရှာဖွေစစ်ဆေးစောင့်ကြပ်ဆာင်ရွက်ခဲ့ရာ ထူးခြားမှုမရှိခဲ့ကြောင်း သိရသည်။

သတင်းပို့ သည့် ယာဉ် ၃စီးစလုံး အမှုဖွင့်ရန် ဆန္ဒ မရှိကြောင်းနှင့် ခဲထိမှန်ကြောင်း ထောက်ခံချက်သာ ရယူလိုကြောင်း အကူအညီတောင်းလာသဖြင့် အမှုဖွင့်လှစ်ခြင်းမပြုဘဲ ထောက်ခံချက် ပြုလုပ်ပေးခဲ့ပါကြောင်း သိရသည်။

REF: DAILY HOT NEWS