ဂျပန် ကာကွယ်ရေးမူဝါဒ ဘာလဲ ဘယ်လဲ

Posted on

ဂျပန်နိုင်ငံဟာ အာရှတိုက်ရဲ့ အရှေ့ဘက် အကျဆုံး နိုင်ငံတစ်ခုဖြစ်ပါတယ်။ ကျွန်းပေါင်း၃၀၀၀-ထောင်ကျော်နဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဂျပန်နိုင်ငံဟာ လက်ရှိအချိန်ထိ အမေရီကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ တတိယမြောက် စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံတစ်ခုလို့ ဆိုရမှာပါ။ ကိုးရီးယားနှစ်နိုင်ငံ တရုတ်နဲ့ ရုရှားနိုင်ငံတို့ဟာ ဂျပန်နိုင်ငံရဲ့ အိမ်နီးချင်းတိုင်းပြည်တွေဖြစ်ကြပြီး ရေးလမ်းအားဖြင့် ထိစပ်မှုရှိနေတဲ့ အခြေနေလို့ ဆိုရင်ရနိုင်ပါတယ်။ အရှေ့တရုတ်ပင်လယ်၊ အိုဟွတ်ပင်လယ်ပြင်တွေက ဂျပန်နိုင်ငံကို ၀န်းရံတည်ရှိနေတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ လူဦးရေ၁၂၇သန်းကျော်ရှိပြီး ဒီပဏဟာ ကမ္ဘာ့အဆင့်နဲ့ဆိုရင် အဆင့်(၁၀)မှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံသား အများစုကတော့ ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံရဲ့ ဗုဒ္ဓဘာသာက ထေရ၀ါဒတော့ မဟုတ်ပါဘူး။ ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပြန်းမျှလူတစ်ယောက်ရဲ့ သက်တမ်းအရှည်ဆုံး နိုင်ငံတစ်ခုဖြစ်ပြီး ကလေးသူငယ် သေဆုံးမှုအနည်းဆုံးလည်း ဖြစ်လျှက်ရှိတာက သူတို့နိုင်ငံရဲ့ ထူးခြားမှုလို့ ဆိုရမှာဖြစ်ပါတယ်။ သူတို့ဟာ အာရှတိုက်ထဲမှာ ပါဝင်နေတာဖြစ်ပေမယ့် အများအားဖြင့်တော့ သူ့ရဲ့ယဉ်ကျေးမှုနဲ့ လူနေမှုစရိုက်တွေက အခြားအာရှနိုင်ငံတွေနဲ့ သိပ်ပြီးဆင်တူမှု မရှိလှပါဘူး။ သီးသန့်ဆန်တဲ့ ကိုယ်ပိုင်ဟန်တွေ ကိုယ်ပိုင်စံတွေနဲ့သာ သူတို့ဟာ တစ်သီးတစ်သန့် ရှိနေခဲ့တာဖြစ်ပါတယ်။ ၁၈-ရာစု အစောပိုင်းကာလတွေအထိ ဂျပန်နိုင်ငံဟာ ကမ္ဘာကြီးနဲ့ အဆက်အသွယ်မလုပ်ပဲ သီးသန့်ရှိနေခဲ့ကြတာဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ နေမျိုးနွယ်ကဆင်းသက်လာသူတွေအဖြစ် ခံယူထားကြတဲ့ ဂျပန်လူမျိုးတွေဟာ တစ်ခြားနိုင်ငံ တွေအနေနဲ့လည်း သူတို့ရဲ့သြဇာကို ခံယူရမယ်ဆိုတဲ့ စိတ်ဓာတ်တွေလည်း ရှိနေတက်ကြတာပါ။ ဒီအယူအဆကြောင့်ပဲ သူတို့ဟာ ဒုတိယကမ္ဘာစစ်ကြီးထဲကို ၀င်ရောက်လာခဲ့ကြတာဆိုရင် မှားနိုင်မယ်မထင်ပါဘူး။

ဂျပန်သမိုင်းထဲက နိုင်ငံခြားသားနှစ်ယောက်

မျက်မှောက်ခေတ် ဂျပန်နိုင်ငံကြီးကို တစ်ဆစ်ချိုးပြောင်းလည်းသွားစေတဲ့ လူတွေထဲမှာ ထူးထူးခြားခြား နိုင်ငံခြားသားနှစ်ဦး ပါဝင်ပက်သက်လျှက်ရှိနေတာကို တွေ့ရပါတယ်။ သူတို့တွေကတော့ ၁၈-ရာစုအလယ်ပိုင်းက အမေရီကန်ရေတပ်ဗိုလ်မှုးချုပ် မက်သရူးပယ်ရီဆိုသူနဲ့ ၁၉-ရာစုအလယ်ပိုင်လောက်က အမေရီကန်တပ်တော်ကြီးရဲ့ ကြယ်ငါးပွင့်ရ ဗိုလ်ချုပ်ကြီးဒေါက်ကလက်စ်မက်အာသာဆိုသူတို့ပဲဖြစ်ပါတယ်။ ဗိုလ်မှုးချုပ်မက်သရူးပယ်ရီဟာ ၁၈-ရာစုအလယ်ပိုင်းကာလလောက်မှာ ပင်လယ်ပြင်ကိုဖြတ်သန်းကာ ပင်လယ်နက်လို့အမည်ရတဲ့ သင်္ဘောနဲ့ ဂျပန်နိုင်ငံကို ရောက်ရှိလာခဲ့ပြီး သီးသန့်ဆန်စွာရှိနေတဲ့ ဂျပန်အစိုးရခေါင်းဆောင်တွေကို ကမ်္ဘာ့မိသားစုနဲ့ အဆက် အသွယ်လုပ်ဖို့ ဖိအားတွေပေးခဲ့တယ်။ အထူးသဖြင့်ကတော့ အဲဒီအချိန်ကတည်းက စီးပွားရေး၊စစ်ရေးကိစ်္စရပ်တွေမှာ အခြေတည်နေပြီဖြစ်တဲ့ သူတို့နိုင်ငံရဲ့ ကုန်ပစ်္စည်းတွေကို တင်သွင်းခွှင့်ရဖို့ ဖိအားတွေပေးခဲ့ကြတာဖြစ်ပါတယ်။ မက်သရူးပယ်ရီရဲ့ ဖိအားပေးမှုတွေကြောင့် အနောက်နိုင်ငံတွေနဲ့ ချုပ်ဆိုခဲ့တဲ့ စီးပွားရေးဆိုင်ရာ စာချုပ်တွေကြောင့် ပြဿနာအချို့ရှိခဲ့ပေမယ့် ဂျပန်ဟာ တိုးတက်မှုတွေရှိလာခဲ့တာတော့ ငြင်းလို့မရနိုင်ပါဘူး။ သူတို့ဟာ ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးအရ ကျူးကျော်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် တရုတ်တွေကြောင့် စစ်ရှုံးခဲ့ရပြီးနောက်ပိုင်းမှာ သီးသန့်ဆန်စွာနဲ့ နေထိုင်လာလိုက်တာဟာ ၁၈-ရာစု အစောကပိုင်းကာလတွေထိပဲ ဆိုပါတော့။မက်သရူးပယ်ရီ ရာက်လာပြီးနောက်ပိုင်းမှာတော့ ဂျပန်တွေဟာ သူတို့ရဲ့မူဝါဒတွေ ပြောင်းလဲလာခဲ့ပြီး နောက်ဆုံးမှာ မေဂျီပြုပြင် ပြောင်းလည်းရေးတွေနဲ့အတူ ၁၉-ရာစုထဲကို ချဉ်းနင်းဝင်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။ ဒါက ဂျပန်နိုင်ငံရဲ့ ပထမအချိုးအကွေ့လို့ ဆိုရမှာပါ။
နောက်ထပ်ဂျပန်နိုင်ငံရဲ့ အချိုးကွေ့တစ်ခုကို ဖော်ဆောင်ခဲ့သူကတော့ အမေရီကန်စစ်ဗိုလ်ချုပ်ကြီး ဒေါက်ကလပ်စ်မက်အာသာဆိုသူပဲဖြစ်ပါတယ်။ ဒေါက်ကလပ်စ်မက်အာသာဟာ ကမ်္ဘာစစ်ကြီးနှစ်ခုအတွင်း အမေရီကန်မှာ အလွန်ထင်ရှားခဲ့တဲ့ စစ်သူကြီးတစ်ယောက်လို့ ဆိုရမှာပါ။ သူဟာ ဒုတိယကမ်္ဘာစစ်ကြီးအတွင်းမှာ ဖိလစ်ပိုင်နိုင်ငံကို ဂျပန်တွေရဲ့ လက်အောက်ကနေ လွတ်မြောက်နိုင်အောင် ဦးဆောင်တိုက်ပွဲဝင်ခဲ့တဲ့ စစ်သူကြီးတစ်ဦးလည်းဖြစ်ပါတယ်။ အဲဒီလိုလုပ်ဆောင်ပေးနိုင်ခဲ့တာကြောင့် ဖိလစ်ပိုင်အစိုးရဟာ နောက်ပိုင်းမှာ မက်အာသာကို ဖိလစ်ပိုင်နိုင်ငံရဲ့ င်္ငနို မြျေ့ေူ အဖြစ် ချီးမြင့်ခံရတဲ့ တစ်ဦးတည်းသော စစ်ဗိုလ်ကြီးတစ်ယောက် ဖြစ်ပါတယ်။ မက်အာသာဟာ ဂျပန်နိုင်ငံအတွက်လည်း ကြီးမားတဲ့စီမံချက်တွေ မူဝါဒတွေကို ချမှတ်ခဲ့သူပါ။ အထူးသဖြင့် အနုမြူဒဏ်ရာဒဏ်ချက်တွေကြောင့် လုံးဝရပ်တည်နိုင်ခြင်းမရှိတော့တဲ့ ဂျပန်နိုင်ငံကို လူမှုဖူလုံရေးစနစ် တွေနဲ့အတူ မူဝါဒကောင်းတွေ ချမှတ်ပေးနိုင်ခဲ့တာကလည်း ဗိုလ်ချုပ်ကြီးမက်အာသာပဲဖြစ်ပါတယ်။ သူ့ရဲ့ အကူညီတွေ ဦးဆောင်နိုင်မှုတွေကြောင့် ၁၉၅၂-ခုနှစ်ရောက်လာတော့ ဂျပန်တွေဟာ မဟာမိတ်တွေရဲ့ လက်အောက်ကနေ လွတ်မြောက်လာနိုင်ခဲ့ပြီး ကိုယ့်ခြေထောက်အပေါ်ကိုယ် ရပ်တည်လာနိုင်ခဲ့တာပါ။ အထူးသဖြင့် စီးပွားရေးဆိုင်ရာ ကိစ်္စရပ်တွေမှာဖြစ်ပါတယ်။ ကောက်ချက်ချလိုက်မယ်ဆိုရင် ဂျပန်လူမျိုးတွေရဲ့ သီးသန့်ဆန်တဲ့ အခြေနေတွေကို ၁၈-ရာစုမှာ မက်သရူးပယ်ရီက အဆုံးသက်ပေးခဲ့သလို နှစ်တစ်ရာခန့်အကြာမှာတော့ နောက်ထပ်အမေရီကန်ဗိုလ်ချုပ်ကြီးတစ်ယောက်ကပဲ လက်ရှိဂျပန်ပြည်ကြီးကို အုပ်မြစ်ချပေးခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဂျပန်ကိုနန်းချလိုက်တဲ့ တရုတ်နိုင်ငံ

ကိုယ်ပိုင်စံတဲ့ မူဝါဒ လုပ်ဆောင်ချက်တွေကြောင့် ဂျပန်နိုင်ငံဟာ ဒဏ်ရာဒဏ်ချက်တွေကနေ ၁၉၅၂-ခုနှစ်မှာ အလျှင်အမြန် နိုးထလာခဲ့ပြီး ၁၉၈၀ပြည့်နှစ် ကာလတွေရောက်လာတော့ သူတို့ရဲ့စီးပွားရေးဟာ အမေရီကန် ပြည်ထောင်စုကိုတောင် ပြန်ပြီးချိန်းချောက်လာနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ အမေရီကန်အစိုးရ မူဝါဒချမှတ်သူတွေကိုယ်တိုင် ဂျပန်စီးပွားရေးတိုးတက်မှုတွေကို ထိမ်းချုပ်ဖို့ သို့မဟုတ် သူတို့ကိုမကျော်အောင် လုပ်ဆောင်ဖို့ မူဝါဒတွေ ချမှတ်လာခဲ့ရတယ်။ အမေရီကန်ပြည်ထောင်စုကတော့ အဲဒီအချိန်က ဆိုဗီယက်ပြည်ထောင်စုက ဦးဆောင်တဲ့ ကွန်မြူနစ်တွေနဲ့ မူဝါဒတိုက်ပွဲတွေ ဆင်နွှဲနေရတာကြောင့် စီးပွားရေးမူဝါဒတွေမှာ ဂျပန်လို လွပ်လပ်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိပါဘူး။ အဲဒီအချိန်မှာပဲ ဂျပန်စီးပွားရေးဟာ ကမ်္ဘာ့ဒုတိယအဆင့်ထိ တက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၀-ကာလတွေရောက်တော့ စစ်အေးတိုက်ပွဲ အရှိန်သေသွားမှုနဲ့အတူ ဂျပန်နိုင်ငံရဲ့ စီးပွားရေးတိုး တက်မှုကလည်း ရပ်တန့်သွားခဲ့ရတယ်။ ဒါကြောင့်မို့လို့ ဂျပန်နိုင်ငံရဲ့ တိုးတက်မှု၊ဆုတ်ယုတ်မှုတွေမှာ အမေရီကန်ရဲ့ အငွေ့အသက်တွေ ပါဝင်နေခြင်းဖြစ်တယ်လို့ ဆိုရတာပါ။
၂၀၀၀-ပြည့်နှစ်ကာလတွေ ရောက်လာချိန်မှာတော့ အာရှနိုင်ငံအများစုဟာ ၁၉၈၀-ကျော်ဝန်းကျင်တွေက ချမှတ်လာခဲ့ကြတဲ့ မူဝါဒတွေ မဟာဗျူဟာတွေ အသက်ဝင်လှုပ်ရှားလာမှုတွေနဲ့အတူ ကမ်္ဘာ့ခေါင်းဆောင်မှု အဆင့်အတန်းကို မျှော်လင့်ချက်တွေ ရှိလာခဲ့ကြတယ်။ ဒါပေမယ့် ဂျပန်အများစုကတော့ အနောက်ရဲ့လွှမ်းမှုတွေ ကြားမှာသာ စီးမျောလိုက်ပါနေကြပြီး အရှေ့ရဲ့တိုးတက်လာမှု ပကတိဖြစ်ရပ်တွေကို လှမ်းကြည်ဖို့ပျက်ကွပ်ခဲ့ ကြတာတွေ့ရပါတယ်။ ဒီလို ပျက်ကွပ်ခဲ့ခြင်းဟာ ဂျပန်နိုင်ငံအတွက် အကြီးအကျယ်အားနည်းမှုတစ်ခုဖြစ်သွားခဲ့ပြီး ၂၀၁၀-ပြည့်နှစ်ရောက်လာချိန်မှာတော့ အမေရီကန်ပြည်ထောင်စုရဲ့ မဟာဥပရာဇာအဖြစ်ကနေ တရုတ်နိုင်ငံရဲ့ နန်းချခြင်းကိုခံလိုက်ရတဲ့အထိ အကျိုးဆက်က ပြင်းထန်သွားခဲ့ရပါတယ်။ ဒါကြောင့် သူတို့ဟာ ၂၀၁၀-ခုနှစ် နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံရဲ့နောက် တတိယနေရာကို ရောက်ရှိသွားခဲ့ရပါတော့တယ်။

ဆက်လက်ဖော်ပြပါမည်။

Writer:မာင်ဉာဏ်မင်း(ဆားလင်းကြီး)