လွိုင်ကော်မြို့နယ်တွင် ထရပ်ယာဉ် ၃ စီးဖြင့် တင်ဆောင်လာသော ICE ၅၀၀ ကီလို၊ ကတ်တမင်း (၆၄၉) ကီလို၊ ကဖင်း (၁၁၅၀) ကီလို ဖမ်းဆီးရမိ

Posted on

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၂ ရက်နေ့ ၀၄၃၀ အချိန် မူးယစ်တပ်ဖွဲ့စု (၂၀) လွိုင်ကော်မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ လွိုင်ကော်မြို့နယ်၊ ဖယ်ခုံ-လွိုင်ကော်ကားလမ်းလင်ဖုံလေးလမ်းခွဲအနီးတွင် ယာဉ်မောင်း စိုင်းအောင်ကျော်မိုး(၄၆)နှစ်ပါ ယာဉ်မောင်း/ယာဉ်နောက်လိုက် အမျိုးသား ၆ ဦး မောင်းနှင်/လိုက်ပါလာသော ယာဉ်အမှတ် 4Q/××××၊ 4Q/×××× နှင့် 4Q/×××× “AK ယုံဖူ” တံဆိပ်ပါ Dongfeng ထရပ်ယာဉ် ၃ စီးအား

ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်များ၏ နောက်ကိုယ်ထည်ရှေ့ပိုင်းတွင် အံဝှက်ပြုလုပ်သယ်ဆောင်လာသော ဆာလာအိတ်များဖြင့် ထည့်လျက် 4Q/×××× ယာဉ်ပေါ်မှ ICE ၃၀၀ ကီလို၊ ကဖင်း ၄၀၀ ကီလို၊ 4Q/×××× ယာဉ်ပေါ်မှ ICE ၂၀၀ ကီလို၊ ကတ်တမင်း ၆၄၉ ကီလိုနှင့် 4Q/×××× ယာဉ်ပေါ်မှ ကဖင်း ၇၅၀ ကီလိုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းအောင်ကျော်မိုး (၄၆)နှစ်ပါ ၆ ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။

ရဲဇာနည်