ကမ္ဘာကြီးကို ဖျက်ဆီးနိုင်တဲ့ အာဏာ လက်ဝယ်ရှိသူ (၁၀) ဦး

Posted on

၁၀။ David Hanson

မျက်မှောက်ခေတ် ကမ္ဘာမှာ စက်ရုပ်တီထွင်မှုပြိုင်ဆိုင် တာတွေကို အင်အားကြီး ဖွံ့ဖြိုးပီးနိုင်ငံတွေမှာတွေ့မြင်နေရမှာပါ။ ထိုအထဲ ဉာဏ်ရည်မြင့် စက်ရုပ်တီထွင်မှုကို ဦးဆောင်နေသူ David Hanson ကို မီးမောင်းထိုးပြချင်ပါတယ်။ သူ့ရဲ့နောက်ဆုံး တီထွင်မှုဖြစ်တဲ့ လူသားနီးပါးစွမ်းဆောင်နိုင်သူ Sofia ဟာထင်ရှားပါတယ်။ စတီဗင်ဟောကင်းသတိပေးခဲ့သလိုပဲ ယခုနှုန်းအတိုင်းဆက်လက်တီထွင်သွားမယ်ဆို ကမ္ဘာကြီးပေါ်မှာ လူသားတွေအစားစက်ရုပ်တွေလွှမ်းမိုးလာပါလိမ့်မယ်ဆိုတာ ဖြစ်နိုင်ချေတော်တော်လေးများနေပါပီ။

၉။ Vladimir Putin

နြူထိပ်ဖူးတပ် Missiles ၉၀၀၀ ကျော်ပိုင်ဆိုင်တဲ့ ရုရှားဟာ ကမ္ဘာပေါ်မှာရှိတဲ့ နြူလက်နက်အရေအတွက်ရဲ့ ၈၀ရာခိုင်နှုန်းလောက်ကို ပိုင်ဆိုင်ထားတာပါ။ အမေရိကန်အနေနဲ့လည်း ရုရှားနဲ့ ပြသနာအကြီးအကျယ်ထိန်းချုပ်နေတာပါပဲ။ ဒါပေမဲ့ ဆွေးနွေးပွဲတော်တော်များများက အပြုသဘောသာဆောင်ပီး လက်တွေ့မှာတော့ တခြားစီပါ။

၈။ Qasem Soleimani

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီက အီရန်စစ်ဗိုလ်ချုပ် Qasem Soleimani က သူ့အနေနဲ့ အစ္စရေးမှာရှိတဲ့ အမေရိကန်အခြေစိုက်စခန်းတွေကို တပြိုက်နက် ချေမှုန်းနိုင်တယ်လို့ ကြုံးဝါးခဲ့ပါတယ်။ မကြာသေးမီက သူတို့ရဲ့ နည်းပညာမြင့် nuclear ballistic missile ကို ချပြခဲ့ပါသေးတယ်။ အီရန်ရဲ့ နြူစီမံကိန်းတွေကို အားပေးအားမြှောက်လုပ်သူတွေထဲကတစ်ယောက်ဖြစ်ပီး သူဟာ ဟားမာစ်အဖွဲ့လို့ အကြမ်းဖက်အဖွဲ့အစည်းတွေကိုအားပေးအားမြှောက်လုပ်ပါတယ်။ ဒါကြောင့်အမေရိကန်က Soleimani သူပုန်စားရင်းသွင်းထားခဲ့တာပါ။

၇။ Parents

၁၃၅၃ ခုနှစ်လောက် ကမ္ဘာ့လူဦးရေဟာ ၃၇ သန်းခန့်ရှိပီး ယခုအချိန်မှာတော့ အဆ ၂၀ ပိုများလာခဲ့ကာ UN ရဲ့ခန့်မှန်းချက်အရ ၂၁၀၀ လောက်မှာ ၁၁ ဘီလီယံရှိမယ်လို့ဆိုပါတယ်။ လူဦးရေထူထပ်မှုကြောင့် လိုအပ်လာတဲ့ စွမ်းအင်တွေအတွက် လူတွေပိုမိုတီထွင်လာကြရပီး ထိုတီထွင်မှုတွေကပဲ ကမ္ဘာကြီးကို တစ်ချိန်မှာပျက်ကပ်ဆိုက်စေမယ်လို့ စတီဗင်ဟောကင်းက ပြောခဲ့ပါတယ်။ ၂၆၀၀ ခုနှစ်မှာရှိလာမယ့်လူဦးရေနဲ့ ကမ္ဘာ့အကျယ်အဝန်းနဲ့အချိုးချကြည့်ရင် တစ်ယောက်ပုခုံးပေါ်တစ်ယောက်တက်နေရမယ့်အခြေအနေပါ။ ဒါကြောင့် မွေးဖွားမှုနှုန်းမြင့်တက်ခြင်းက ကမ္ဘာကြီးကို ပျက်စီးစေပါလိမ့်မယ်။

၆။ Basher Al-Assad

ဆီးရီးယားသမ္မတ Hafez Al-Assad ၂၀၀၀ ခုနှစ်မှာ ကွယ်လွန်ပီးနောက်ပိုင်းမှာတော့ ဆီးရီးယားပြည်သူတွေဟာ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် မြင်ချင်ခဲ့ကြပါတယ်။ ဒီအတွက်လည်း အင်အားကြီးဒီမိုကရေစီနိုင်ငံတွေက ဆီးရီးယားကို ဖိအားပေးခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သားတော်မောင် Basher Al-Assad သာ အဖနေရာကို ဆက်ခံခဲ့ပီး ခုနှစ်နှစ်တာ ပြည်တွင်းစစ် ဟာ သူ့လက်ထက်မှာစတင်ပါတော့တယ်။ ထိုစစ်အတွင်း ကုလသမ္မဂ ၁၀ နိုင်ငံလောက်ပါဝင်ပတ်သတ်နေပီး အမေရိကန်က ဖိအားပေးနေပေမဲ့ ရုရှားကတော့ ဆီးရီးယားကိုဆက်လက်ထောက်ပံ့ လှုံဆော်နေဆဲပါ။ ကျောထောက်နောက်ခံကောင်းတဲ့ အာဆတ်ဟာ ကမ္ဘာကြီးကို ကမောက်ကမဖြစ်မိုက်ရူးရဲဆန်ဆန်လုပ်ဆောင်ချင်လုပ်ဆောင်မှာပါ။

၅။ Peter Navarro

သမ္မတ ထရန့်နေရာရပီးနောက်ပိုင်း သမ္မတအကြံပေးနဲ့ အမေရိကန်ရဲ့ အဓိကကုန်သွယ်မှုကို ချုပ်ကိုင်နိုင်တဲ့ အာဏာရှိလာသူကတော့ Peter Navarro ပဲဖြစ်ပါတယ်။ ယခုဖြစ်ပေါ်နေတဲ့ ဒေါ်လာဈေးကစားမှုတွေ အမေရိကန်ရဲ့ စီးပွားရေးပြိုင်ဆိုင်ဗိုလ်ကျမှုတွေ နောက်ကွယ်မှာ Peter Navarro ရှိနေပါတယ်။ ဒါဟာကောင်းတဲ့လက္ခဏာတော့မဟုတ်ပါဘူး။ ကမ္ဘာကြီးက စစ်တိုက်မှ ပျက်စီးတတ်တာမဟုတ်ပါဘူး စီးပွားရေးအဆင့်အတန်း ကုန်သွယ်ရေးမညီမျှမှုတွေက ကမ္ဘာကို ကပ်ဆိုက်စေပါတယ်။ ဒါကြောင့် Peter Navarro ဟာ ယခုစာရင်းထဲမှာ ပါဝင်လာရခြင်းပါ။

၎။ Eugene Kaspersky

Eugene Kaspersky ဆိုတာတော့ တခြားမဟုတ်ပါဘူး။ ကမ္ဘာကျော် Anti-virus software lab ရဲ့ CEO ပဲဖြစ်ပါတယ်။ Kaspersky ဟာ အလုံခြုံဆုံး software အဖြစ် ရပ်တည်လာခဲ့တာကြာပါပီ။ ဒါပေမဲ့ ၂၀၀၂ ခုနှစ်လောက်တည်းက Kaspersky ဟာ လူဦးရေ ၂သန်းလောက် အများအားဖြင့် အမေရိကန်တွေရဲ့ အချက်အလက်တွေကို သိမ်းဆည်းထားခဲ့ပါတယ်။ ဒါကိုဘာက သေချာစေသွားသလဲဆိုတော့ ၂၀၁၇ ခုနှစ်မှာ Kaspersky ဟာ ရုရှားအစိုးရနဲ့ပူးပေါင်းလုပ်ဆောင်မှုတွေရှိနေပါတယ် ဆိုတာကပါ။ ယခု ရုရှား အမေရိကန် သတင်းအချက်အလက်ပေါက်ကြားမှု အငြင်းပွားတင်းမာမှုတွေမှာ Kaspersky က အဓိကလက်သည်ဖြစ်နေပါတယ်။

၃။ Xi Jinping

၂၀၁၇ ခုနှစ် National Geographic ရဲ့စစ်တမ်း အတွေအရ ကမ္ဘာ့ လူဦးရေ ရဲ့ ၃၀ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံမှာနေထိုင်ကြပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ CO2 ထုတ်လွှတ်မှုပမာဏဟာ ကမ္ဘာမှာအများဆုံးဖြစ်နေပါတယ်။ ဒ့ါအပြင် ကမ္ဘာကြီးပူနွေးလာမှုရဲ့ လက်သည်တွေထဲမှာတရုတ်က ၅၀ ရာခိုင်နှုန်းလောက်ပါဝင်နေပီး အမေရိကန်ထက် ၃၀ ရာခိုင်နှုန်းလောက်ပိုများပါတယ်။ ဒါကို တရုတ်နိုင်ငံအနေနဲ့ မသိချင်ယောင်ဆောင်နေပီး ၂၀၃၀ မှာတော့ ၃၀ ဘီလီယံလောက်ရင်းနှီးမြှုပ်နှံထားတဲ့ Solar Energy Project ကိုစတင်အကောင်အထည်ဖော်နေပါပီ။

၂။ Kim Jong Un

မြောက်ကိုရီးယား ဟာ အနောက်နိုင်ငံတွေလောက် နြူလက်နက်ပိုင်ဆိုင်မှုမများပေမဲ့ သူတို့ရဲ့ တရပ်စပ်စမ်းသပ်ထုတ်လုပ်မှုတွေဟာ ကြောက်စရာကောင်းပီး နြူစစ်ပွဲ ကို သူတို့က စတင်နိုင်ချေရှိပါတယ်။ သူတို့ရဲ့အဓိက ပစ်မှတ်ဟာ အိမ်ဖြူတော်ဖြစ်ပီး နြူလက်နက် ရဲ့ညီနောင်ဖြစ်တဲ့ ဟိုက်ဒရိုဂျင်ဗုံးကို စမ်းသပ်ထုတ်လုပ်ဖို့ကြိုးပမ်းနေပါတယ်။ နိုင်ငံအတွင်းမှာ ဘုရားတစ်ဆူလို ကိုးကွယ်ခံနေရတဲ့သူ့အတွက် တစ်ယောက်ထဲဆုံးဖြတ်ချက်နဲ့ စိတ်ထင်ရာလုပ်ဆောင်နိုင်လို့ပါ။

၁။ ဒေါ်နယ်ထရမ့်

ဟုတ်ပါတယ် ။ ဘာမှတောင်ရေးပြနေစရာမလိုတော့ပါဘူး ။ သူသာဆန္ဒရှိရင် တစ်ကမ္ဘာလုံးကို မိနစ်ပိုင်းအတွင်း မီးလောင်တိုက်သွင်းပစ်လိုက်လို့ ရပါတယ် ။

Writer- စပွန့် (Daily Hot News)