မာနတရားကို အခြေခံသော စစ်ပွဲ

Posted on

တကယ်တော့ ၁၆-ရာစု အစောပိုင်းမှာ ဖြစ်ပွားခဲ့ရတဲ့ ဧရာဝတီမြစ်ဝှမ်း တစ်လျောက်က တိုက်ပွဲတွေဟာ အကြောင်းပြချက်ရယ်လို့ ခိုင်ခိုင်မာမာ မရှိလှပါဘူး။ အဓိကကတော့ မာနတရားကို အခြေခံပြီး ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေလို့ ဆိုရမှာပါ။ ပထမဆုံးဖြစ်ပွားခဲ့တာက ဟံသာဝတီနဲ့အင်းဝတို့ရဲ့ တိုက်ပွဲပဲဖြစ်ပါတယ်။

ဗဟုသုတရ စေမည့် ရှားပါး အကြောင်းအရာများ တင်ဆက် ပေးတဲ့ Youtube Channel လေးဖြစ်လို့ Subscribe လုပ်ထားကြပါအုံးနော် 1957 ခုနှစ်က ရန်ကုန်တက္ကသိုလ်ရဲ့ စာသင်ချိန်တချို့ကို ရိုက်ကူးထားသော Video တိုများနှင့်၊ ရန်ကုန်တက္ကသိုလ်ရဲ့ အ ကြောင်းရာ အချို့ပါဝင်ပါသည်။

ဘုရင့်နောင်မင်းတရားကြီး နတ်ရွာစံတော့ ဟံသာဝတီအင်ပါယာကြီးကို အမွေဆက်ခံခဲ့ရတာက သူ့ရဲ့သားတော်ကြီးနန္ဒမင်းသားပဲဖြစ်ပါတယ်။ အဲဒီအချိန်က ဟံသာဝတီအင်ပါယာကြီးရဲ့ အကျယ်အ၀န်းက စတုရန်း ကီလိုမီတာ တစ်သန်းခွဲလောက်အထိရှိခဲ့ပြီး ဒီအခြေအနေဟာ အာရှမှာဆိုရင် အနည်းငယ်သော ဧကရာဇ်တွေ၊ အရှေ့တောင်အာရှမှာဆိုရင် ဘုရင့်နောင်တစ်ပါးတည်းကသာ တည်ဆောက်နိုင်ခဲ့တဲ့ အခြေနေလို့ ဆိုရမှာပါ။ နန္ဒဘုရင်ဟာ ဟံသာဝတီအင်ပါယာကြီးကို အမွေဆက်ခံပြီးနောက် သားတော်ကြီးဖြစ်တဲ့ မင်းကြီးစွာကို မဟာဥပရာဇာအဖြစ် ခန့်အပ်ခဲ့တာပါ။ နန္ဒဘုရင်ဟာ သားသုံးယောက်ထွန်းကားခဲ့ပြီး သူတို့တစ်တွေကတော့ မင်းကြီးစွာ၊ မင်းရဲကျော်စွာ၊ မင်းကြီးနှောင်းတို့ ဖြစ်ပါတယ်။ နန္ဒဘုရင်ဟာ သားတော်ကြီးမင်းကြီးစွာကို အင်းဝဘုရင်ရဲ့ သမီးဖြစ်တဲ့ နတ်ရှင်မယ်တော်နဲ့ လက်ထက်ပေးခဲ့ပြီး အိမ်ရှေ့မင်းအဖြစ် ခန့်အပ်ခဲ့တာတာပါ။

တကယ်တော့ မင်းကြီးစွာဟာ နတ်ရှင်မယ်တော်ကို ချစ်ခင်မြတ်နိုးသူတစ်ယောက် မဟုတ်ပါဘူး။ သူ့ရဲ့ရင်ထဲမှာ တိပ်တခိုးစွဲလမ်းနေရတာက ဓာတုကလျာပဲဖြစ်ပါတယ်။ ပြဿနာအစက အဲဒီအနေရာကနေ စတင်လာခဲ့တာလို့ ဆိုရင်မှားမယ် မထင်ပါဘူး။ မင်းကြီးစွာက ဓာတုကလျာအပေါ် ချစ်နေတာကို အကြောင်းပြုပြီး မင်းကြီးစွာနဲ့ နတ်ရှင်မယ်တော်တို့ရဲ့ အိမ်ထောင်ရေးက အဆင်မပြေလှပါဘူး။ တစ်နေ့ မင်းကြီးစွာနဲ့ နတ်ရှင်မယ်တော် စကားများရာကတစ်ဆင့် မင်းကြီးစွာက တွန်းလိုက်တဲ့အတွက် နတ်ရှင်မယ်တော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီအကြောင်းကို နတ်ရှင်မယ်တော်က ဖခင်သတိုးမင်းစောထံ ပြန်လည်တိုင်ကြားရာကတစ်ဆင့် ဟံသာဝတီနဲ့ အင်းဝအကြား ဆက်ဆံရေးတွေ တင်းမာလာခဲ့ရတာဖြစ်ပါတယ်။

နှစ်ထပ်ကွမ်းဆွေမျိုးတွေ
++++++
နတ်ရှင်မယ်တော်ရဲ့ အဖေဖြစ်တဲ့ အင်းဝဘုရင် သတိုးမင်းစောဆိုတာကလည်း တစ်ခြားသူလို့ မဆိုနိုင်ပါဘူး။ သူဟာ ဘုရင့်နောင်မင်းတရားကြီးရဲ့ ညီအငယ်ဆုံးဖြစ်တာကြောင့် ဘုရင့်နောင်မင်းတရားရဲ့ သားတော်ဖြစ်တဲ့ နန္ဒဘုရင်နဲ့ဆိုရင် ဘကြီးတော်စပ်သူဖြစ်ပါတယ်။ နောက်ပြီး သား၊ သမီးအပြန်အလှန် ပေးစားထားကြတာဖြစ်လို့ နှစ်ထပ်ကွမ်း ဆွေမျိုးတော်စပ်ကြသူတွေလည်း ဖြစ်ပါတယ်။ ဒီလိုအခြေနေကြားမှာ ဖြစ်ပွားလာတဲ့ အဆင်မပြေမှုတွေ၊ နားလည်မှုတွေဆိုတာ အေးအေးဆေးဆေး ပြီးသွားရမယ့် အရာတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီအခြေနေတွေကို နှစ်ယောက်လုံးက မျက်ကွယ်ပြုလိုက်ကြပြီး စစ်ဖြစ်မယ့်လမ်းကြောင်းပေါ်ကို တက်လာကြတဲ့ တစ်ခုတည်းသော အကြောင်းပြချက်ကတော့ “မာန”ဆိုတဲ့ အရာထက် အရေးကြီးတဲ့ အကြောင်းပြချက် တစ်စုံတစ်ရာ ရှိနိုင်တော့မှာ မဟုတ်ပါဘူး။ အင်းဝဘုရင်သတိုးမင်းစောကလည်း နန္ဒဘုရင်ဆိုတာ သူ့လက်ထဲမှာ ကြီးပြင်းလာတဲ့ သူငယ်နှပ်စား လေးလို့ မြင်တာကြောင့် သူဖက်ကနေ စပြီးမလျှော့နိုင်ဘူး။ ဒီလိုပါဘဲ နန္ဒဘုရင်ဖက်ကနေ ကြည်လိုက်မယ်ဆိုရင် လည်း သူကဧကရာဇ်ဖြစ်ပြီး သတိုးမင်းစောက ဘုရင်ခံတစ်ပါးသာဖြစ်တာကြောင့် သူ့ဖက်ကလည်း မလျှော့နိုင်ဘူးလို့ တင်းခံနေပြန်တယ်။ ဒီမာနတရားကပဲ သူ့တို့နှစ်ယောက်ကို စစ်ဖြစ်မယ့် လမ်းကြောင်းပေါ်ကို တင်ပေးလိုက်တာ ဖြစ်ပါတယ်။

အကျိုးမရှိတဲ့ စစ်ပွဲ
+++++++
စစ်ပွဲဖြစ်ကြတဲ့အခါမှာတော့ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွတ်တဲ့ကိန်း ဆိုက်လာခဲ့ပါတယ်။ တိုက်ရိုက် အနေနဲ့ဆိုရင် အင်းဝဘုရင်က စစ်ပွဲအတွင်းမှာပဲ ကျဆုံးသွားခဲ့တာဖြစ်လို့ နန္ဒဘုရင် အနိုင်ရသွားတယ်လို့ ထင်စရာပါ။ ဥပစာအနေနဲ့ ရှုံးနိမ့်သွားတာက နန္ဒဘုရင်ပဲဖြစ်ပါတယ်။ နန္ဒဘုရင်ရဲ့အရှုံးက တိုင်းပြည်နဲ့ချီတဲ့အထိ ရိုက်ခက်မှုက ပြင်းထန်သွားတာဖြစ်လို့ ပိုပြီးပြင်းထန်လှပါတယ်။ စစ်ပွဲဖြစ်လိုက်လို့ ယိုးဒယားက အမြတ်ထုတ်လာတာကို ခံလိုက်ရတာပါ။ ဒါကို နန်္ဒဘုရင်က မကျေနပ်ပါဘူး။ သူ့တိုင်းပြည်ကို စော်ကားရမလားဆိုတဲ့ ရာဇမာန်တက်ကာ ယိုးဒယားကို ငါးကြိမ်တိုင်တိုင် စစ်ချီခဲ့ပါတယ်။ အဲဒီစစ်ပွဲတွေကြောင့်ပဲ သားတော်ကြီး အိမ်ရှေ့မဟာဥပရာဇာ ကျဆုံးသွားခဲ့ရသလို တိုင်းပြည်အင်အားတွေလည်း အများကြီး ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။ အင်အားတွေ လျော့ပါးသွားချိန်မှာ ရောင်စုံသောင်းကျန်းမှုကြီးက ဖြစ်လာတာကြောင့် နောက်ဆုံးမှာတော့ အခြေနေတွေဟာ ထိမ်းသိမ်းလို့မရတော့ပဲ သမိုင်းတစ်လျောက် အကျယ်ပြန့်ဆုံးဖြစ်ခဲ့တဲ့ ဟံသာဝတီအင်ပါယာကြီးဟာ နန္ဒဘုရင် အုပ်ချုပ်ပြီး ၁၈-နှစ်အကြာမှာပဲ မြေခသွားခဲ့ရပါတော့တယ်။

မာနကို ဖယ်ရှားနိုင်မှသာ
+++++++
တကယ်တော့ မာနတရားဆိုတာ လူတစ်ယောက်အတွက် ကောင်းကျိုးတွေကို ဖန်တီးယူဆောင်ပေးနိုင်လေ့ မရှိပါဘူး။ မှန်ကန်တဲ့ ပြိုင်ဆိုင်မှုတွေကို လိုအပ်တာမှန်ပေမယ့် အရာဌာနမဟုတ်တဲ့ နေရာတွေမှာ မောက်မောက် မာမာနဲ့ ဆက်ဆံနေကြတာဟာ ပက်ဝန်းကျင်အတွက်လည်း မကောင်းသလို ကိုယ့်အတွက်လည်း အဆင်မပြေ လှပါဘူး။ ဒါကြောင့် မာနတရားကို အခြပြုပြီးဖြစ်လာတဲ့ ရန်ငြိုးတွေရဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်လာခြင်း မရှိ ရအောင် အသိတရား၊ သတိတရားတွေနဲ့ လက်ကိုင်ဖြေရှင်းသွားဖို့ လိုအပ်လှပါတယ်။ ဒါမှသာ အေးချမ်းသာယာတဲ့ ဘ၀၊ အေးချမ်းသာယာတဲ့ လူနေမှုပုံစံတွေကို တည်ဆောက်သွားနိုင်မှာဖြစ်ပါတယ်။ ၁၆-ရာစု အစောပိုင်းက မြန်မာ့ သမိုင်းတွေက သင်္ခန်းစာယူစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ သမိုင်းထဲက အကြောင်းအရာတွေကို သင်္ခန်းစာယူကာ မျက်မှောက်ခေတ်မှာ ကောင်းမွန်တဲ့ အခြေနေတွေကို ဖန်တီးတည်ဆောက်သွားကြရမှာက လက်ရှိပစ္စုပ္ပန်လူသား တွေရဲ့ သမိုင်းပေးတာဝန်ကြီးပဲ ဖြစ်ပါတော့တယ်။

ကျမ်းကိုး-
ဦးကုလားမဟာရာဇ၀င် (တတိယတွဲ)
မင်းဆယ်ပါးရာဇ၀င်- ဒေါက်တာမတင်ဝင်း
မြန်မာရာဇ၀င် စစ်ဘုရင်နဲ့စစ်တပ်ရဲ့ကဏ္ဍ (ဒုတိယအုပ်)

မောင်ဉာဏ်မင်း (ဆားလင်းကြီး)

1957 ခုနှစ်က ရန်ကုန်တက္ကသိုလ်ရဲ့ စာသင်ချိန်တချို့ကို ရိုက်ကူးထားသော Video တိုများနှင့်၊ တချိန်က အရှေ့ တောင်အာရှရဲ့ အ ကောင်းဆုံးတက္ကသိုလ် (သို့) ရန်ကုန်တက္ကသိုလ် အ ကြောင်း