ဖုန်းလုယက်မှု ဖမ်းဆီးစဉ် ဓားဖြင့်ပြန်ထိုးသဖြင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့သည့်အမှု့ မှ တရားခံ များအား ဖမ်းမိ

Posted on

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက် မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် နေမောင်ကောင်းထက်လင်း (၁၅) နှစ်ပါ ၂ ဦးသည် ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက် ဘုရားလမ်းဘူတာမှ ရန်ကုန်ဘူတာကြီးသို့ မီးရထားသံလမ်းအတိုင်းလမ်းလျှောက်လာစဉ် ဗိုလ် ချုပ်အောင်ဆန်း ဈေးအနောက်ဘက်ရှိ လူကူးဂုံးတံတားအောက်အရောက်၌ မဲလုံး(၁၉)နှစ်၊ အောင်သူ (၂၀)နှစ်နှင့် အောင်ကိုဦး(၁၉)နှစ်တို့ ၃ ဦး ရောက်ရှိလာပြီး ဓားဖြင့်ခြိမ်းခြောက်၍ မောင်ကောင်းထက်လင်း၏ လွယ်အိတ်အတွင်းမှ Vivo-51 အမျိုးအစား ဖုန်း ၁ လုံးကို လုယူကာ ဘုရားလမ်းဘူတာဘက်သို့ ထွက်ပြေးသွားခဲ့သည်ဆို၏။

ဗဟုသုတရ စေမည့် ရှားပါး အကြောင်းအရာများ တင်ဆက် ပေးတဲ့ Youtube Channel လေးဖြစ်လို့ Subscribe လုပ်ထားကြပါအုံးနော် 1957 ခုနှစ်က ရန်ကုန်တက္ကသိုလ်ရဲ့ စာသင်ချိန်တချို့ကို ရိုက်ကူးထားသော Video တိုများနှင့်၊ ရန်ကုန်တက္ကသိုလ်ရဲ့ အ ကြောင်းရာ အချို့ပါဝင်ပါသည်။

အဆိုပါဖြစ်စဉ်ကို ရန်ကုန်ဘူတာကြီးရဲစခန်းသို့လာရောက်အကြောင်းကြားခဲ့သဖြင့် ရန်ကုန် ဘူတာကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကတရားခံများအား စုံစမ်းဖမ်းဆီးရာ မဲလုံးအား ပန်းဆိုးတန်း ခုံးတံတားအောက်၌ ဖမ်းဆီးရမိပြီး အောင်သူပါ ၂ ဦးမှာ သိမ်ဖြူမီးရထားရပ်ကွက် ဘက်သို့ ထွက်ပြေးသွား၍ ရဲဒုတကမျိုးမြင့်လွင် ဦးစီး ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့စဉ် အောင်သူက အရိုးအသွား ၉ လက်မခန့်ရှိဓားဦးချွန်ဖြင့် ထိုးပြီးထွက် ပြေးသွားသောကြောင့် ရဲဒုတက မျိုးမြင့်လွင်တွင် ဝဲရင် အုံ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ဝဲဘက်ထိုးသွင်းဒဏ်ရာ ၁ ချက်ရရှိကာ သေဆုံးသွားခဲ့သည်။

၎င်းတို့ ၃ ဦးအား ဒဂုံမြို့မရဲစခန်း(ပ)၂၃၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၉၂(လူသတ်မှု၊လုယက်မှု)ဖြင့် အမှုဖွင့်ပြီး ထွက်ပြေးတရားခံ ၂ ဦးကိုဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းရှာဖွေခဲ့ရာ အောင်ကိုဦးနှင့် အောင်သူတို့အား စက်တင်ဘာလ ၂၄ ရက်တွင် မင်းရဲကောင်းပုံလမ်းနှင့် ဂရုဏာလမ်းထောင့်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ ယနေ့ (စက်တင်ဘာ ၂၄ ) ညနေပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

Refး မြန်မာနိုင်ငံရဲတပ်ဖွဲ့ 

1957 ခုနှစ်က ရန်ကုန်တက္ကသိုလ်ရဲ့ စာသင်ချိန်တချို့ကို ရိုက်ကူးထားသော Video တိုများနှင့်၊ တချိန်က အရှေ့ တောင်အာရှရဲ့ အ ကောင်းဆုံးတက္ကသိုလ် (သို့) ရန်ကုန်တက္ကသိုလ် အ ကြောင်း