ပွဲကြည့်သွားမယ် ပြောပြီး ၂ ဦးစလုံး ကြိုးဆွဲချအဆုံးစီရင်သွားတဲ့ (၁၇) နှစ် (၁၈) နှစ် ရည်းစားစုံတွဲ

တောင်ဝိုင်းတောင်ခြေတွင် သမီးရည်းစားနှစ်ဦး ကြိုးဆွဲချသေဆုံး

ကရင်ပြည်နယ်၊ နောင်ပလိန်ကျေးရွာအုပ်စု၊ တံတားဦးကျေးရွာအုပ်စု၊ တောင်ဝိုင်းတောင်ခြေတွင် မတ်လ ၄ ရက်နေ့ ၁၁း၀၀ နာရီအချိန်ခန့်က လူနှစ်စုံတွဲနှစ်ဦး ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ နောင်ပလိန် ကျေးရွာအုပ်စု တံတားဦး ကျေးရွာနေမောင်စောသန်းဦး (ခ) ကျော်ဖိုးအဲ (သ) ၁၈ နှစ်၊ မတ်လ ၃ ရက်နေ့ ညနေပိုင်းတွင် ၎င်းနှင့် ရီးစားဖြစ်နေသူ နောင်ပလိန် ကျေးရွာအုပ်စု၊ နောင်ဖလဲ ကျေးရွာနေ နန်းဝါဝါခိုင် (ခ) နော်ကလောင်ကလိုင်း (သ) ၁၇ နှစ်အား ပွဲကြည့်ရန်ဟုပြောဆိုခေါ်ယူ၍ထွက်သွားရာမှ တစ်ညလုံး ပြန်ရောက်လာခြင်းမရှိပဲ မတ်လ ၄ ရက်နေ့ ၁၁ အချိန်ခန့်တွင် တောင်ဝိုင်းတောင်ခြေရှိ သေဆုံးသူ စောသန်းဦး၏ အဒေါ်ဖြစ်သူ ဒေါ်အော်လေးမြိုင်၏ ဈေးရောင်းချသော တောင်ဝိုင်းတောင်ခြေရှိ ဈေးဆိုင်၏ ထုတ်တန်းတွင် ငါးမူးလုံးခန့်ရှိ နိုင်လွန်ကြိုးဖြင့် နှစ်ဦးလုံး ချည်နှောင်ကာ လိုက်ကာဖြင့်ကွယ်၍ ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှ နယ်မြေခံရဲစခန်းသို့ သတင်းပို့အကြောင်းကြားပြီး နယ်မြေခံရဲစခန်းမှ လိုအပ်သောစစ်ဆေးမှုများပြုလုပ်ကာ စောသန်းဦး(ခ)ကျော်ဖိုးအဲနှင့် နန်းဝါဝါခိုင်(ခ)နော်ကလောင်ကလိုင်းတို့နှစ်ဦး သေဆုံးခြင်းအပေါ် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

Credit:ဘားအံသတင်း

နှစ်သက်ရင် Share သွားနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *