YBS-27 ယာဉ်ပေါ်က ဆင်းလာတဲ့ ဖုန်း ခါးပိုက်နှိုက် ၃ ဦးကို ဖမ်းမိရာမှ ဖုန်း ၃၂ လုံး နှိုက်ယူထားကြောင်း ပေါ်ပေါက်

Posted on

YBS-27 ယာဉ်ပေါ်က ဆင်းလာတဲ့ ခါးပိုက်နှိုက် နောက်ကြောင်းရှိသူ သုံးဦးဖြစ်တဲ့ သုတခန့်ညား (ခ) ဖိုးသု၊ ထက်လင်းစိုး (ခ) ကိုထက်နဲ့ ရှိုင်းသူရိန် (ခ) သူသူ တို့ ကို ဖမ်းဆီး စစ်ဆေးရာ ဖုန်း ၃၂ လုံး နှိုက်ယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။

ခါးပိုက်နှိုက်မှုတွေ ကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိ အသေးစိတ် တိုက်ဆိုင် စစ်ဆေးရာ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လနဲ့ စက်တင်ဘာလတွေ အတွင်းမှာ ဖုန်းအလုံး ၃၂ လုံးတိတိ နှိုက်ထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ဆေးပေါ်ပေါက်ချက်အရ အမှုက သက်သေခံ ပစ္စည်းတွေကို သိမ်းဆည်းရရှိကာ ခါးပိုက်နှိုက်မှု ကျူးလွန်သူ သုတခန့်ညား အပါအဝင် သုံးဦးကို ဥပဒေနဲ့အညီ အမြန်တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်နေပြီး ဖုန်းပျောက်ဆုံးထားတဲ့ ပိုင်ရှင်တွေ အနေနဲ့ သက်ဆိုင်ရာ မြို့မရဲစခန်းတွေမှာ ဆက်သွယ် စုံစမ်းနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။