ဖုန်းလေး တစ်လုံးအတွက် လူတွေဒီလောက်တောင် ယုတ်မာနေကြပြီလား…..?

Posted on

ဒီ ည.. သေကံမရောက်လို့.. အသက်မပျောက်ခဲ့…

ဗဟုသုတရ စေမည့် ရှားပါး အကြောင်းအရာများ တင်ဆက် ပေးတဲ့ Youtube Channel လေးဖြစ်လို့ Subscribe လုပ်ထားကြပါအုံးနော် 1957 ခုနှစ်က ရန်ကုန်တက္ကသိုလ်ရဲ့ စာသင်ချိန်တချို့ကို ရိုက်ကူးထားသော Video တိုများနှင့်၊ ရန်ကုန်တက္ကသိုလ်ရဲ့ အ ကြောင်းရာ အချို့ပါဝင်ပါသည်။

ကျနော် မကွေးမြို့ထဲကနေ ကံပြားဘက်ကျောင်းကို ပြန်လာခဲ့တယ် ။ ပြန်လာတာတော့ နောက်ကျ ပါတယ် ။ ည ( ၁၀ )နာရီ ထိုးပြီးသွားပြီ ။ မကွေးမြို့ မှ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်အနားလည်း ရောက်ရော လမ်းတစ်ဖက် တစ်ချက်ဆီကနေ မျက်နှာဖုံးစွပ်ထားတဲ့ လူနှစ်ယောက်စီ ထွက်လာပြီး လမ်းမပေါ် မှာ ကြိုတင် ချထားတဲ့ ကြိုးတစ်ချောင်း ကို ကောက်ကိုင်ပြီး ကျနော့်ဆိုင်ကယ်ရှေ့ ကန့်လန့်ဖြက် တားလိုက် တယ် ။

ကြိုးက ကျနော့် လည်မြိုဆီကို တည့်တည့် လာပါတယ်။ ကျနော်လည်း သတိဝင်လာပြီး ဆိုင်ကယ်ကို စောင်းလှဲ၊ ခေါင်းငုံ့ရင်း ကြိုးအောက်ကနေ မောင်းထွက်လိုက်တယ်။ မျက်နှာဖုံးစွပ် လူလေးယောက်လည်း ဆိုင်ကယ်နှစ်စီးနဲ့ ကျနော့်နောက်ကနေ အတင်း ထပ်လိုက်လာပြန်ပါတယ်။ လေယာဉ်ကွင်းလမ်း၊ ဓာတ်ဆီဆိုင် အနားရောက်မှ ပြန်လှည့်သွားပါတယ်။

ဆိုတော့ တစ်နာရီ ကီလိုမီတာ (၆၀)နှုန်းနဲ့ မောင်းလာတဲ့ ဆိုင်ကယ်ကို (၁၀) ပေခန့် အကွာကနေ အရုတ်တရက် ကြိုးတားလိုက်တယ်ဆိုတာ အရမ်းကို အန္တရာယ်များပါတယ်။ အခန့်မသင့်လို့ မရှောင်းတိမ်းနိုင်ရင် ကြိုးနဲ့ လည်းပင်းနဲ့တိုက်ညိပြီး ကျနော့် အသက်ပါ ပွဲချင်းပြီး သေသွားနိုင်ပါတယ်။ အသက်မသေရင်တောင် ကျိုးကြေကုန်မှာ သေချာပါတယ်။

ကျနော် စီးလာတဲ့ ဆိုင်ကယ်၊ ကျနော့်ဆီမှာ ပါလာတဲ့ ဖုန်း၊ ဒါမှမဟုတ် ပိုက်ဆံ။ အဲ့ဒါတွေ လိုချင်တာနဲ့ပဲ အခုလို လုပ်ရသလား? လူတစ်ယောက်ရဲ့ အသက်၊ လူတစ်ယောက်ရဲ့ ဘဝကို တန်ဖိုးထားရကောင်း မသိလေသလား။ တစ်ချို့မှာ လူစိတ်တွေ ပျောက်ကုန်ကြပြီ။ တရားဥပဒေစိုးမိုးဖို့ ပိုမို လိုအပ်လာပါပြီ။ တရားဥပဒေ စိုးမိုးမှု ဆိုတာ ဖြစ်ပြီးသွားတဲ့ ကိစ္စရပ်တွေမှာပဲ တာဝန်ယူဖြေရှင်း အပြစ်ဒဏ် ခတ်ရုံမျိုး မဟုတ်ဘဲ ဖြစ်မလာအောင် ကာကွယ်တဲ့နေရာတွေမှာလည်း တာဝန်ခံသင့်ပါတယ်။

ဆိုတော့ မကွေးမြို့က ရဲတပ်ဖွဲ့ကိုလည်း အကူညီတောင်းဆိုပါတယ်။ မကွေး- ကံပြားလမ်းက (၇)မိုင် ဝေးတယ်ဆိုပေမယ့်လည်း နယ်ထိန်းတွေ၊ လှည့်ကင်းတွေအနေနဲ့ လူပြတ်တဲ့နေရာတွေမှာ ရှောင်တခင် လှည့်လည်ပေးစေချင်တယ်။ နောက်နောင် ဖြစ်လာရင် လူတစ်ဦးတစ်ယောက်ရဲ့ အသက်နဲ့ဘဝအတွက် ကိုယ်တွေ့ကြုံခဲ့ရတာမို့ ကိုယ်ချင်းစာမိလို့ပါ။ တစ်ချို့မှာ လူစိတ်လုံ့ဝ မရှိတော့ပါဘူး။ ကိုယ်ဖြစ်ရင် ကိုယ်ပဲ ခံရမှာပါ။ ညနက်ရင် လူပြတ်တဲ့နေရာဆို သတိရှိရှိ သွားလာကြပါ။ တရားဥပဒေကနောက်မှ။ လူအသက်ဆိုတာ အပိုမပါပါဘူး။

crd:Nay Myo Ko Ko

1957 ခုနှစ်က ရန်ကုန်တက္ကသိုလ်ရဲ့ စာသင်ချိန်တချို့ကို ရိုက်ကူးထားသော Video တိုများနှင့်၊ တချိန်က အရှေ့ တောင်အာရှရဲ့ အ ကောင်းဆုံးတက္ကသိုလ် (သို့) ရန်ကုန်တက္ကသိုလ် အ ကြောင်း