ပြင်ဦးလွင်မှာ ဖြစ်ပွားခဲ့သည့် ၃ နှစ်သမီးလေးကို ၁၂ နှစ်ကောင်လေးက ရိုက်လို့သေရတဲ့ ဖြစ်ရပ်မှန်သတင်းအပြည့်စုံ

Posted on

ပြင်ဦးလွင်မြို့နယ် သာယာကုန်း ကျေးရွာနေဒေါ်မာယာ၊ (သ)၄၆ နှစ်၊ (ဘ)ဦးရန်းဗဟာဒူး၊ မပတ(မရှိ)၊ ဂေါ်ရခါး/ဗုဒ္ဓ၊ အဝတ်လျှော် လုပ်ကိုင်သူသည် ၂၀၁၉ အောက်တိုဘာလ ၆ ရက်နံနက်(၉)နာရီအချိန်တွင် နေအိမ်တွင် ထမင်းဟင်းချက်ပြုတ်နေစဉ် အသက်(၃) နှစ်အရွယ်သမီးဖြစ်သူ မဒရာသားမှ ၎င်းနေအိမ်၏အပြင်ဘက်လမ်းမပေါ်တွင် ဆော့ကစားနေစဉ်သမီးဖြစ်သူအား တစ်ရွာတည်းနေစိုးဝင်းအောင်၊ (သ)၁၂ နှစ်၊ (ဘ)ဦးညွန့်ဝင်း၊ မပတ(မရှိ)၊ ဂေါ်ရခါး/ဗုဒ္ဓ၊ ထင်းခွေလုပ်၊ သာယာကုန်းရွာ၊ပြင်ဦးလွင်မြို့နယ်နေသူမှမြင်းခွာရွက်သွားတူးရအောင်လာသွားမည်” ဟုပြောသဖြင့်ဒေါ်မာယာမှ “ဘယ်သွားမှာလဲ၊ မလိုက်ရဘူး၊ လိုက်ရင်ရိုက်မည်”ဟုပြောဆိုခဲ့သည်။

ထို့နောက် သမီးဖြစ်သူ မဒရာသားမှ“အိမ်သာတက်အုံးမည်၊ မလိုက်တော့ဘူး”ဟုပြောသဖြင့်ဒေါ်မယာမှာစိတ်ချပြီးထမင်းဟင်းချက်ပြုတ်နေခဲ့ရာနေ့လည်(၁၁)နာရီအချိန်ခန့်တွင် သမီးဖြစ်သူပျောက်နေသဖြင့် လိုက်လံရှာဖွေနေရင်းတစ်ရွာတည်းနေ စိုးဝင်းအောင်မှာတောင်ပေါ်မှ ဆင်းလာသည်ကိုတွေ့မြင်သဖြင့်
“ကလေးဘယ်မှာလဲ” ဟုမေးမြန်းရာ စိုးဝင်းအောင်မှ“မြင်းခွာရွက်တူးနေတယ်”ဟု ပြောသဖြင့်
တောင်ပေါ်သို့လိုက်လံရှာဖွေစဉ်မတွေ့ရှိသဖြင့် ပြန်လည်ဆင်းလာခဲ့သည်။

နေ့လည်(၂)နာရီအချိန်ခန့်တွင်သမီးဖြစ်သူအားရွာထဲတွင်ရှာဖွေ၍မတွေ့သဖြင့် တောင်ကုန်းပေါ်သို့
တက်၍ ဆက်လက်ရှာဖွေခဲ့ရာသာယာကုန်းကျေးရွာနှင့် လေးအိမ်စုရွာကြားရှိတောင်ကုန်းပေါ်တွင် သမီးဖြစ်သူ မဒရာသားမှာ ပက်လက်အနေအထားဖြင့်ဝဲနားနောက်ဖူးရောင်ဒဏ်ရာ၊ယာပါးဖူးရောင်ညိုမဲဒဏ်ရာ၊ နှာခေါင်းပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်။

ထို့နောက် သမီးဖြစ်သူမှာနံနက်ခင်းပိုင်းအချိန်တွင်မြင်းခွာရွက်တူးရန်သွားအတွက်စိုးဝင်းအောင်နှင့်အတူသွားခဲ့သဖြင့် ၎င်း စိုးဝင်းအောင်အား ကျေးရွာရှိရာအိမ်မှူးများမှဝိုင်းဝန်းမေးမြန်းစဉ်စိုးဝင်းအောင်မှာ သမီးဖြစ်သူအားတောင်ကုန်းပေါ် သို့မြင်းခွာရွက်တူးရန်သွားစဉ်သမီးဖြစ်သူနှင့်တစ်ယောက်တစ်ခွန်းစကားများပြီး
စိတ်မထိန်းနိုင်သဖြင့် စိုးဝင်းအောင်မှဇီးဖြူသီးကိုင်းဖြင့် ရိုက်နှက်ခဲ့ပြီးသေဆုံးရခြင်းဖြစ်ကြောင်း ပြောပြသိရှိခဲ့ရသည်။

သို့ဖြစ်ပါ၍ သမီးဖြစ်သူ မဒရာသားအားသေဆုံးစေသည်အထိ ဇီးဖြူသီးကိုင်းဖြင့်ရိုက်နှက်ခဲ့သူစိုးဝင်းအောင် အပေါ်ဥပဒေအရအရေးယူပေးပါရန် ဒေါ်မာယာမှတိုင်စာပေးပို့တိုင်တန်းလာသဖြင့်ပြင်ဦးလွင်မြို့မရဲစခန်းမှ
(ပ)၁၀၈၈/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရအမှုဖွင့်လှစ်ပြီးဒုရဲမှူး စစ်ဆေးလျှက်ရှိကြောင်း သိရှိရပါသည်။