အမျိုးသား ၄ ဦး က တပ်​ကြပ်​ကြီး ကို ဓားနဲ့ခုတ်​ပြီး ပစ္စည်းနဲ့ငွေတွေ လုပြေးတဲ့ဖြစ်​ရပ်

Posted on

မန္တလေးတိုင်း ဒေသကြီးမိတ္တီလာမြို့စက်မှုဇုံ(၅) မိုင်ကွန်ကရစ် လမ်းထနောင်းကန်ကျေးရွာလမ်းခွဲ အနီးတပ်မတော်အကြီးစားစက်ရုံမှစစ်သည်အား ဓားနှင့်ခုတ်၍ဖုန်းနှင့်ပိုက်ဆံအိတ်လုယက်မှုဖြစ်ပွားခဲ့ကြောင်းစုံစမ်းသိရသည်။

ဗဟုသုတရ စေမည့် ရှားပါး အကြောင်းအရာများ တင်ဆက် ပေးတဲ့ Youtube Channel လေးဖြစ်လို့ Subscribe လုပ်ထားကြပါအုံးနော် 1957 ခုနှစ်က ရန်ကုန်တက္ကသိုလ်ရဲ့ စာသင်ချိန်တချို့ကို ရိုက်ကူးထားသော Video တိုများနှင့်၊ ရန်ကုန်တက္ကသိုလ်ရဲ့ အ ကြောင်းရာ အချို့ပါဝင်ပါသည်။

အောက်တိုဘာ(၆)ရက်ညနေ(၅း၄၀)အချိန်ခန့် မိတ္တီလာမြို့အမှတ်(၁၀)တပ်မတော်အကြီးစားစက်ရုံပုံစံထုတ်သူတေသနဌာနမှတကကသက်ဝေ(တတိယနှစ်ပထဝီအဝေးသင်မိတ္တီလာတက္ကသိုလ်)မှစာမေးပွဲဖြေဆိုရန်အတွက်ပေါက်ချောင်းရပ်ကွက်ရှိကျုရှင်မှသူငယ်ချင်းတကကပိုင်စိုးသူ(တတိယနှစ်ပထဝီ)၏ဆိုင်ကယ်ဖြင့်လိုက်ပါပြီးတပ်သို့ပြန်လာကြစဉ်ညနေ(၆း၁၅)အချိန့်စက်မှုဇုံ(၅)မိုင်ကွန်ကရစ်လမ်းထနောင်းကန်ကျေးရွာလမ်းခွဲအနီးအရောက်အမည်မသိအမျိုးသားတစ်ဦးမောင်းနှင်ပြီးနောက်တွင်အမျိုးသား(၃)ဦးလိုက်ပါလာသောနံပါတ်မပါလော့ဂျာနက်ပြာရောင်ဆိုင်ကယ်မှကျော်တက်မောင်းနှင်ပြီးရှေ့မှကန့်လန်ဖြတ်ပိတ်၍အမျိုးသား(၄)ဦးအနက်ဆိုင်ကယ်နောက်မှလိုက်ပါလာသူအမည်မသိအမျိုးသားအသက်(၃၅)နှစ်အရပ်ပုအသားညို(လူမြင်မှတ်မိ)သူမှဟိုနေ့က

ပြသနာရှာတာမင်းတို့လားဟုပြောပြီး၎င်းလက်တွင်ပါလာသောအရိုးအသွား(၁၀)လက်မဗျက်(၄)လက်မခန့်ရှိမီးဖိုဆောင်သုံးစတီးဓားပြားဖြင့်(၃/၄)ချက်ခုတ်ရာယာလက်ဖြင့်ကာလိုက်သဖြင့်ယာလက်ဖဝါးပြတ်ရှဒဏ်ရာ(၁)ယာလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ(၁)ချက်ရရှိနေစဉ်၎င်းအမည်မသိအမျိုးသားမှသူငယ်ချင်းတကကပိုင်စိုးသူအားဆက်လက်ဓားနှင့်ခုတ်ရာရှောင်တိမ်းလိုက်၍တကကပိုင်စိုးသူတွင်ဒဏ်ရာမရရှိခဲ့ကြောင်းဆက်လက်၍ဓားနှင့်ခုတ်သူမှတကကသက်ဝေ၏ MI NOTE 7 ရွှေရောင်ဖုန်း(၁)လုံးတန် ဘိုး(၂၄၀၀၀၀/-)ခန့်နှင့်ငွေရောရာ(၁၂၀၀၀/-)ပါ အညိုရောင်ပိုက်ဆံအိတ်တို့အားလုယူပြီး၎င်းတို့(၄ဥိးးမှာဆိုင်ကယ်နှင့်မောင်းနှင်ထွက်ပြေးသွားကြ ကြောင်းသိရသည်။

ဖြစ်စဉ်အရလူကိုဓားနှင့်ခုတ်ဒဏ်ရာရရှိအောင် ပြုလုပ်ပြီးဖုန်းနှင့်ပိုက်ဆံအိတ်လုယက်ယူဆောင် ထွက်ပြေးသွားသည့်အမည်မသိအမျိုးသား(၄)ဦး အားအရေးယူပေးရန်တကကသက်ဝေ၏တိုင်ကြားချက်အရမိတ္တီလာမြို့အမှတ်(၃)နယ်မြေရဲစခန်း(ပ)၃၅၇/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့်အမှုဖွင့်အရေးယူပြီးပြစ်မှုကျူးလွန်သူများဖမ်းဆီးရမိရေးအတွက်စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ref:ရွှေမောင်မောင်(မိတ္တီလာ)(SH သတင်းဌာန) ရှုထောင့်​မှုခင်းနှင့်​ သတင်းဂျာနယ်​ အမှန်​တရားဂျာနယ်

1957 ခုနှစ်က ရန်ကုန်တက္ကသိုလ်ရဲ့ စာသင်ချိန်တချို့ကို ရိုက်ကူးထားသော Video တိုများနှင့်၊ တချိန်က အရှေ့ တောင်အာရှရဲ့ အ ကောင်းဆုံးတက္ကသိုလ် (သို့) ရန်ကုန်တက္ကသိုလ် အ ကြောင်း