ဗစ္တိုးရီးယား အမႈ (၈) ႀကိမ္ေျမာက္ ႐ုံးခ်ိန္းတြင္ ေဒၚဥမၼာလႈိင္ရဲ႕ အမ်ိဳးသား ရဲအုပ္ရန္ေနာင္စိုးႏွင့္ ယာဥ္ေမာင္း ၂ ဦးကိုပါ စစ္ေဆးေမးျမန္းမည္

Posted on

ဗစ္တိုးရီးယားအမႈ ၈ ႀကိမ္ေျမာက္႐ုံးခ်ိန္းတြင္ Wisdom Hill ေက်ာင္းရဲ႕ ေက်ာင္းႀကီးၾကပ္ေရးမႉးျဖစ္သူ ေဒၚဥမၼာလႈိင္ ၏ အမ်ိဳးသားျဖစ္သူ ရဲအုပ္ရန္ေနာင္စိုးႏွင့္ ကေလးငယ္ေလး၏ ေက်ာင္းကား ေမာင္းသည့္ ယာဥ္ေမာင္းဝန္ထမ္း ၂ ဦးကို ယေန႔ တြင္ ႏွစ္ဖက္ေရွ႕ေနမ်ားက အျပန္အလွန္ စစ္ေဆးေမးျမန္းမႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္ကေျပာသည္။

ထိုသို႔ စစ္ေဆးေမးျမန္းမွာၿပီးပါက အခ်ိန္မ်ားရရွိပါကလည္း ေက်ာင္းမွ CCTV တာဝန္ခံကိုလည္း စစ္ေဆးေမးျမန္းမႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းသိရသည္။

တရားခံဟုယူဆထားသူ ယာဥ္ေမာင္းေအာင္ႀကီးအတြက္လည္း ယေန႔ တရားခြင္ စစ္ေဆးမႈအေျခအေန စစ္ေဆးမႈေပၚမူတည္၍ အာမခံ ရရွိႏိုင္ေရးအတြက္ ႏႈတ္ျဖင့္စာျဖင့္ ေလွ်ာက္ထားမႈမ်ား လုပ္ေဆာင္ထားသြားမည္ ျဖစ္ေၾကာင္း ဦးခင္ေမာင္ေဇာ္ကေျပာသည္။

===============

ဗစ်တိုးရီးယားအမှု ၈ ကြိမ်မြောက်ရုံးချိန်းတွင် Wisdom Hill ကျောင်းရဲ့ ကျောင်းကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင် ၏ အမျိုးသားဖြစ်သူ ရဲအုပ်ရန်နောင်စိုးနှင့် ကလေးငယ်လေး၏ ကျောင်းကား မောင်းသည့် ယာဉ်မောင်းဝန်ထမ်း ၂ ဦးကို ယနေ့ တွင် နှစ်ဖက်ရှေ့နေများက အပြန်အလှန် စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောသည်။

ထိုသို့ စစ်ဆေးမေးမြန်းမှာပြီးပါက အချိန်များရရှိပါကလည်း ကျောင်းမှ CCTV တာဝန်ခံကိုလည်း စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

တရားခံဟုယူဆထားသူ ယာဉ်မောင်းအောင်ကြီးအတွက်လည်း ယနေ့ တရားခွင် စစ်ဆေးမှုအခြေအနေ စစ်ဆေးမှုပေါ်မူတည်၍ အာမခံ ရရှိနိုင်ရေးအတွက် နှုတ်ဖြင့်စာဖြင့် လျှောက်ထားမှုများ လုပ်ဆောင်ထားသွားမည် ဖြစ်ကြောင်း ဦးခင်မောင်ဇော်ကပြောသည်။