တိုက်ကြီးမြို့နယ်တွင် အမျိုးသမီး ၂ ဦးမှ ကျေးရွာ အုပ်ချူပ်ရေးမှူးအား ဒုတ်ဖြင့်ရိုက်မှုဖြစ်ပွား

Posted on

တိုက်ကြီးမြို့နယ်တွင် အောက်တိုဘာ ၂၀ ရက်နေ့ ညနေ၅ နာရီခန့်က ကျေးရွာ အုပ်ချူပ်ရေးမှူးအား အမျိုးသမီး ၂ ဦးမှ ဒုတ်ဖြင့်ရိုက်မှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။

ဗဟုသုတရ စေမည့် ရှားပါး အကြောင်းအရာများ တင်ဆက် ပေးတဲ့ Youtube Channel လေးဖြစ်လို့ Subscribe လုပ်ထားကြပါအုံးနော် 1957 ခုနှစ်က ရန်ကုန်တက္ကသိုလ်ရဲ့ စာသင်ချိန်တချို့ကို ရိုက်ကူးထားသော Video တိုများနှင့်၊ ရန်ကုန်တက္ကသိုလ်ရဲ့ အ ကြောင်းရာ အချို့ပါဝင်ပါသည်။

ကျေးရွာမီးရရှိရေး ၊ ထရန်စဖော်မာ ထားရန် ကျောက်စရစ် လောင်းနေရာသို့ သွားရောက်ကြည့်ရှုသည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို ညီမ နှစ်ယောက်က ဝိုင်းဝန်းရိုက်ခြင်းဟု ဆိုသည်။ အရိုက်ခံရခြင်းကြောင်း အုပ်ချုပ်ရေးမှူး လက်ယာဘက်လက်ဖဝါး၊ ယာခြေဖနောင့်၊ဝဲဘက်ပေါင်နှင့်လက်ပြင်တို့နာကျင်ဒဏ်ရာအသီသီးရရှိခဲ့ကြောင်း သိရသည်။

ဥက္ကံမြို့၊ အုန်ကုန်းကျေးရွာ ၊ ရွာလယ်လမ်းရှိ လျှပ်စစ်ရုံးမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး၊သိုလှောင်ထားရှိသော ထရန်စဖော်မာနေရာ ကျောက်စရစ်လောင်းရာနေရာသို့ သာယာကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်း က ကျေးရွာအုပ်စုမီးကော်မတီ ဥက္ကဌ ဦးခင်ဇော်၊ရပ်မိရပ်ဖ ဦးကျော်မြင့် အလုပ်သမားများနှင်အတူ ကျေးရွာအတွင်း မီးသွယ်တန်းရန်အတွက် သွားရောက်ကြည့်ရှု စစ်ဆေးစဉ် ကျောက်စရစ်လောင်းနေသည့်နေရာနှင့်မျက်နှာချင်းဆိုင် သာယာကုန်းအုပ်စု သာယာကုန်းရွာနေ မသန္တာဦး(ခ)ဘဲဥနှုင့် မကေသွယ်ခိုင်(ခ)အသေးလေး တို့မှ ၎င်းးထရန်စဖော်မာကျောက်စရစ်လောင်းနေသည့်နေရာကိစ္စနှင့် ပတ်သက်၍ မကျေနပ်ဖြစ်ကာ သစ်သားတုတ်ဖြင့် ကျေးရွာအုပ်ချုပ်ရေးမှုး ဦးမျိုးမင်းသိန်းအား ဝိုင်းဝန်းရိုက်နှက်ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဦးမျိုးမင်းသိန်းမှ ၎င်းသည်ရပ်ရွာ ဖွံ့ဖြိုးရေး၊ လျှပ်စစ်မီးရရှိရန်အတွက် တာဝန်ရှိသူများနှင့် အတူ ၎င်း၏ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်များအားဆောင်ရွက်နေစဉ် လုပ်ငန်းများအား တားဆီးနှောက်ယှက်၍ အုပ်ချုပ်ရေမှူးအား နာကျင်ဒဏ်ရာရအောင်ပြုလုပ်သူ မသန္တာဦး(ခ)ဘဲဥ ၂၅ နှစ်၊ အုန်ကုန်းကျေးရွာနေသူနှင် မကေသွယ်ခိုင်(ခ)အသေးလေး ၂၀ နှစ်၊ လိပ်စာတူ ၊နေသူတို့အား တိုက်ကြီးမြို့နယ်၊ ဥက္ကံနယ်မြေ ရဲစခန်းတွင် လာရောက် အမှုဖွင့်လာကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ဥက္ကံနယ်မြေရဲစခန်းမှ (ပ) ၂၈၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၂/၁၁၄ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။

မျိုးမင်းသူ(တိုက်ကြီး)

1957 ခုနှစ်က ရန်ကုန်တက္ကသိုလ်ရဲ့ စာသင်ချိန်တချို့ကို ရိုက်ကူးထားသော Video တိုများနှင့်၊ တချိန်က အရှေ့ တောင်အာရှရဲ့ အ ကောင်းဆုံးတက္ကသိုလ် (သို့) ရန်ကုန်တက္ကသိုလ် အ ကြောင်း