ကသာမြို့တွင် အိမ်လာနေသူ ၁၀ တန်းကျောင်းသူကို အိမ်ရှင်သားမှ မုဒိမ်းကျင့်

Posted on

ကသာမြို့နယ်၊ အင်းရွာတွင် ဆွေမျိုးများနေအိမ်သို့ လာရောက်နေထိုင်ပြီး ဆယ်တန်း တက်နေသည့် ကျောင်းသူကို အိမ်ရှင်၏သားက မုဒိမ်းကျင့်ခဲ့ကြောင်း ကသာမြို့မရဲစခန်းထံမှ သိရသည်။အဆိုပါကျောင်းသူသည် ကသာမြို့နယ်၊ ဆိမ့်ငူရွာမှဖြစ်ပြီး အင်းရွာ အထက်တန်းကျောင်းသို့ ကျောင်းတက်ရန် ဆွေမျိုးတော်စပ်သူအိမ်တွင် နေထိုင်ကျောင်းတက်နေခြင်းဖြစ်သည်။

ယင်းသို့နေထိုင်ရင်း အောက်တိုဘာ ၂၄ ရက်၊ ည ၉ နာရီခန့်က နေအိမ်အောက်ထပ်တွင် တစ်ဦးတည်းစာကျက်နေစဉ် အဆိုပါနေအိမ်နေ ကိုအောင်မြင့်ထွန်း(၂၈နှစ်) ဆိုသူ ရောက်လာပြီး ခုံပေါ်မှတွန်းချကာ မုဒိမ်းကျင့်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အောက်တိုဘာ ၂၅ ရက်၊ နံနက်ကလည်း မျက်နှာသစ်နေစဉ် ကိုအောင်မြင့်ထွန်းက ထပ်မံမုဒိမ်းကျင့်ခဲ့သဖြင့် အဆိုပါကျောင်းသူက အင်းရွာနယ်မြေရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

အမှုနှင့်ပတ်သက်၍ အောင်မြင့်ထွန်းဆိုသူကို အင်းရွာနယ်မြေရဲစခန်းတွင် ဖမ်းဆီးထားပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း အဆိုပါနယ်မြေရဲစခန်းထံမှ သိရသည်။

ref:The Voice