အလွန် အသုံးဝင်ကာ သိမ်းဆည်းထား သင့်သော အဖိုးတန် ဆေးမြီး တိုများ
Posted on
ဗဟုသုတရ စေမည့် ရှားပါး အကြောင်းအရာများ တင်ဆက် ပေးတဲ့ Youtube Channel လေးဖြစ်လို့ Subscribe လုပ်ထားကြပါအုံးနော် 1957 ခုနှစ်က ရန်ကုန်တက္ကသိုလ်ရဲ့ စာသင်ချိန်တချို့ကို ရိုက်ကူးထားသော Video တိုများနှင့်၊ ရန်ကုန်တက္ကသိုလ်ရဲ့ အ ကြောင်းရာ အချို့ပါဝင်ပါသည်။
၁၇။ အဖုအကျိတ်များပေါက်လျှင်လဝန်းဂမုန်းပင် ပဉ္စငါးပါးကို ထုထောင်း၍ အကျိတ်ပေါ်သို့ အုံပေးကာပတ်တီးစည်းထားပါ။ ပျောက်ကင်းစေပါသည်။
unicode
========================================================
၁။ သွေး တိုးလို့သွေးကျလိုလျှင် သံပုရာသီးတစ်လုံးကို ၁၅ မိနစ်ခန် ့ကြာအောင်ရေစိမ်ပြီး အရည်ညှစ်၍ ကြက်ဥတစ်လုံး ဖောက်ထည့်ကာ ရောမွှေ သောက်လိုက်ပါ။ သွေးကျဆေး အထူးသောက်စရာ မလိုဘဲ သက်သာပျောက်ကင်းစေပါသည်။
၂။ ပါးချိတ်အောက်နှင့် ပေါင်ကြားတို ့တွင် ပေါက်တတ်သော အပူကျိတ်များကိုပျောက်လိုလျှင် နနွင်းခါးဥကို သွေးလိမ်းပါ။ သုံးကြိမ်မျှ လူးရုံ လိမ်းရုံနှင့် ပျောက်ကင်းစေပါသည်။
၃။ အိပ်မပျော်ခြင်းဖြစ်လျှင် ဒန် ့ကျွဲမြစ်ကိုပြုတ်၍သကြားအနည်းငယ် ထည့်ပြီးသောက်ပါ။ တစ်ခါသောက်လျှင် အကြမ်းပန်းကန်နှင့်တစ်လုံးသောက်ပါ ။ ည ၊ နံနက်သောက်ပါ။ အိပ်မပျော်ခြင်းဝေဒနာ သက်သာပျောက်ကင်းစေမည်။
၄။ ပန်းသေပန်းညှိုးရောဂါဖြစ်လျှင်​ ကစော့ပုပ်မြစ်ကိုအခြောက်လှန်း အမှုန် ့ပြုပြီး ပျားရည်နှင့်သောက်ပါ။ ရက်မရှည်ဘဲ ပျောက်ကင်းစေပါသည်။
၅။ အမျိုးသမီးများ မီးယပ်ဖြူဆင်းရောဂါဖြစ်လျှင် အဝေရာရွက်ကို မကြာခဏ သုပ်စားပါ။ ထို ့အပြင် သိန္ဓော ဆားတစ်ဆ ၊ လက်ပံပွင့်ခြောက်မှုန် ့နှစ်ဆတို ့ကို ထောပတ်နှင့် ရော၍ ကွမ်းသီးလုံးခန့့်နံနက် ၊ ည ခွဲပြီးစားပါ။ ပျောက်ကင်းစေပါသည်။
၆။ သွားကိုက်သွားဖုံးရောင်သွားပြည်ယိုဖြစ်လျှင် မာလကာခေါက်ကို ပြုတ်၍ ငုံပေးပါ။ သက်သာပျောက်ကင်းစေပါသည်။ မာလကာစေ့ခြောက်မှုန် ့ကိုသွားခြေထဲ ထည့်ပေးလျှင်လည်း သက်သာ ပျောက်ကင်းစေပါသည်။
၇။ သွေးဝမ်းလွန်ခြင်းဖြစ်လျှင် ထမင်းခြောက်ကိုလှော်၍ထန်းလျက်နှင့်ကြိတ်စားပါ ။ သက်သာပျောက်ကင်းစေပါသည်။
၈။ လေထိုးလေအောင့်ဖြစ်လျှင် ပုန်းညှက်ပန်းပွင့်​ခြောက်များကို ရေနွေးတွင်ထည့်၍ လက်ဖက်ရည်ကြမ်းလုပ်သောက်ပါ။ သက်သာပျောက်ကင်းစေသည်။
၉။ အော့အန်ခြင်း ဝေဒနာဖြစ်လျှင် ရှောက်မြစ်ကိုသွေး၍ ပျားရည်နှင့် စားပါက သက်သာပျောက်ကင်းစေပါသည်။
၁၀။ ဆီးအိမ်တွင်းမှာကျောက်တည်ခြင်းဖြစ်လျှင် သမင်ချိုကိုသွေး၍ သံပုရာရည်နှင့် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းသောက်ပါ။ သုံးခါပင် မသောက်ရဘဲ သက်သာပျောက်ကင်းစေပါသည်။
၁၁။ ဆီးကျဉ်ဆီးနီဆီးနှောက်ဖြစ်လျှင် ( ဘုရားကပ်လှူသည့် ) ကျောက်စိမ်းပန်းကျားပင် အမြစ်ရောအရိုးပါ ထုခြေ၍ရသောအရည် ​၅ ကျပ်သားကိုရေနှင့်ပြုတ်ပြီးနံနက် ၊ ည နှစ်ခွက်သောက်ပါ။ နေချင်းပင်သက်သာပျောက်ကင်းစေပါသည်။
၁၂။ စားမဝင် အိပ်မပျော်ဖြစ်လျှင် ပျားရည်စစ်စစ်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ညအိပ်ရာဝင်တိုင်း သောက်ပေးပါ။ ခံတွင်းကောင်းစားဝင်အိပ်ပျော်စေနိုင်ပါသည်။
၁၃။ မီးယပ်သွေးဆင်းချိန်တွင် မူးဝေတက်ပါသည်။ ထို ့သို ့ဖြစ်လျှင် ရှောက်သီးနှင့်် ထန်းလျက်ကိုရောစားလိုက်ပါ။ သက်သာပျောက်ကင်းစေပါသည်။
၁၄။ ပန်းနာရင်ကျပ်ချောင်းဆိုးခြင်းဖြစ်လျှင် သစ်ဆိမ့်သီးအခွံကိုသွေး ပျားရည်နှင့် စားပေးပါ ။သက်သာပျောက်ကင်းစေပါသည်။
၁၅။ ကင်းကိုက်ခြင်းခံရလျှင် ကစော့မြစ်ကိုဆန်ဆေးရည်နှင့် သွေးပြီး အဆိပ်သင့်တဲ့နေရာကို လိမ်းပေးပါ။ ဝေဒနာချက်ချင်းသက်သာစေပါသည်။
၁၆။ ဆံပင်ကျွတ်လျှင် ပိတောက်ရွက်ကို ထုထောင်း၍ခေါင်းလျှော်ရည်နှင့်တွဲဖက် လျှော်ပေးပါ။ဆံပင်များလုံးဝမကျွတ်စေပါ။
၁၇။ အဖုအကျိတ်များပေါက်လျှင်လဝန်းဂမုန်းပင် ပဥ္စငါးပါးကို ထုထောင်း၍ အကျိတ်ပေါ်သို ့အုံပေးကာပတ်တီးစည်းထားပါ။ ပျောက်ကင်းစေပါသည်။
၁၈။ ဒူးနာခါးနားလျှင် နံ ့သာဖြူနှင့် ဂျင်းကိုဆတူရော၍လိမ်းပါ။
ယူပစ်သလို သက်သာပျောက်ကင်းသွားပါလိမ့်မည်။
မေတ္တာဖြင့်မျှဝေပါသည် ။
1957 ခုနှစ်က ရန်ကုန်တက္ကသိုလ်ရဲ့ စာသင်ချိန်တချို့ကို ရိုက်ကူးထားသော Video တိုများနှင့်၊ တချိန်က အရှေ့ တောင်အာရှရဲ့ အ ကောင်းဆုံးတက္ကသိုလ် (သို့) ရန်ကုန်တက္ကသိုလ် အ ကြောင်း