2019 ခုနှစ် တရုတ် စစ်ရေးပြပွဲ အတွင်း ထုတ်ဖော်ပြသခဲ့သည့် “သင်္ဘောဖျက် ဒုံးများနှင့် သင်္ဘောအခြေပြု လေ/ကာ ဒုံးကျည် စနစ်များ”

Posted on

အမျိုးမျိုးသော ကမ်းခြေမှ-သ‌င်္ဘော၊ သင်္ဘောမှ-သင်္ဘော ပစ်ခတ်နိုင်တဲ့ YJ-12 နဲ့ YJ-18/18A မစ်ဆိုင်းများအပြင် နောက်ဆုံးပေါ် သင်္ဘောအခြေပြု HHQ-9A လေ/ကာ စနစ်တို့ကိုလည်း ထုတ်ဖော်ပြသ ခဲ့ပါတယ်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် 70 ပြည့် အထိမ်းအမှတ်အဖြစ် ရေတပ်စစ်ဆင်ရေး၏ ဖွဲ့စည်းသရုပ်ပြမှု များလည်း ပါဝင်ပြသခဲ့ခြင်း ဖြစ်ပါတယ်။

ဗဟုသုတရ စေမည့် ရှားပါး အကြောင်းအရာများ တင်ဆက် ပေးတဲ့ Youtube Channel လေးဖြစ်လို့ Subscribe လုပ်ထားကြပါအုံးနော် 1957 ခုနှစ်က ရန်ကုန်တက္ကသိုလ်ရဲ့ စာသင်ချိန်တချို့ကို ရိုက်ကူးထားသော Video တိုများနှင့်၊ ရန်ကုန်တက္ကသိုလ်ရဲ့ အ ကြောင်းရာ အချို့ပါဝင်ပါသည်။

YJ-12B : ပြပွဲအတွင်း ထုတ်ပြခဲ့တဲ့ YJ-12B ကမ်းခြေမှ-သင်္ဘောပစ် ဒုံးကျည်ဟာ အလတ်စားမှ အကြီးစား သင်္ဘောများအထိ ပစ်ခတ်တိုက်ခိုက်နိုင်ပြီး တရုတ်ရဲ့ ကမ်းခြေပိုင်းဒေသ ကာကွယ်ရေးစနစ်များမှာ အဓိက အရေးပါရာ ဖြစ်လာပါလိမ့်မယ်။ အဆင့်မြှင့်တင်ထားတဲ့ YJ-12B အသံထက်မြန် သင်္ဘောဖျက် ဒုံးကျည်ဟာဆိုရင် အများဆုံး ၃၁၀ မိုင်အထိ ရောက်ရှိပစ်ခတ်နိုင်ပြီး တောင်တရုတ်ပင်လယ် ကျွန်းစုတွေလို နေရာမျိုးတွေမှာ နေရာချထား နိုင်ပါတယ်။ ၎င်းတို့ရဲ့ မစ်ဆိုင်းဟာ အလတ်တန်းစားကနေ အကြီးစား သင်္ဘောများအထိ ပစ်ခတ် နှစ်မြှုပ်ပစ်နိုင်ပြီး၊ နိုင်ငံ၏ ရေတပ်ကာကွယ်ရေး လက်နက်စနစ်များအတွင်း အရေးပါ အရာရောက်သော နေရာကနေ တာဝန်ထမ်းဆောင် နေစေမှာ ဖြစ်ပါတယ်။

YJ-12 ကတော့ ဝေဟင်*လွှတ် သ‌င်္ဘောဖျက် ခရု*စ်မစ်ဆိုင်း ဖြစ်ပြီး၊ တာလတ်သွား မဟာဗျူဟာမြောက် H-6K ဗုံးကြဲလေယာဉ် ကြီးတွေမှာ တင်ဆောင်ပစ်ခတ် စေပါတယ်။ YJ-12 ဟာ အကွာအဝေး ကီလိုမီတာ ၄၀၀ အထိ ရောက်ရှိပစ်ခတ်နိုင်ပြီး၊ Mach 3 အမြန်နှုန်းအထိ ပျံသန်းနိုင်ပါတယ်။ ပစ်မှတ်သို့ ရောက်ခါနီး၌ ရန်သူပစ်ခတ်မှုအား အလွတ်ရုန်းမည့် စစ်ကစား လှုပ်ရှားမှုများကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ 1990 ပြည့်လွန် ကာလတွေမှာ တရုတ်ဟာ YJ-12 ကို စတင်တီထွင် ပြုလုပ်‌နေခဲ့ပြီး၊ 2000 ပြည့်နှစ် ကျော်လောက်မှာ ဗုံးကြဲလေယာဉ်များတွင် စတင်အသုံးချနိုင် ခဲ့ပါတယ်။ YJ-12 ဟာ ဝေဟင်*လွှတ် မျိုးကွဲ ဖြစ်ပေမယ့်လည်း ပြည်ပပို့မျိုးကွဲ CM-302 ကိုတော့ ရေပြင်၊ မြေပြင်၊ ဝေဟင် platforms တို့ကနေပါ ပစ်ခတ်နိုင်စေပြီး မြေပြင်တိုက်ခိုက်ရေး အတွက်ပါ အသုံးချနိုင်စေမှာ ဖြစ်ပါတယ်။

YJ-12 ဟာ ပစိဖိတ်သမုဒ္ဒရာ အတွင်းမှာရှိတဲ့ အမေရိကန် ရေကြောင်း တပ်ဖွဲ့များအပေါ် မြောက်များစွာသော လုံခြုံရေး ခြိမ်းခြောက်မှုများ ဖြစ်ပေါ်စေပြီး၊ တရုတ်ထုတ်ခဲ့သမျှ သင်္ဘောဖျက် ဒုံးကျည်များထဲ၌ အန္တရာယ်အရှိဆုံး အရာအဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။ အန္တရာယ်ဖြစ်စေတဲ့ အကြောင်း အချက်ကတော့ YJ-12 ဟာ အလွန်လျင်မြန်တဲ့ Mach-3 အမြန်နှုန်းနဲ့ ကီလိုမီတာ ၄၀၀ အထိ သွားရောက် နိုင်သောကြောင့် ဖြစ်ပါတယ်။ ဒါဟာ အမေရိကန် လေယဉ်တင် သင်္ဘောအုပ်စုကို ကာကွယ်ပေးနေတဲ့ Aegis နဲ့ SM-2 စနစ်များကို ရှာဖွေထောက်လှမ်း ပစ်ချနိုင်ဖို့ ခက်ခဲသွားစေပါတယ်။ YJ-12 မစ်ဆိုင်းဟာ ၎င်းတို့ ထောက်လှမ်းပစ်ခတ်နိုင်တဲ့ အကွာအဝေး အလွန်ကနေ ပစ်လွှတ်နိုင်တဲ့အတွက် အမေရိကန် ရေတပ်ရဲ့ တုံ့ပြန်ချိန်ကို အတော်လေး လျော့နည်း သွားစေပါတယ်။ YJ-12 ကို ကာဆီးဖို့ ပိုမိုခက်ခဲ သွားစေတာကတော့ နောက်ဆုံး ကာကွယ်ရေးစနစ်များကို ကျော်ဖြတ်မယ့် မွေလိမ်မွေကောက် လုပ်ကစားမှုပဲ ဖြစ်ပါတယ်။ တရုတ်ရဲ့ Flankers တိုက်လေယာဉ် တွေနဲ့သာ ပေါင်းစပ်လိုက်မယ် ဆိုရင် YJ-12 ရဲ့ ရောက်ရှိနိုင်မှုဟာ ကီလိုမီတာ ၁၉၀၀ အထိ တိုးမြင့်သွားနိုင်ပြီး DF-21D ASBM တွေထက်တောင် အန္တရာယ် ပိုကြီးသွားစေ ပါတယ်။ YJ-12 ကို အသုံးချလာမှုနဲ့ ဆက်စပ် သင်္ဘောဖျက်ခရု(စ်) ဒုံးကျည်များ တီထွင်ထုတ်လုပ်မှုများကို ကြည့်ခြင်းအားဖြင့် တရုတ်ဟာ အနာဂါတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ပဋိပက္ခများအတွက် A2/AD ရရှိရန် ကြိုးပမ်းနေတာကို တွေ့ရှိရပါတယ်။

YJ-18 & YJ-18A : YJ-18 နဲ့ YJ-18A မစ်ဆိုင်းတွေကတော့ တရုတ်ရဲ့ နောက်ဆုံးပေါ် သင်္ဘောဖျက် ခရု(စ်)ဒုံးကျည် များပဲဖြစ်ပါတယ်။ ၎င်းတို့ကို ပထမဆုံး အကြိမ်အဖြစ် ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်ပြီး၊ သင်္ဘောများ ရေငုပ်သင်္ဘောများကနေ ပစ်ခတ်နိုင်စေပါတယ်။ ၎င်းတို့ကို တရုတ်ရဲ့ ရေတပ်စစ်ဆင်ရေး လျှို့ဝှက် လက်နက်များအဖြစ် ဖေါ်ပြခဲ့ကြပြီး ဖြစ်ပါတယ်။ ၎င်းမစ်ဆိုင်း နှစ်မျိုးအား ဒေါင်လိုက်အနေအထားဖြင့် ပစ်ခတ် နိုင်စေမှာဖြစ်ပြီး၊ အသံထက်သုံးဆ အမြန်နှုန်းနဲ့ သွားရောက်ပျံသန်းမှာ ဖြစ်ပါတယ်။ YJ ဆိုတာဟာ တရုတ်အဓိပ္ပါယ် ‘Eagle Strike’ ရဲ့ အတိုကောက်ကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။

YJ-18 ဟာ ဒေါင်လိုက်ပစ်ခတ်နိုင်တဲ့ သင်္ဘောဖျက် ခရု(စ်) ဒုံးကျည် အမျိုးအစားဖြစ်ပြီး၊ Mach 3 အမြန်နှုန်းဖြင့် ပျံသန်းနိုင်ကာ၊ အကွာဝေး ကီလိုမီတာ ၅၄၀ အထိ ရောက်ရှိနိုင်ပါတယ်။ YJ-18 အား ပေါက်အားပြင်း HE ယမ်းဘီလူး ထိပ်ဖူး 300 kg အထိ ထည့်သွင်းတပ်ဆင် ပေးထားပြီး၊ ဖျက်သင်္ဘော အရွယ်အစားလောက်အား နှစ်မြုပ်ပစ်နိုင်ကာ၊ လေယာဉ်တင်သင်္ဘော အရွယ်လောက်အား ဆိုးဆိုးရွားရွား ပျက်ဆီးသွားစေနိုင်မှာ ဖြစ်ပါတယ်။ PLA ရေတပ်ဖွဲ့ဟာ YJ-18 များကို ၎င်းတို့ရဲ့ Luyang III DDG နှင့် Type 055 CG စစ်သင်္ဘောများ၊ Song-, Yuan-, နဲ့ Shang- အတန်းစား တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများမှာ တပ်ဆင်အသုံးချ ထားပါတယ်။

YJ-18 ရဲ့ ပစ်မှတ်သို့ ရောက်ခါနီးအထိ အသံထက် လျှင်မြန်အောင် အရှိန်တင်နိုင်မှုကြောင့် ခုခံစစ်သင်္ဘော၏ စက်အ‌မြောက်များနှင့် ပစ်ချနိုင်ရန် ခက်ခဲသွားစေမှာ ဖြစ်ပါတယ်။ ဒီ ASCM ဒုံးကျည်များဟာ တရုတ်စစ်သင်္ဘောများကို stand-off အကွာအဝေး ပိုမိုတိုးမြင့်စေပြီး ၎င်းတို့ရဲ့ (A2/AD) စွမ်းရည်ကို အထောက်အပံ့ ပြုစေမှာပဲ ဖြစ်ပါတယ်။ တရုတ်ရဲ့ (A2/AD) စွမ်းရည်ဟာ… အကယ်၍ အနောက်ပစိဖိတ် သမုဒ္ဒရာထဲ ပဋိပက္ခဖြစ်လာပြီဆိုပါက အရေးပါလာမှာဖြစ်ပြီး၊ ၎င်းတို့ရဲ့ သင်္ဘောဖျက် ခရု(စ်)ဒုံးကျည်နဲ့ ဘလစ်စတစ် ဒုံးကျည်များ တိုးပွါးများပြား လာစေမှာပဲ ဖြစ်ပါတယ်။

HHQ 9B : HQ-9 ဟာ တာဝေးသွား SAM ဒုံးကျည် တစ်မျိုးဖြစ်ပြီး၊ အမျိုးမျိုးသော လေကြောင်း ပစ်မှတ်များဖြစ်သည့် အသံထက်မြန် လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ ခရု(စ်) ဒုံးကျည်များနှင့် မောင်းသူမဲ့ ယာဉ်ပျံများကို ခုခံတိုက်ခိုက်နိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ တရုတ်ကာကွယ်ရေး နည်းပညာ အကယ်ဒမီမှ ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး၊ အကွာဝေး 200 km အမြင့် မီတာ 30,000 အထိ ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်နိုင်ဖို့ ဖြစ်ပါတယ်။ HQ-9 အား မြေပြင်အခြေပြု ရွှေ့လျားသွားလာနိုင်သော လေ/ကာစနစ် HQ-9A အဖြစ် အသုံးချလျက်ရှိပြီး၊ ရေတပ်သုံး မျိုးကွဲကိုလည်း စစ်သင်္ဘောများပေါ်သို့ တပ်ဆင်အသုံးချလျက် ရှိနေပြီ ဖြစ်ပါတယ်။

HQ-9B (ဝါ) HHQ-9B ကတော့ အသစ်ထွက်ရှိလာတဲ့ ဒေါင်လိုက်ပစ်ခတ်နိုင်သော တာဝေးသွား မြေပြင်-ဝေဟင်ပစ် မစ်ဆိုင်း စနစ်သစ်ပဲ ဖြစ်ပါတယ်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) အတွက် တီထွင်ထားခြင်းဖြစ်ပြီး၊ လေကြောင်းပစ်မှတ်များကို ကီလိုမီတာ ၂၅၀ အထိ ပစ်ခတ်နိုင်အောင် ဒီဇိုင်းဆွဲ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ Type 052C ဖျက်သင်္ဘောများတွင် တပ်ဆင်ပေးထားသည့် HHQ-9A မစ်ဆိုင်းစနစ်များ၌ Cell (၆) ခုပါ VLS စနစ် (၈) ခု ပါဝင်တပ်ဆင် ပေးထားပြီး၊ ရှေ့တွင်ခြောက်ခု နောက်တွင်နှစ်ခု နေရာချ‌ပေး ထားပါတယ်။

တရုတ်တို့ရဲ့ VLS ဒီဇိုင်းကတော့ ဆလင်ဒါ ပုံသဏ္ဍာန်ရှိပြီး “cold launch” စနစ်ကို သုံးပါတယ်။ ယှဉ်ပြရမယ်ဆိုရင်တော့… အနောက်တိုင်း VLS ပုံစံတွေဖြစ်တဲ့ Mk-41 & Sylver တို့မှာဆိုရင် ‌လေးထောင့် ပုံသဏ္ဍာန်ရှိပြီး “hot launch” စနစ် သုံးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ထိုနှစ်ခုရဲ့ အဓိက ခြားနားချက်ကတော့ ရော့ကဒ်မော်တာ အတွင်းလောင်* နှင့် အပြင်လောင်* ကွဲပြားသွားခြင်း ဖြစ်ပါတယ်။

HQ-9 လွှတ်စင်တစ်ခုမှာ ဆိုရင်တော့ သီးခြား ကွန်တိန်နာ တစ်ခုစီဖြင့် ထည့်သွင်းထားသည့် မစ်ဆိုင်းလေးလုံးစီ ပါဝင်ပြီး၊ လှုပ်ရှားရွေ့လျားမှုကောင်းသည့် Taian TA5380 8×8 ယာဉ်များဖြင့် တပ်ဆင်တင်ဆောင် ပေးထားပါတယ်။ HQ-9 ၏ ပုံမှန် စတန်းဒတ် HT-233 engagement radar ဖြင့် ပစ်မှတ် (၁၀၀) အထိ ခြေရာဖမ်းနိုင်ပြီး၊ ပစ်မှတ် (၅၀) အား ကီလိုမီတာ တစ်ရာအထိ ပစ်ခတ်ဖျက်ဆီးနိုင်မှာ ဖြစ်ပါတယ်။ PLA တပ်ဖွဲ့များ၏ ပုံမှန် HQ-9 battery တစ်စု၌… အမိန့်ပေးယာဉ်တစ်စီး၊ ထိန်းချုပ်ရေးယာဉ် (၆) စီး၊ ပစ်မှတ်ချိန်ရေဒါယာဉ် (၆) စီး၊ ရှာဖွေရေးရေဒါယာဉ် (၆) စီး၊ မစ်ဆိုင်းပစ်လွှတ်ယာဉ် (၄၈) စီးနှင့် မစ်ဆိုင်း (၁၉၂) လုံးတို့ ပါဝင်ကြ ပါတယ်။ HQ-9 ဟာ အမျိုးမျိုးသော ရေဒါ ဆင်ဆာ စနစ်များကို အသုံးပြုပြီး မတူကွဲပြားသော ပစ်မှတ်များဖြစ်သည့် ဘလစ်စတစ် မစ်ဆိုင်းများ၊ စတဲ့လ်သ် ဂုဏ်သတ္တိရှိ ယာဉ်အမျိုးမျိုးတို့ကို ထောက်လှမ်းသိရှိနိုင်မှာ ဖြစ်ပါတယ်။ Battery တစ်စုတွင် HT-233 ကိုင်တွယ်တိုက်ခိုက်ရေး ရေဒါများ၊ ရွေ့လျား သွားလာနိုင်သော H-200 ကိုင်တွယ်တိုက်ခိုက်ရေး ရေဒါများ၊ မြောက်များစွာသော အနိမ့်ဖမ်း Type 120 low altitude acquisition radar များ၊ Type 305A 3D acquisition radar များ (သို့) Type 305B 3D acquisition radar များလည်း ပါဝင်လာနိုင် ပါတယ်။

Translated Article Via Strategic Journal F.B. Page by Aung Ko Ko Htoo.
Myanmar_Military_Observers

1957 ခုနှစ်က ရန်ကုန်တက္ကသိုလ်ရဲ့ စာသင်ချိန်တချို့ကို ရိုက်ကူးထားသော Video တိုများနှင့်၊ တချိန်က အရှေ့ တောင်အာရှရဲ့ အ ကောင်းဆုံးတက္ကသိုလ် (သို့) ရန်ကုန်တက္ကသိုလ် အ ကြောင်း