2019 Global Fire power စစ်တမ်းထုတ်ပြန်ချက်နှင့် မြန်မာ့တပ်မ​တော်​တိုးတက်​မှု

Posted on

သိပ်​မကြာ​သေးခင်​ကပဲ နိုင်​ငံတကာစစ်​တပ်​​တွေရဲ့ အဆင့်​​တွေ သတ်​မှတ်​​ပေးတဲ့ global fire powerက​နေ ၂၀၁၉ခုနှစ်​အတွက်​ မြန်​မာ့တပ်​​မတော်​ရဲ့ အဆင့်​နဲ့အင်​အားကို ​​ ကြေညာထားပါတယ်​။မြန်​မာ့တပ်​မ​တော်​ဟာ နိုင်​​​ငံ​ပေါင်း ၁၃၇နို င်​ငံမှာ အဆင့်​ ၃၇(​နာက်တိုး၁၀နိုင်​ငံ)နဲ့ရပ်​တည်​ပြီး အာဆီယံအဆင့်​မှာ အဆင့်​၎နဲ့ ရပ်​တည်​​နေပါတယ်​။မြန်​မာအထက်​မှာ အင်​ဒိုနီးရှား ၊ ဗီယက်​နမ်​ ၊ ထိုင်းတို့က အသီးသီး ရပ်​တည်​လျက်​ရှိ​နေပါတယ်​။

ဗဟုသုတရ စေမည့် ရှားပါး အကြောင်းအရာများ တင်ဆက် ပေးတဲ့ Youtube Channel လေးဖြစ်လို့ Subscribe လုပ်ထားကြပါအုံးနော် 1957 ခုနှစ်က ရန်ကုန်တက္ကသိုလ်ရဲ့ စာသင်ချိန်တချို့ကို ရိုက်ကူးထားသော Video တိုများနှင့်၊ ရန်ကုန်တက္ကသိုလ်ရဲ့ အ ကြောင်းရာ အချို့ပါဝင်ပါသည်။

ကဲ အရင်​ဆုံး GFPရဲ့တွက်​ချက်​ပုံကြည့်​ရ​အောင်​-
GFPက စစ်​တမ်းထုတ်​တွက်​ချက်​တဲ့ ​နေရာမှာ နိုင်ငံတစ်နိုင်ငံရဲ့လူဦး​ရေ၊ လက်​နက်​အင်​အား၊ ​ငွေ​ကြေးအင်​အား၊ ​​ကျော​ထောက်​​နောက်​ခံအင်​အား၊ သဘာဝအရင်းအမြစ်​၊ ပထဝီသွင်​ပြင်​အ​နေအထား စတာ​တွေအားလုံးကို ခြုံငုံသုံးသပ်​ တွက်​ချက်​ပြီး အဆင့်​တစ်​ခုကို ထုတ်​ပြန်​ပါတယ်​။

ပထမဆုံးအ​နေနဲ့ လူ့စွမ်းအား​အရင်းအမြစ်​မှာဆိုရင်
တိုင်းပြည်​ရဲ့လူဦး​ရေ၊
စွမ်း​ဆောင်​ရည်​ပြည့်​ဝ​သောလူဦး​ရေ၊

စစ်​မှုထမ်းရန်​သတ်​မှတ်​ထား​သော အသက်​​ရောက်​ရှိဦး​ရေ၊
စစ်​မှုထမ်းရန်​ သတ်မှတ်စံ​​​အ​ရည်​အ​သွေးရှိသူ
လက်​ရှိစစ်​မှုထမ်းဦး​ရေ၊
အရန်​စစ်​သည်​ဦး​ရေ စတာတွေပါမယ်။

လက်​နက်​အင်​အားမှာဆိုရင်
ကြည်း၊
ရေ၊
လေ အတွင်း အသုံးပြု​နေတဲ့ လက်​နက်​ကြီး/ငယ်​ ယာဉ်​ကြီး/ငယ် စသည်ဖြင့် အကုန်လုံးပါဝင်မယ်။

ကြည်းတပ်​မှာဆိုရင်​ တင့်​(ပင်​မတိုက်​ပွဲဝင်​တင့်​ပါဝင်​ပြီး) အ​ပေါ့စားတင့်​၊တင့်​ဖျက်​ယာဉ်​များ၊သံချပ်​ကာယဉ်​များ (APC, IFV, MRAPs, Armored Car, Rocket Projector)​တွေပါမယ်။

ရေတပ်​မှာဆိုရင်​ ​လေယာဉ်​တင်​​တွေ (Helicopter Carrierအပါအဝင်​) ၊​ရေငုတ်​သ​ဘောင်္​တွေ(ဒီဇယ်​သုံး၊ လျပ်​စစ်​သုံး၊နူကလီးယားစွမ်းအင်​သုံးမခွဲခြားဘူး)၊ ဖရီးဂိတ်​(FFG)၊
Destroyer(DDG)၊ကော်​ဗတ်​(corvettes)၊ မိုင်းရှင်းယာဉ်​​တွေ ကင်းလှည့်​ယာဉ်​စတာ​တွေပါမယ်။

လေတပ်​မှာဆိုရင်​ ကြားဖြတ်​တိုက်​ခိုက်​​ရေးလေယာဉ်​၊ ဗုံးကြဲလေယာဉ် (bomber​)တွေ၊
သယ်​ယူပို့​ဆောင်​​ရေးလေယာဉ်​​တွေ၊ ရဟတ်ယာဉ်(chopper)​တွေ၊ ​လေ့ကျင့်​​ရေးလေယာဉ်​​တွေပါရှိမယ်။(UAV​တွေထည့်​သွင်းတွက်​ချက်​ခြင်းမရှိပါ)

သဘာဝရင်းမြစ်​မှာ လောင်စာဆီကို အဓိကဦးစား​ပေးပြီးတွက်​ထားတယ်​။
အ​ကြောင်းက စစ်​ပွဲ တစ်​ပွဲမှာ စက်​သုံးဆီက အသက်​​သွေး​ကြောဖြစ်​​နေလို့ပဲဖြစ်ပါတယ်​။ထုတ်​တဲ့ အ​ရေအတွက်​၊ သုံးစွဲမှုပမာဏ​တွေ၊ထုတ်​လုပ်​နိုင်​တဲ့မြေ​အောက်​ရှိ ပမာဏ ၊ သို​လှောင်​ထားမှု​​တွေအ​ပေါ်မှာ တွက်​ချက်​ရပါမယ်။

ကျော​ထောက်​​နောက်​ခံ အင်​အားမှာဆိုလည်း အလုပ်​သမား၊ ကုန်​သွယ်​ဖက်​နိုင်​ငံ​တွေ၊ပင်​လယ်​ဆိပ်​ကမ်း​တွေ၊လမ်းပန်းဆက်​သွယ်​​ရေးစတာ​တွေပါဝင်မယ်။

ငွေ​ကြေး ဘဏ္ဍာ​ရေး မှာဆိုလည်း ကာကွယ်​​ရေးစစ်​သုံးစားရိတ်၊နိုင်​ငံခြားဝင်​​ငွေလဲလှယ်​နှုန်းစတာ​တွေပါဝင်​မယ်။

ပထဝီအ​နေအထားမှာဆိုလည်း ​ရေပိုင်​နက်​ ၊ ကမ်းရိုးတန်းအရှည်​၊ နိုင်​ငံရဲ့အကျယ်​အဝန်းစတာ​တွေပါရှိမယ်။

နောက်​တစ်​ခုအ​နေနြဲ့ ကို​ပြောထားချင်​တာက GFPက အရည်​အ​သွေးထက်​ အ​ရေအတွက်​ကို ဦးစား​ပေးတွက်​ချက်​ထားတာပဲဖြစ်​ပါတယ်​။ ဆိုလိုတာက ဥပမာ-လက်​နက်​ပိုင်း​ပေါ့ ဘယ်​နိုင်​ငံက ထုတ်​တဲ့ဟာက ဘယ်​နိုင်​ငံကဟာထက်​ပို​ကောင်းတယ်​ system မြင့်​တယ်​ ဒါ့​ကြောင့်​ rankပို​ပေးတယ်​မဟုတ်​ဘူး Roleတူရင်အမှတ်​​အတူတူပဲ။ဒါက​တော့ စာဖတ်သူ​ကိုယ်​တိုင်​စဉ်းစားရမှာ​ပေါ့​လေ။ပြီး​တော့ Nuclear ပိုင်​ဆိုင်​ထားတဲ့နိုင်​ငံ​တွေ ​နေတိုးအုပ်​စု​တွေလို အဖွဲ့ဝင်​ထားတဲ့နိုင်​ငံ​တွေကို rankပို​ပေးတယ်​။

နိုင်​ငံတစ်​နိုင်​ငံရဲ့တိုးတက်​မှုနှုန်းကို ညွှန်ကိန်း​(power index)
တွေနဲ့​ဖော်​ပြပြီး ၀.၀၀၀၀ဟာ ပြီးပြည့်​စုံတဲ့ power indexပါ။နှစ်​တစ်​နှစ်​မှာ တိုးတက်​မှု ​ကောင်းရင်​ အဆင့်​​ကောင်းရင်​ green arrow , ကျရင်​ Red arrow, နဂိုတိုင်းဆိုရင်​​တော့ Double arrow နဲ့ပြထားတယ်​။

ယခုလက်​ရှိ Global military ​Rankမှာ ထိပ်​ဆုံးရပ်​တည်​​နေတဲ့Top -5နိုင်ငံက​တော့

1.​USA(power index 0.0615/0.0000)
2.Russia (power index0.0639/0.0000)
3.China (powerindex0.0673/0.0000)

4.​India(powerindex0.1065/0.0000)
5.​France(powerindex0.1584/0.0000)
စသည်​ဖြင့်​အသီးသီးရပ်​တည်​လျက်​ရှိ​နေပါတယ်​။

အာဆီယံ​ဒေသတွင်းမှာဆိုလည်း-
1.indonesia(PwrIndx: 0.2804/0.0000)
2.Vietnam (PwrIndx: 0.3988 /0.0000)
3.Thailand (PwrIndx: 0.4302 /0.0000)

4.Myanmar( PwrIndx: 0.6162/0.0000) 5.Malaysia (PwrIndx: 0.6523/0.0000) 6.Singapore (PwrIndx: 0.8161 7/0.0000)
7.Philippines( PwrIndx: 0.8862/0.0000) 8.Cambodia( PwrIndx: 1.8765/0.0000)
9.Laos (PwrIndx: 2.7113/0.0000)စသဖြင့်​ အသီးသီးရပ်​တည်​​နေပါတယ်​။

မြန်​မာ့တပ်​မ​တော်​ဟာ Global rankအ​နေနဲ့ 37မှာ ရပ်​တည်​​နေပြီး အာဆီယံ​ဒေသတွင်းမှာ rank4နဲ့ရပ်​လျက်​ရှိပါတယ်​ ။
ညွှန်းကိန်း pwrIndxအ​နေနဲ့ အထက်​ကပြထားတဲ့ အတိုင်း 0.6162/0.0000ဆိုပြီးပြထားလို့ တိုးတက်​မှုနှုန်းက ကျဆင်း​နေပြီး red arrow ပြထားပါတယ်​။

မြန်​မာ့တပ်​မ​တော်​ရဲ့ military power အ​သေးစိတ်​က​တော့
လူ့စွမ်းအားအရင်းအမြစ်​မှာဆိုလျင်

1.လူဦး​ရေစုစု​ပေါင်း-55,622,506 (၅၅သန်း​ကျော်​)

2.စွမ်း​ဆောင်​နိုင်​​သောဦး​ရေ: 30,258,643(သန်း၃၀​ကျော်​)

3.စစ်​မှုထမ်းရန်​ သင့်​​လျော်​​သောဦး​ရေ:21,816,482(သန်း၂၀​ကျော်

4.သတ်​မှတ်​ထား​သောစစ်​မှုထမ်းသက်​တမ်း​ရှိဦး​ရေ: 1,025,375

5.စစ်​မှုထမ်း​ပေါင်း: 406,000 (၄သိန်း​ကျော်​)

6.လက်​ရှိစစ်​မှုထမ်းဦး​ရေ: 406,000 (၄သိန်း​ကျော်​)

7.အရန်​စစ်​သည်​ဦး​ရေ:မရှိ

လေတပ်​ရဲ့ Total Air power အ​နေနဲ့ ကမ္ဘာ့အဆင့်​137မှာ 40နဲ့ရပ်​တည်​​နေပါတယ်​။

1.TOTAL AIRCRAFT STRENGTH: 276 (ranked 40 of 137)

2. FIGHTERS: 59 (ranked 35 of 137)

3. ATTACK: 80 (ranked 32 of 137)

4.TRANSPORTS: 25 (ranked 30 of 137)

5.SmallTRAINERS: 80 (ranked 33 of 137)

6.TOTAL HELICOPTER STRENGTH: 86 (ranked 44
7.ATTACK HELICOPTERS: 9 (ranked 35 of 137)ဖြစ်​​နေပြီး​လေတပ်​မှာ တိုးတက်​မှုမြင့်​တက်​လာတာကို​တွေ့ရပါတယ်​။

ကြည်းတပ်​မှာဆိုလည်း
1.COMBAT TANKS: 434 (ranked 41 of 137)

2. ARMORED FIGHTING VEHICLES: 1,300 (ranked 47 of 137)

3. SELF-PROPELLED ARTILLERY: 108 (ranked 34 of 137)

4.TOWED ARTILLERY: 1,582 (ranked 11 of 137)

5. ROCKET PROJECTORS: 114 (ranked 31 of 137)

ကြည်းတပ်​မှာဆိုလည်း အ​မြောက်​တပ်​ဟာ အဆင့်​​ကောင်း​နေရာမှာရပ်​တည်​လျပ်​ရှိပြီး ကျန်​တဲ့ အပိုင်း​တွေမှာတိုးတက်​မှု​နှေး​ကွေး​နေတာကိုတွေ့ရှိပါလိမ့်မယ်။

ရေတပ်​မှာဆိုလည်း-
1.TOTAL NAVAL ASSETS: 155

2.AIRCRAFT CARRIERS: 0

3. FRIGATES: 5

4. DESTROYERS: 0

5 . CORVETTES: 3 Small

6. SUBMARINES: 0

7. PATROL VESSELS: 65 Small graph icon

8.MINE WARFARE: 11
ရေတပ်​အ​နေနဲ့တိုးတက်​မှုမှာ ​နှေး​ကွေး​နေ​သေး​သော်​လည်း​ကာချုပ်​ရဲ့ ​ပြောကြားချက်​အရ( 😅)လာမယ့်​၂၀၂၀နှစ်​ကုန်​ပိုင်းမှာ​ရေတပ်​ရဲ့ တိုးတက်​မှုစွမ်းပကားဟာမြင့်​တက်​လာနိုင်​ဖွယ်​ရာရှိပါတယ်​။

GFPဟာ သဘာဝအရင်းအမြစ်​ကို တွက်​ချက်​ရာမှာ စက်​သုံးဆီကို အရင်းအမြစ်​အဖြစ်​ထားပြီးတွက်​ချက်​ထားတယ်​။အ​ကြောင်းမှာ
စက်​သုံးဆီဟာ စစ်​ပွဲတစ်​ပွဲရဲ့ အဓိကကျတဲ့ ပင်​မ​သွေး​ကြောဖြစ်​လို့ပဲဖြစ်တယ်။
1. ဆီထုတ်​လုပ်​မှု​: 12,000 bbl/dy

2.သုံးစွဲမှုပမာဏ​: 28,120 bbl/dy

3.​မြေ​အောက်ရှိမ​သုံးစွဲရ​သေး​သောပမာဏ: 139,000,000 bblသဘာဝအရင်းအမြစ်​မှာ ထုတ်​လုပ်​မှုနဲ့ သုံးစွဲမှု အရမ်းကွာဟ​နေတာကို​တွေ့ရမှာပါ။

ထောက်​ပံ​ပေးတဲ့​ကျော​ထောက်​​နောက်​ခံအင်​အားအ​နေနဲ့

အလုပ်​သမားဦး​ရေ: 22,300,000

ပင်​လယ်​ကူးကုန်​သွယ်​​ရေးသ​ဘောင်္:97

အဓိကကုန်​သွယ်​ဆိပ်​ကမ်းကြီး: 3

မော်ေ​တ်ာကား​လမ်း: 34,377 km

မီးရထားလမ်း: 5,031 km

လေယာဉ်​ကွင်း: 64 အခြား​ဒေသတွင်းနိုင်ငံများနှင့်ယှဉ်လျင်​​​​​ကုန်​သွယ်​မှုနည်းပါး​နေတာကို တွေ့မြင်​ရမှာဖြစ်​ပါတယ်​။

ငွေ​ကြေး​ကျော​ထောက်​​နောက်​ခံအ​နေနဲ့က​တော့

1.စစ်​သုံးစာရိတ်​: $2,400,000,000

2.အ​ကြွေး: $6,594,000,000

3.နိုင်ငံခြားငွေလဲလှယ်ရန်သီးသန့်ဖယ်ထားသောရံပုံငွေ: $4,924,000,000

4. ဝယ်​လိုအားနှုန်း: $348,000,000,000
တိုင်းပြည်​ရဲ့ ဝင်​​ငွေ ကွာဟမှု များလာတယ်။GDPမှာ2018တွင်တိုးတတ်မှုနှုန်း 4.26ရှိနေရာမှ2019လက်ရှိအချိန်တွင် 2.41သာရှိသည့်အတွက် 1.85လျော့ကျနေတာတွေ့ရမှာဖြစ်ပါတယ်။
GNPနည်း​နေတယ်​။ အသားတင်​​ဝင်ေ​​ငွNIPAနည်းပါး​နေတယ်​။ သဘာဝထွက်​ကုန်​ဦးစား​ပေး​နေတယ့်​နိုင်​ငံအ​နေနဲ့ စီးပွား​ရေးဂယက်​ကို အရမ်းခံ​နေရတယ်​။super powerနိုင်​ငံကြီး​တွေရဲ့ ​လောင်းရိပ်​မိ​နေတယ်​။

ပထဝီသွင်​ပြင်​အ​နေအထားအ​နေနဲ့က​တော့
တစ်​နိုင်​ငံအကျယ်​အဝန်း: 676,578 km

ကမ်းရိုးတန်း: 1,930 km

Share border: 6,522 km

ရေလမ်း​ကြောင်း: 12,800 km

တို့ရှိပါတယ်​။

အချုပ်​အားဖြင့်​ဆိုရ​သော်​ မြန်​မာ့တပ်​မ​တော်​အ​နေနဲ့ ပြီးခဲ့သည့်​ နှစ်​များရဲ့ တိုးတက်​မှုများနှင့်​ နှိုင်းယှဉ်​လျှင် ​ခုနှစ်​၏2018ခုနှစ်​ရဲ့ rankingမှာpowerindexမှာ( 0.5991/0.0000)ဖြစ်​ပြီး ယခုနှစ်​ရဲ့ powerindexမှာ (0.6162/0.0000)ဖြစ်​ပြီးrankingသည်​ 37ကို​ရောက်​ရှိသွားပါတယ်။ အ​ခြေ​အ​နေပြ သ​င်္ကေတမှာ red arrowဖြစ်​ပါတယ်​။တိုးတက်​မှုနှုန်းကျဆင်းသွားပါတယ်​။ (​နောက်​၁၀နိုင်​ငံဖြည့်​စွက်​ တွက်​ချက်​ခြင်းနဲ့ လည်း ဆိုင်​မယ်ထင်ပါတယ်)

Myanmar Weapons Observers
(လွဲမှားမှုများရှိပါက ​စာ​ရေးသူညံ့ဖျင်းမှု​ကြောင့်​သာ)

1957 ခုနှစ်က ရန်ကုန်တက္ကသိုလ်ရဲ့ စာသင်ချိန်တချို့ကို ရိုက်ကူးထားသော Video တိုများနှင့်၊ တချိန်က အရှေ့ တောင်အာရှရဲ့ အ ကောင်းဆုံးတက္ကသိုလ် (သို့) ရန်ကုန်တက္ကသိုလ် အ ကြောင်း