ဂျပန်လေယာဉ်ကို မြန်မာ့ လေကြောင်းပိုင်နက်အတွင်း M1911 ပစ္စတိုဖြင့်ပစ်ချခဲ့သူ

Posted on

မြန်မာ ဂျပန် အင်္ဂ လိပ်တို့ တိုက်ပွဲ ဖြစ်နေသည့် မြန်မာ့ မြေပေါ် တွင် March 31, 1943 နေ့၌ စစ်တကောင်း အခြေစိုက်သည့် ဗြိတိသျှ လေတပ် မှ မဟာမိတ် အမေရိကန် ဗုံးကြဲလေ ယာဉ် အုပ်စု ဟာ မြန်မာ နိုင်ငံထဲ ဝင်ရောက်လာပါတယ်။ အဲ့ဒီအချိန်က မြန်မာနိုင်ငံက ဂျပန် လက်အောက် ကျပြီး အနိပ်စက်ခံနေရတဲ့ ကာလဖြစ်ပါသည်။

ဗဟုသုတရ စေမည့် ရှားပါး အကြောင်းအရာများ တင်ဆက် ပေးတဲ့ Youtube Channel လေးဖြစ်လို့ Subscribe လုပ်ထားကြပါအုံးနော် 1957 ခုနှစ်က ရန်ကုန်တက္ကသိုလ်ရဲ့ စာသင်ချိန်တချို့ကို ရိုက်ကူးထားသော Video တိုများနှင့်၊ ရန်ကုန်တက္ကသိုလ်ရဲ့ အ ကြောင်းရာ အချို့ပါဝင်ပါသည်။

အမေရိကန် 7th ဗုံးကြဲလေယာဉ် အဖွဲ့၏ ပစ်မှတ်ကပျဉ်းမနား နားမှာ အခြေစိုက်သည့် ဂျပန် စစ်ဌာန ချုပ်ကို ဗုံးကြဲမှာ ဖြစ်ပါတယ်။ (လင့်ထဲမှာတော့ ပျဉ်းမနား တံတားဟုပါရှိသည်)

အသင့် အနေ အထားရှိသည့် ဂျပန် လေတပ် က လည်းဗြိတိသျှ မဟာမိတ် အမေရိကန် လေယာဉ် ပျံတွေ တွေကို လမ်းခုလပ် မှာ ကြားဖြတ်တိုက်ဖို့ အဖွဲ့လိုက် လေပေါ်တတ် လာပါတယ်။

ထုံစံ အတိုင်းဘဲ လေယာဉ်တွေ ကောင်းကင်ယံ မှာ ပျံဝဲ ပြီး ပစ်ကြရင်း ဂျပန်လေယာဉ်တွေလည်း ကျည်ခပြီး မဂွေး၊ တောင်ငူ Magwe Toungoo ဒေသတွေ ရဲ့ ယာယီလေယာဉ်ကွင်းတွေမှာ အရေးပေါ်ဆင်းသက် ခဲ့ရပါတယ်။ အမေရိကန် လေယာဉ်တွေလည်း စစ်တကောင်းကို ပြန်ပြေး ရတာလည်းရှိပါတယ်။

ဒါပေမဲ့ အမေရိကန် လေယာဉ် မှုး Col. Lloyd Jansen နှင့် အကူလေယာဉ်မှုး Baggett တို့ဗုံးကြဲ လေယာဉ် B-24 ဟာ ရန်သူ ဂျန်ပန်တို့ ၏ တိုက်ခိုက်မှုကြောင့် ရစရာ မရှိအောင် စုတ်ပြတ် သွားပြီးလေယာဉ်မှုးတွေဟာ လေယာဉ်ပေါ်မှ လေထီးဖွင့်ပြီး ခုန်ဆင် ခဲ့ရပါတယ်။

ဂျပန် လေယာဉ်မှုးက သူပစ်ချခဲ့ သည့် လေယာဉ်ပေါ်မှ လက်ထောက် လေယာဉ်မှုး Baggett ၏ လေထီး အနီးတွင် ပါတ်၍ ပျံသန်း ပြီ zero pilots (ရန်သူပိုင်းလော့တွေသေဆုံးခြင်း) ဖြစ်မဖြစ်ကြည့် ရှုပါတယ် အမေရိကန်လေယာဉ် မှုး Baggett ကလည်း လေထီးပေါ်တွင် သေ ချင်ယောင်ဆောင် နေပါသည်။

နောက်တစ်ကြိမ် လေထီး နားကိုပါတ်၍ ပျံသန်းပြီးcanopy( လေယာဉ်အုပ်ဆောင်း)ကို အနည်းငယ် ဖွင့်၍ ထပ်မံ ကြည့်ရှု ရာ သေချင်ယောင်ဆောင်နေသည့်ဒုပိုင်းလော့ Baggett သည် အိတ်ဆောင် M1911ပစ္စတို ဖြင့် ကျည်ကုန် ပစ် ထဲ့ လိုက်ရာ ဂျပန်ပိုင်းလော့ ဦးခေါင်းကို တိုက်ရိုက် ထိမှန်ပြီး ဂျပန်တိုက်လေယာဉ် လည်း မြေပြင်ပေါ်သို့ ထိုးစိုက်ကျဆင်းသွားခဲ့ပါသည်။

၎င်း အဖြစ်အပျက်ကို မြင်သွားသည့် ဂျပန် တိုက်လေယာဉ်များသည် လေယာဉ် မှုး Col. Lloyd Jansen နှင့် အကူပိုင်းလော့ Baggett တို့လေထီးတွေကို လိုက်ပစ်သော် လည်း နှစ်ယောက်စလုံး မသေခဲ့ပေ။

 

သို့သော် မြေပြင် ပေါ်သို့ ရောက်ရှိုပြီး သစ်ပင် နှင့် ကွယ်ပြီး ပုန်းအောင်း နေစဉ် မြန်မာ စစ်သားများ ၏ ဖမ်းဆီးခြင်း ခံရပြီး ဂျပန် လက်ထဲသို့ ပြန်လည်အပ်နှံ ခံ ခဲ့ရသည်။

ဂျပန်များ သည် အမေရိကန် ပိုင်းလော့နှစ်ယောက်ကိုစစ်သုံးပန့် များအဖြစ်ဖမ်းဆီး ပြီး စင်္ကာပူ အကျဉ်း ထောင်တွင် ထဲ့ ထား ပြီးဖမ်းဆီးထိမ်းသိမ်း ခဲ့ပါသည် လေယာဉ်မှုးများ သည် ဒုတိယ ကမ္ဘာစစ် ပြီးဆုံးချိန် 1945 ခုနှစ်တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။

လေယဉ်ကို ပစ္စတိုဖြင့် ပစ်ချသည့် သမိုင်း ကို တွင်စေခဲ့သူမှာ အမေရိကန်နိုင်ငံသား Owen J. Baggett (August 29, 1920 -July 27, 2006 (aged 85)) ဆိုသူပင်ဖြစ်ပေသည်။

Background History နောက်ခံ သမိုင်း
=====================

မြန်မာနိုင်ငံသည် အင်္ဂလိပ်တို့ လက်အောက်ကျ ရောက်နေခဲ့ ချိန် မှာမြန်မာလူမျိုးတွေကို ကျွန်ပြု ဆက်ဆံ
ခံရ ပြီး အလွန်ဖိနိပ် ခံနေရတယ်လို့ဗိုလ်ချုပ် အောင်ဆန်းတို့ မှတ်ယူခဲ့ပါတယ်။

1940 ခုနှစ်မှာ ဗိုလ်ချုပ် အောင်ဆန်းသည် ဂျန်ပန်လူမျိုး အရာရှိတစ်ဦးနှင့် တရုတ်နိုင်ငံ Amoy တွင်လျို့ဝှက်စွာ တွေ့ဆုံပြီး ရဲဖေါ်သုံးကျိတ် တို့ကို ဟိုင်နန်နှင့် ထိုင်ဝှမ်ကျွန်တို့တွင် စစ်ပညာ သင်ရန် နှင့် ဂျပန်နှင့် ပူပေါင်းပြီး ဗြိတိသျှတို့ကို မြန်မာနိုင်ငံ အတွင်းမှမောင်းထုတ်ရန် ကြံရွယ်ခဲ့ပါသည်။

မြန်မာနိုင်ငံ ကို ဂျပန် ဝင် လာပြီး 1941-1944 ခုနှစ် အတွင် စစ်ကြောင့် မြန်မာပြည်သူတို့ 150000 လောက်သေဆုံးကုန်ကြပါသည်။

ဂျပန် ဝင်လာမှ မြန်မာပြည်သူတို့ ပိုမို ဒုက္ခရောက်ရသည်ဟု ဗိုလ်ချုပ် အောင်ဆန်းက မှတ်ယူကာဂျပန်အား ပြန်လည် တိုက်ထုတ်ရန် နှင့် မဟာမိတ်ညွန့်ပေါင်း အဖွဲ့ coalition ဖွဲ့ရန် ဗြိတိန်သို့ 1944 ခုနှစ်၌ လှမ်းဆက်သွယ်ပြီး ဗြိတိန် ၊အမေရိကန်၊ အိန္ဒိယ မဟာမိတ် အဖွဲ့ ကို မြန်မာနိုင်ငံအတွင်း သို့ ခေါ်သွင်း ခဲ့ပြန်ပါတယ်။

4 January 1948 မှာ မြန်မာကို အင်္ဂလိပ်တို့မှ လွတ်လပ်ရေး ပေးခဲ့သည်။

LKT

1957 ခုနှစ်က ရန်ကုန်တက္ကသိုလ်ရဲ့ စာသင်ချိန်တချို့ကို ရိုက်ကူးထားသော Video တိုများနှင့်၊ တချိန်က အရှေ့ တောင်အာရှရဲ့ အ ကောင်းဆုံးတက္ကသိုလ် (သို့) ရန်ကုန်တက္ကသိုလ် အ ကြောင်း