တူရကီကို အမေရီကန် မီးစိမ်းမပြခဲ့ပါ၊ သို့သော်

Posted on

တူရကီဟာ အရှေ့အလယ်ပိုင်းက အမေရီကန်ရဲ့ မူဝါဒတွေကို ဖော်ဆောင်တဲ့ နေရာမှာ အဓိကအခန်းကနေ ပါဝင်ရတဲ့ ဇာတ်ဆောင်တစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ သူတို့ဟာ မြောက်အန်္တ လန်တိပ်စစ်စာချုပ်အဖွဲ့ (NATO)အဖွဲ့ထဲက တစ်ခုတည်းသော အစ်္စလာမ်မစ်နိုင်ငံတစ်ခုဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဒါပေမယ့် နှစ်ရှည်လများ အာဏာချုပ်ကိုင်လာခဲ့တဲ့ လက်ရှိသမ်္မတမစ်္စတာ အာဒိုဂန်ရဲ့လက်ထက်မှာတော့ တူရကီဟာ အမျိုးသားရေးစိတ်ဓာတ်တွေ ထင်ထင်ရှားရှား နိုးကြား လာနေတာတွေ့ရပါတယ်။ ဒီလိုနိုးကြားလာမှုနဲ့အတူ တူရကီဟာ အင်အားကိုလည်း တိုးမြှင့် တည်ဆောက်လာလျက်ရှိပါတယ်။ ဒါကြောင့်မို့လို့ အင်အားထွန်းသစ် စဖြစ်လာပြီး ကမ်္ဘာ့ရေးရာတွေကို သေချာတွက်ချက်လာနိုင်ပြီဖြစ်တဲ့ တူရကီသမ်္မတအာဒိုဂန်ဟာ အစဉ်အလာမဟာမိတ်တွေဖြစ်တဲ့ အနောက်နိုင်ငံတွေရဲ့ သြဇာအောက်ကနေ ရုန်းထွတ်နိုင်အောင် လုပ်ဆောင်လျက် ရှိနေတာဖြစ်ပါတယ်။

တူရကီတွေဟာ ၁၈-ရာစု အလယ်ပိုင်းကာလတွေမှာ အော်တိုမန်အင်ပါယာဆိုပြီး ခေတ်တစ်ခေတ်ကို ထူထောင်ခဲ့ကြသူတွေပါ။ အော်တိုမန်အင်ပါယာကို ပထမကမ်္ဘာစစ်ကြီးက ဖြုတ်ချလိုက်ပြီး နန်းကျသွားရာကနေ တူရကီတွေ အင်အားချိနဲ့သွားခဲ့ရတာ ဖြစ်ပါတယ်။ အခု တူရကီသမ်္မတ အာဒိုဂန်ဟာ အော်တိုမန်အင်ပါယာထဲက တူရကီရဲ့ပုံရိပ်တွေကို ပြန်လည်တမ်းတ နေသူလားဆိုတာ စောင့်ကြည့်ချင်စရာဖြစ်လာခဲ့ပါတယ်။
လိုအပ်နေချိန်မှာတော့ မင်းသား

၂၀၁၁-ခုနှစ်မှာ တူနီးရှားကနေ စတင်ဖြစ်ပွားလာခဲ့တဲ့ အာရပ်နွေဦး တော်လှန်ရေးဟာ အရှေ့အလယ်ပိုင်းက ပထဝီနိုင်ငံရေးတွေကို အကြီးအကျယ် ပြောင်းလည်းဖို့ ဖြစ်လာစေခဲ့တာ တွေ့ရပါတယ်။ အဲဒီအချိန်မတိုင်ခင်ထိ ဒေသတစ်ခုလုံးကို အမေရီကန်တွေက လွှမ်းမိုးထားတာ ဖြစ်ပါတယ်။ တူနီးရှားအရေး ဖြစ်ပွားပြီးတဲ့နောက်မှာတော့ အရှေ့အလယ်ပိုင်းဒေသဟာ ပါဝါပေါင်းစုံပါဝင်ဖို့ ဖြစ်လာခဲ့ပါတယ်။ တူနီးရှားအရေးကနေ စတင်လိုက်တဲ့ အာရပ်တော်လှန်ရေး တွေကြောင့် အီဂျစ်နဲ့လစ်ဗျားတို့မှာ သက်တော်ရှည် အာဏာရှင်ကြီးတွေပြုတ်ကျသွားခဲ့ရပါတယ်။ ၂၁-ရာစုမှာ လူသားမျိုးနွယ်စုတွေဟာ အာဏာရှင်ဆိုတဲ့စကားကို အလိုမရှိကြတော့သာ မှန်ပေမယ့် အာရပ်နိုင်ငံတွေက အာဏာရှင်တွေပြုတ်ကျသွားလို့ သက်ဆိုင်ရာနိုင်ငံတွေမှာ တစ်စုံတစ်ရာ ကောင်းကျိုးတွေဖန်တီးသွားနိုင်ခဲ့သလားဆိုရင်တော့ အဆင်မပြေဘူးလို့ဘဲ ဖြေကြရမှာဖြစ်ပါတယ်။ အာဏာရှင်တွေပြုတ်ကျသွားတဲ့ အကျိုးဆက်ကြောင့် စနစ်တစ်ခုအတွက် အဆင်သင့်မဖြစ်သေးတဲ့ နိုင်ငံတွေမှာ မျိုးနွယ်စုခေါင်းဆောင်တွေ အားကောင်းလာခဲ့ကြပါတယ်။ အဲဒီအချိန်က အမေရီကန်ကလည်း မဟာဗျုဟာအလှည့်အပြောင်းအဖြစ် အီရက်ကနေ တိုက်ခိုက်ရေးတပ်တွေကို ပြန်လည်ရုပ်သိမ်းပြီးစအချိန်ပါ။ မျိုးနွယ်စုစစ်ဘုရင်တွေ အားကောင်းလာရာကနေ ထိမ်းမနိုင်သိမ်းမရ ဖြစ်လာခဲ့ပြီး အစွန်းရောက်အဖွဲ့တွေ အခွင့်အရေး ရသွားစေခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ အစ်္စလာမ်မစ်အဖွဲ့အိုင်အက်စ်တွေဟာ ကာလီဖိတ် ဆိုတဲ့ကြွေးကြော် သံတွေကို ကျယ်ကျယ်လောင်လောင် အော်ဟစ်လာခဲ့ပြီး အစ်္စလာမ်စစ်သွေးကြွတွေကို စုစည်းနိုင်ခဲ့ကြပါတယ်။ ဒီအဖွဲ့ဟာ ၂၀၁၂ကနေ ၂၀၁၇ခုနှစ်အတွင်းမှာ အလွန်အားကောင်းလာခဲ့ပြီး အီရက်အနောက်ပိုင်း ဆီးရီးယား မြောက်ပိုင်းနဲ့လစ်ဗျားနိုင်ငံတွေမှာ နယ်မြေတွေအများအပြားကို သိမ်းယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ရေနံကရတဲ့ငွေတွေ ပြန်ပေးငွေတွေနဲ့ အစွမ်းထက်လာတဲ့ အိုင်အက်စ်တွေဟာ ဒေသတွင်းက မျိုးနွယ်စုလေးတွေအပေါ်မှာ မျိုးနွယ်စုအလိုက် ရှင်းလင်းတာတွေအထိ လုပ်ဆောင်လာတာကြောင့် နိုင်ငံကြီးတွေဟာ သူတို့အဖွဲ့ကိုနှိမ်နှင်းဖို့ လုပ်ဆောင်လာခဲ့ရပါတော့တယ်။

အိုင်အက်စ်နှိမ်နှင်းရေးအဖွဲ့တွေထဲကို မဟာအင်အားကြီးတွေ ပါဝင်လာခဲ့တာမှန်ပေမယ့် တကယ်တမ်းက လက်တွေကျကျ ပါဝင်ပတ်သက်ခဲ့တာက ဗလာဒီမာပူတင်ရဲ့ ရုရှားလို့ဆိုရမှာပါ။ အမေရီကန်နဲ့ အနောက်မဟာမိတ်တွေကတော့ ဆယ်စုနှစ်တစ်ခုနီးပါး စစ်နွံနစ်နေခဲ့တာကြောင့် မြေပြင်တပ်တွေနဲ့ ပါဝင်တိုက်ခိုက်ခဲ့ကြခြင်းမရှိခဲ့ဘဲ လေတပ်ကနေသာ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ပွဲတစ်ခုကို တိုက်ရိုက်ဆုံးဖြတ်ပေးနိုင်ဖို့ဆိုတာ လေကြောင်းတစ်ခုတည်းနဲ့ မစွမ်းဆောင်နိုင်ပါဘူး။ ဒါကြောင့် အဲဒီနေရာမှာ အစားထိုးအသုံးပြုနိုင်မယ့် သူတွေကိုရှာဖွေခဲ့ကြရပါတယ်။ အဲဒီလူတွေကတော့ ကာဒ်လူမျိုးတွေပဲဖြစ်ပါတယ်။ အမေရီကန်တွေဟာ အိုင်အက်စ်တွေကို တိုက်ခိုက်ဖို့ရွေးချယ်လိုက်ပြီး စင်မြင့်ပေါ်ကို တင်ပေးခဲ့တာဖြစ်ပါတယ်။

ကာဒ်လူမျိုးတွေဟာ ကမ်္ဘာပေါ်မှာ ထင်ထင်ရှားရှားရှိနေတဲ့ မျိုးနွယ်စုတွေလို့ ဆိုရမှာပါ။ ကာဒ်လူမျိုးတွေဟာ ကမ်္ဘာမှာ လူဦးရေသန်းလေးဆယ်ခန့်ရှိပါတယ်။ ဒါပေမယ့်လို့ အခုလိုကြီးမားလှတဲ့ ကာဒ်မျိုးနွယ်စုကြီးမှာ ကိုယ်ပိုင်နိုင်ငံ ကိုယ်ပိုင်နယ်မြေဆိုပြီး မရှိပါဘူး။ သူတို့ဟာ အီရန်နိုင်ငံ အနောက်ပိုင်း တူရကီနိုင်ငံရဲ့ အရှေ့တောင်ပိုင်း၊ အီရက်နိုင်ငံမြောက်ပိုင်းနဲ့ ဆီးရီးယားနိုင်ငံတွေမှာ အခြေချနေထိုင်နေကြတဲ့ လူမျိုးစုတွေဖြစ်ပါတယ်။ ကာဒ်လူတွေဟာ သီးခြားနိုင်ငံနဲ့ရပ်တည်နိုင်ဖို့ကြိုးစား နေကြတာဖြစ်ပြီး ဒီလှုပ်ရှားမှုတွေကို သူတို့မျိုးနွယ်စုတွေရှိကြတဲ့ နေရာတွေမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဗဟိုအစိုးရတွေ အားနည်းနေတဲ့ ဆီးရီးယားနဲ့အီရက်နိုင်ငံတွေမှာပါ။ ၂၀၁၂-ခုနှစ်နောက်ပိုင်း ဆီးရီးယားမှာ ရောင်စုံသူပုန်ထမှုကြီး ဖြစ်ပေါ်လာတဲ့အခါမှာတော့ ဆီးရီးယားမှာ ရှိနေတဲ့ကာဒ်လူမျိုးတွေဟာ သူတို့ရဲ့အိမ်မက်တွေကို ဖော်ဆောင်ဖို့လုပ်ရှားလာခဲ့ကြပါတယ်။ ဒီနေရာမှာ အမေရီကန်ရဲ့အခန်းက ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ အမေရီကန်တွေဟာ ဆီးရီးယားမှာ အာဆက်ကို အလိုမရှိတော့သာကြာနေပါပြီ။ ဒါကြောင့် ဆီးရီးယားကအစိုးရကို တော်လှန်တဲ့အဖွဲ့တွေနဲ့ ကာဒ်လူမျိုး တွေကို မက်လုံးကောင်းကောင်းနဲ့ သင်တန်းပေးတာတွေ လက်နက်တပ်ဆင်တာတွေ လုပ်ဆောင်လာ ခဲ့ကြတာဖြစ်ပါတယ်။ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ထောက်လှမ်းရေးသတင်းပေးတာတွေ လုပ်ပြီး သူတို့ကိုယ်စား အိုင်အက်စ်တွေနဲ့ ဆီးရီးယားဗဟိုအစိုး ရထိမ်းချုပ်ထားတဲ့နယ်မြေတွေ သိမ်းယူဖို့ အမေရီကန်တွေကြိုးစားခဲ့တာဖြစ်ပါတယ်။ ကာဒ်တွေကလည်း ဆီးရီးယားကနယ်မြေတစ်ချို့လိုချင်တာ။ အမေရီကန်ကလည်း အိုင်အက်စ်နဲ့ အာဆက်ကိုဖြုတ်ချချင်ရာကနေ ကာဒ်တွေကို အမေရီကန်တွေက လက်နက်တပ်ဆင်တာတွေ လေ့ကျင့်သင်တန်းပေးတာတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကာဒ်တွေကို အမေရီကန်ရဲ့မဟာမိတ်အနေနဲ့ အားလုံးကကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြတာ ဖြစ်ပါတယ်။

ကာဒ်လူမျိုးတွေရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို အမြဲတမ်းစောင့်ကြည့်နေတာက တူရကီနိုင်ငံပါ။ သူ့နိုင်ငံထဲကရှိတဲ့PKKခေါ် ကာဒ်အလုပ်သမားပါတီနဲ့ ဆီးရီးယားနိုင်ငံထဲက YPGလို့ခေါ်တဲ့ ကာဒ်တပ်ဖွဲ့တွေပေါင်းပြီး ခွဲထွတ်ဖို့လုပ်ဆောင်နေတာ ဖြစ်တယ်လို့ တူရကီခေါင်းဆောင်တွေ ကရှုမြင်ထားတာဖြစ်ပါတယ်။ ဒါကြောင့် တူရကီတွေဟာ မဟာမိတ်ဖြစ်တဲ့ အမေရီကန်တွေက လေ့ကျင့်ပေးထားတဲ့ ကာဒ်လူမျိုးတွေကို အရေးယူနိုင်မယ့် နည်းလမ်းတွေကို အမြဲတမ်းရှာ ဖွေနေတာဖြစ်ပါတယ်။ ဒီလိုနဲ့ အမေရီကန်ကလေ့ကျင့်ပေးထားတဲ့ ကာဒ်တွေနဲ့ ရုရှားတပ်တွေရဲ့ အပြင်း အထန်တိုက်ခိုက်မှုတွေကြောင့် ဆီးရီးယားမှာ နယ်မြေတွေကို သိမ်းယူထားတဲ့အိုင်အက်စ်တွေဟာ ၂၀၁၈ခုနှစ်မှာတော့ စစ်ရေးအရ ရှုံးနိမ့်လာခဲ့ရပါတယ်။ အိုင်အက်စ်တွေပြိုကွဲသွားပြီးနောက် ဆီးရီးယားဗဟိုအစိုးရကလည်း နယ်မြေတွေထိမ်းချုပ်နိုင်ဖို့ ကြိုးစားနေသလို စစ်အတွင်းက သိမ်းပိုက်ထားတဲ့နယ်မြေတွေကို ချုပ်ကိုင်ထားနိုင်ဖို့ ကာဒ်တွေကလည်း လုပ်ဆောင်နေတာပါ။ ဒီအချိန်မှာပဲ မထင်မှတ်တဲ့အလှည့်အပြောင်းအလဲတွေ စတင်ဖြစ်ပေါ်လာရတော့တာလို့ ဆိုရမှာပါ။ အဲဒါကတော့ အမေရီကန်တပ်တွေ ဆီးရီးယားထဲကနေ ထွတ်ခွါတော့မယ်ဆိုတဲ့ကြေညာချက် ထွတ်လာခဲ့တာပဲဖြစ်ပါတယ်။ အမေရီကန်က အခုလိုကြေညာပြီး မကြာခင်မီအချိန်မှာပဲ တူရကီသမ်္မတဟာ အစဉ်အလာရန်သူ အဖြစ်သက်မှတ်ထားတဲ့ ကာဒ်တွေသိမ်းပိုက်ထားတဲ့ နေရာတွေကို စစ်ရေးအရ ၀င်ရောက်ကျူးကျော်ခဲ့ပါတယ်။ သူတို့နိုင်ငံထဲကို စစ်အတွင်းကာလက ၀င်ရောက်လာတဲ့ ဒုက်္ခသည်တွေ ပြန်ပို့ဖို့ရာအတွက် ကာဒ်တွေထိမ်းချုပ်ထားတဲ့နေရာမှာ လုံခြုံရေးဇုံတစ်ခုဖန်တီးမယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ တူရကီကြည်းတပ်နဲ့ လေတပ်တွေဟာ ကာဒ်တွေအပေါ် အကြီးအကျယ် ထိုးစစ်ဆင်လာခဲ့တာဖြစ်ပါတယ်။ တကယ်တော့ တူရကီဟာ အရှေ့အလယ်ပိုင်းမှာ အစ်္စရေး တပ်မတော်ပြီးရင် ဒုတိယအစွမ်းအထက်ဆုံးတပ်မတော်ဖြစ်ပြီး ကမ်္ဘာ့အဆင့်နဲ့ဆိုရင် အဆင့်တစ်ဆယ် အတွင်းမှာရှိနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီလို စစ်ရေးအင်အားကြီးမားလှတဲ့ တူရကီတွေရဲ့ စစ်ရေးအရ ကျူးကျော်လာတာကို ကာဒ်တွေအနေနဲ့ ခုခံနိုင်စွမ်းမရှိပါဘူး။ ဒါကြောင့် သူတို့အနေနဲ့ အနီးကပ်ဆုံးအင်အားကို ရှာဖွေရပါတော့တယ်။

အမျိုးသားအကျိုးစီးပွားသာ ပထမ
ကာဒ်တွေဟာ အိုင်အက်စ်တွေ အားကောင်းစဉ်အချိန်က အမေရီကန်တွေရဲ့ အရေးကြီးတဲ့ မဟာမိတ်အဖွဲ့အစည်းဖြစ်ပါတယ်။ အခုတော့ အိုင်အက်စ်တွေဟာ ဌာနချုပ်ရယ် နယ်မြေရယ်ဆိုပြီး ပြစရာနေရာ မကျန်တော့ပါဘူး။ အခုလို အိုင်အက်စ်တွေ မရှိတော့မှုနဲ့အတူ ကာဒ်တွေကို ကာကွယ်ပေးဖို့ အမေရီကန်တွေက တာဝန်မယူ ချင်တော့ပါဘူး။ ဒါကြောင့် ဆီးရီးယားထဲမှာ ကာဒ်တွေအတွက် အာမခံချက်တစ်စုံတစ်ရာ မပေးတော့ဘဲ ထွတ်ခွါတော့သာဖြစ်ပါတယ်။ ကာဒ်တွေကတော့ အမေရီကန်ရဲ့ လုပ်ရပ်ဟာ နောက်ကြောကို ဓားနဲ့ထိုးရာရောက်တယ်ဆိုပြီး စွပ်စွဲပါတယ်။ အမေရီကန်နိုင်ငံရေး အသိုင်းအဝိုင်းနဲ့ ကမ်္ဘာမှာလည်း အမေရီကန်ဟာ ကာဒ်တွေကို တူရကီလက်ထဲ ၀ကွပ်အပ်ရာ ရောက်တယ်ဆိုပြီး စွပ်စွဲမှုတွေရှိနေတာဖြစ်ပါတယ်။ ထရန့်ကတော့ တူရကီနဲ့ကာဒ်တွေကြားက ဟိုတုန်းကတည်းကဖြစ်လာတဲ့ ရန်ငြိုးတွေအထဲမှာ ၀င်ပါမှာမဟုတ်ဘူးဆိုပြီး ပြန်လည်ချေပနေပါတယ်။ သမ်္မတဟာ အများကစွပ်စွဲနေကြသလို ကာဒ်တွေအပေါ်မှာ တူရကီတွေ ကျူးကျော်နိုင်အောင် မီးစိမ်းပြခဲ့တာ မဟုတ်ဘူးဆိုရင် သူတို့အတွက် မလိုအပ်တော့လို့ စွန့်ပစ်သွားတာဆိုတဲ့အဖြေက မြေပြင်မှာဆင်သွားသလို ရှင်းနေပြီဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေ အမေရီကန်အပါအ၀င်အင်အားကြီး နိုင်ငံတွေဟာကိုယ့်အတွက် အသုံးကျနေချိန်မှာ လိုအပ်နေသူတွေ သူကောင်းပြုပြီး မလိုအပ်တော့တဲ့ အချိန်မှာ စွန့်ပစ်သွားတယ်ဆိုတာ အခုဖြစ်ရပ်ကနေ သင်္ခန်းစာတွေ ယူကြရမှာဖြစ်ပါတယ်။ ကိုယ်အတွက် အသုံးကြမယ့်အချိန်မှာ နယ်ရုပ်ကလေးတွေကနေ ဘုရင်ဖြစ်အောင်လည်း လုပ်နိုင်ကြတာမို့ နိုင်ငံငယ်လေးများက ခေါင်းဆောင်းများအနေနဲ့ မြောက်တိုင်းမမြောက်ဘို့ မြှောက်တိုင်းမြောက်ပါက ပေးဆပ်မှုကြီးမားသွားတက်တာကို ကာဒ်လူမျိုးတွေရဲ့ အဖြစ်အပျက်က သက်သေခံနေပါကြောင်း ရေးသားတင်ပြလိုက်ရပါတော့တယ်။

Writer:မောင်ဉာဏ်မင်း (ဆားလင်းကြီး)
International News Journal