ကုန္းေဘာင္ေခတ္တုန္းက အမွန္တရားကို အသက္နဲ႕လဲ၀ံ႕တဲ့ ပုဂၢိဳလ္တစ္ဦးအေၾကာင္း

Posted on

ကုန္းေဘာင္ေခတ္တုန္းက အမွန္တရားကို အသက္နဲ႕လဲ၀ံ႕တဲ့ ပုဂၢိဳလ္တစ္ဦးရွိပါတယ္။ သူသည္မင္းလိုလိုက္ မင္းၾကိဳက္ခစားသူမ်ားအၾကားမွ မွန္မည္ထင္ရာယံုၾကည္ရာကို ရဲ၀ံ႕စြာေျပာဆိုျခင္းေၾကာင့္ ရာထူးမွ မၾကာခဏ အခ်ခံရျပီး အိမ္နိမ့္စံဘ၀ျဖင့္ ကြယ္လြန္သြားေသာ ၀န္ၾကီးလည္း ျဖစ္၏။ သူကားေယာအတြင္း၀န္ ဦးဘိုးလႈိင္ျဖစ္ပါသည္။

ဗဟုသုတရ ေစမည့္ ရွားပါး အေၾကာင္းအရာမ်ား တင္ဆက္ ေပးတဲ့ Youtube Channel ေလးျဖစ္လို႕ Subscribe လုပ္ထားၾကပါအံုးေနာ္ 1957 ခုႏွစ္က ရန္ကုန္တကၠသိုလ္ရဲ့ စာသင္ခ်ိန္တခ်ိဳ႕ကို ရိုက္ကူးထားေသာ Video တိုမ်ားႏွင့္၊ ရန္ကုန္တကၠသိုလ္ရဲ့ အ ေၾကာင္းရာ အခ်ိဳ႕ပါဝင္ပါသည္။

မင္းတုန္းမင္းႏွင့္ ေျမာက္ေဆာင္ေတာ္မိဖုရားတို႕၏ေမြးစားသားအျဖစ္ခ်ိီးေျမွာက္ျခင္းခံရ၏။ ေယာျမိဳ႕ကို အပိုင္စားရ၏။ သို႕ရာတြင္ ဟုတ္တိုင္းမွန္ရာကို ယူဆေျပာဆိုသည္ေၾကာင့္ရာထူးမွ မၾကာခဏ ခ်ျခင္းခံရသည္။ အသက္ ၂၃ ႏွစ္အရြယ္က မင္းတုန္းမင္းၾကီးႏွင့္ အယူအဆမတူ၍ တစ္ၾကိမ္၊ က ေနာင္မင္းသားလုပ္ၾကံခံရအျပီး ဗ်စ္ရည္သည္ ေဆးခါးၾကီးႏွင့္တူေၾကာင္း၊ အနည္းငယ္ေသာက္က အျပစ္မရွိေၾကာင္းေျပာဆိုသျဖင့္ ဒုတိယအၾကိမ္ ရာထူး အခ်ခံရသည္။ တတိယအၾကိမ္ရာထူးခ်ခံရပံုက သူမို႕သာလုပ္ရဲသည္ဟု ဆိုရမည္။  အျဖစ္ကေတာ့ဤသို႕တည္း……

တစ္ခါေသာ္မင္းတရားၾကီး၏ သ ေဘာလြဲမွားေနမႈကို အေၾကာင္းျပဳ၍ ဘုရင္မင္းျမတ္သည္ အစ္မ၊ ႏွမ၊ သမီးကညာအပ္နွင္းျခင္း၊ တံစိုးလက္ေဆာင္ဆက္သျခင္းကို အေၾကာင္းျပဳလၽက္အတက္ပညာမရွိသူမ်ားကို ၀န္ၾကီး၊ အမတ္စသည္ျဖင့္ခန္႕အပ္ခဲ့ေသာ္ တိုင္းျပည္ပ်က္တက္ေၾကာင္း ဘုရင္မင္းတရားၾကီးအား မေထာက္မညွာ ေ၀ဖန္ေထာက္ျပ ေလ်ာက္ထားလိုက္သည္။ ဤတင္မင္းတုန္းမင္းတရားၾကီး၏ စိတ္ေတာ္ဆိုး၍ ဦးဘိုးလႈိင္အား သူ၏ဖခင္ယင္းေတာ္၀န္ၾကီးအား ကြပ္မ်က္ခဲ့ေသာ လွံကို ျပသလၽက္ ထိုးမည္ျပဳရာ ရင္ကိုေ ကာ့လ်က္ “ထိုးေတာ္မူပါ ဘုရား” ဟု ေလၽွာက္တင္ခဲ့သည္။ မင္းတုန္းမင္းက မထိုးပဲလွံကို ကိုင္၍ အတြင္းေတာ္ ၀င္သြားေသာေၾကာင့္သာ အသက္ခ်မ္းသာရာရေလသည္။ အျခား၀န္ၾကီးမ်ားက အတြင္း၀န္ ဦဘိုးလႈိင္အား ဤမၽွတင္းတင္းမာမာ ဘုရင္ကို ျပန္မေလၽွာက္သင့္ေၾကာင္း ၀ိုင္း၍ ေျပာၾကသည္တြင္ ဦးဘိုးလႈိင္မွ ျပန္ေျပာၾကား ေသာ စကားမွာ တန္ဖိုးရွိလွေပသည္။ ဦးဘိုးလႈိင္က….

“ကၽြႏု္ပ္အား လွံျဖင့္ထိုး၍ ေသရျခင္းကား ျမတ္ပါ၏။ ေနရာတိုင္းမင္းအလိုလိုက္၍ ေဆာင္ရြက္ေပးေနရပါမူ မေကာင္းမႈျဖစ္ပြားလာပါက ႏိုင္ငံေတာ္ပ်က္စီးျခင္းေရာက္ေလသည္ ဟု နာမည္ဆိုးျဖင့္ က်န္ရစ္ခဲ့ေသာ္ ေသရက်ိဳးမနပ္” ဟူ၍ပင္ျဖစ္ေလသည္။ ဤသို႕ျဖင့္ မင္းလိုလိုက္ မင္းၾဳကိဳက္ မခစားေသာေၾကာင့္ တတိယအၾကိမ္ရာထူးမွ က်ေလသည္။

LKT

================

ကုန်းဘောင်ခေတ်တုန်းက အမှန်တရားကို အသက်နဲ့လဲဝံ့တဲ့ ပုဂ္ဂိုလ်တစ်ဦးရှိပါတယ်။ သူသည်မင်းလိုလိုက် မင်းကြိုက်ခစားသူများအကြားမှ မှန်မည်ထင်ရာယုံကြည်ရာကို ရဲဝံ့စွာပြောဆိုခြင်းကြောင့် ရာထူးမှ မကြာခဏ အချခံရပြီး အိမ်နိမ့်စံဘဝဖြင့် ကွယ်လွန်သွားသော ဝန်ကြီးလည်း ဖြစ်၏။ သူကားယောအတွင်းဝန် ဦးဘိုးလှိုင်ဖြစ်ပါသည်။

မင်းတုန်းမင်းနှင့် မြောက်ဆောင်တော်မိဖုရားတို့၏မွေးစားသားအဖြစ်ချိီးမြှောက်ခြင်းခံရ၏။ ယောမြို့ကို အပိုင်စားရ၏။ သို့ရာတွင် ဟုတ်တိုင်းမှန်ရာကို ယူဆပြောဆိုသည်ကြောင့်ရာထူးမှ မကြာခဏ ချခြင်းခံရသည်။ အသက် ၂၃ နှစ်အရွယ်က မင်းတုန်းမင်းကြီးနှင့် အယူအဆမတူ၍ တစ်ကြိမ်၊ က နောင်မင်းသားလုပ်ကြံခံရအပြီး ဗျစ်ရည်သည် ဆေးခါးကြီးနှင့်တူကြောင်း၊ အနည်းငယ်သောက်က အပြစ်မရှိကြောင်းပြောဆိုသဖြင့် ဒုတိယအကြိမ် ရာထူး အချခံရသည်။ တတိယအကြိမ်ရာထူးချခံရပုံက သူမို့သာလုပ်ရဲသည်ဟု ဆိုရမည်။ အဖြစ်ကတော့ဤသို့တည်း……

တစ်ခါသော်မင်းတရားကြီး၏ သ ဘောလွဲမှားနေမှုကို အကြောင်းပြု၍ ဘုရင်မင်းမြတ်သည် အစ်မ၊ နှမ၊ သမီးကညာအပ်နှင်းခြင်း၊ တံစိုးလက်ဆောင်ဆက်သခြင်းကို အကြောင်းပြုလျက်အတက်ပညာမရှိသူများကို ဝန်ကြီး၊ အမတ်စသည်ဖြင့်ခန့်အပ်ခဲ့သော် တိုင်းပြည်ပျက်တက်ကြောင်း ဘုရင်မင်းတရားကြီးအား မထောက်မညှာ ဝေဖန်ထောက်ပြ လျောက်ထားလိုက်သည်။ ဤတင်မင်းတုန်းမင်းတရားကြီး၏ စိတ်တော်ဆိုး၍ ဦးဘိုးလှိုင်အား သူ၏ဖခင်ယင်းတော်ဝန်ကြီးအား ကွပ်မျက်ခဲ့သော လှံကို ပြသလျက် ထိုးမည်ပြုရာ ရင်ကိုေ ကာ့လျက် “ထိုးတော်မူပါ ဘုရား” ဟု လျှောက်တင်ခဲ့သည်။ မင်းတုန်းမင်းက မထိုးပဲလှံကို ကိုင်၍ အတွင်းတော် ဝင်သွားသောကြောင့်သာ အသက်ချမ်းသာရာရလေသည်။ အခြားဝန်ကြီးများက အတွင်းဝန် ဦဘိုးလှိုင်အား ဤမျှတင်းတင်းမာမာ ဘုရင်ကို ပြန်မလျှောက်သင့်ကြောင်း ၀ိုင်း၍ ပြောကြသည်တွင် ဦးဘိုးလှိုင်မှ ပြန်ပြောကြား သော စကားမှာ တန်ဖိုးရှိလှပေသည်။ ဦးဘိုးလှိုင်က….

“ကျွနု်ပ်အား လှံဖြင့်ထိုး၍ သေရခြင်းကား မြတ်ပါ၏။ နေရာတိုင်းမင်းအလိုလိုက်၍ ဆောင်ရွက်ပေးနေရပါမူ မကောင်းမှုဖြစ်ပွားလာပါက နိုင်ငံတော်ပျက်စီးခြင်းရောက်လေသည် ဟု နာမည်ဆိုးဖြင့် ကျန်ရစ်ခဲ့သော် သေရကျိုးမနပ်” ဟူ၍ပင်ဖြစ်လေသည်။ ဤသို့ဖြင့် မင်းလိုလိုက် မင်းြုကိုက် မခစားသောကြောင့် တတိယအကြိမ်ရာထူးမှ ကျလေသည်။

LKT

1957 ခုႏွစ္က ရန္ကုန္တကၠသိုလ္ရဲ့ စာသင္ခ်ိန္တခ်ိဳ႕ကို ရိုက္ကူးထားေသာ Video တိုမ်ားႏွင့္၊ တခ်ိန္က အေရွ႕ ေတာင္အာရွရဲ႕ အ ေကာင္းဆံုးတကၠသိုလ္ (သို႕) ရန္ကုန္တကၠသိုလ္ အ ေၾကာင္း