တ႐ုတ္ႏိုင္ငံသို႔ ပို႔ေဆာင္ရန္ လိုက္လံ စည္း႐ုံးေနသူ (၂) ဦးအား ဖမ္းဆီးရမိ

Posted on

ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ခ်မ္းျမသာယာရပ္ကြက္၊ ကြၽဲဆည္ကန္ ကားႀကီးကြင္းအနီး “ေ႐ႊအိမ္စည္” တည္းခိုခန္းေရွ႕၌ အမ်ိဳးသမီးငယ္မ်ား တ႐ုတ္ႏိုင္ငံသို႔ ပို႔ေဆာင္မည့္ စည္း႐ုံးေနသူ ၂ ဦးအား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရွိရသည္။

ျဖစ္စဥ္မွာ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၀ ရက္ေန႔ မနက္ ၅ နာရီ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ခ်မ္းျမသာယာရပ္ကြက္၊ ကြၽဲဆည္ကန္ကားႀကီးကြင္းအနီး “ေ႐ႊအိမ္စည္”တည္းခိုခန္းေရွ႕၌ အမ်ိဳးသမီးငယ္မ်ားအား တ႐ုတ္ႏိုင္ငံသို႔ ပို႔ေဆာင္ရန္ လိုက္လံစည္း႐ုံးေနေၾကာင္း သတင္းအရ ေစာင့္ဆိုင္းေနစဥ္ ျပည့္ၿဖိဳးေအာင္(၂၇)ႏွစ္ႏွင့္ မသံစဥ္(၁၈)ႏွစ္တို႔ ၂ ဦးမွာ မစုစုဝင္း(၃၁)ႏွစ္ပါအမ်ိဳးသမီး ၃ ဦးအား တည္းခိုခန္းေရွ႕သို႔ ေခၚေဆာင္ေရာက္ရွိလာသျဖင့္

ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ပတ္ကုန္းေပ်ာ္ဘြယ္ ရပ္ကြက္ရွိ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စု(၁၁)သို႔ ထိန္းသိမ္းေခၚေဆာင္ခဲ့ၿပီး ျပည့္ၿဖိဳးေအာင္ႏွင့္ မသံစဥ္တို႔အား စစ္ေမးရာ မစုစုဝင္းပါ ၃ ဦးအား တ႐ုတ္ အမ်ိဳးသားမ်ားႏွင့္ လက္ထပ္ၿပီး ၁ ႏွစ္အတူေနထိုင္ပါက ေငြက်ပ္ ၂၅ သိန္းေပးမည္ျဖစ္ေၾကာင္း၊ ၎တို႔ ၃ ဦးအား စရံေငြအျဖစ္ ၅၀,၀၀၀ က်ပ္စီေပးထားၿပီး က်န္ေငြမ်ားအား တ႐ုတ္ႏိုင္ငံ၊ ေ႐ႊလီၿမိဳ႕သို႔ ေရာက္ရွိပါက ထပ္မံေပးအပ္သြားမည္ဟု ေျပာဆိုစည္း႐ုံး၍ ေခၚေဆာင္လာျခင္းျဖစ္ေၾကာင္း သိရွိရသည္။

အဆိုပါ ျပည့္ၿဖိဳးေအာင္ႏွင့္ မသံစဥ္(ဖမ္းမိ)တို႔ ၂ ဦးအား ျပည္ႀကီးတံခြန္ၿမိဳ႕မရဲစခန္း၊(ပ)၁၁၃၇/၂၀၁၉၊ လူကုန္တားဥပေဒပုဒ္မ ၂၄/၂၃ ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သိရွိရသည္။

================

ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ ကျွဲဆည်ကန် ကားကြီးကွင်းအနီး “ရွှေအိမ်စည်” တည်းခိုခန်းရှေ့၌ အမျိုးသမီးငယ်များ တရုတ်နိုင်ငံသို့ ပို့ဆောင်မည့် စည်းရုံးနေသူ ၂ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ မနက် ၅ နာရီ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များသည် ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ ကျွဲဆည်ကန်ကားကြီးကွင်းအနီး “ရွှေအိမ်စည်”တည်းခိုခန်းရှေ့၌ အမျိုးသမီးငယ်များအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် လိုက်လံစည်းရုံးနေကြောင်း သတင်းအရ စောင့်ဆိုင်းနေစဉ် ပြည့်ဖြိုးအောင်(၂၇)နှစ်နှင့် မသံစဉ်(၁၈)နှစ်တို့ ၂ ဦးမှာ မစုစုဝင်း(၃၁)နှစ်ပါအမျိုးသမီး ၃ ဦးအား တည်းခိုခန်းရှေ့သို့ ခေါ်ဆောင်ရောက်ရှိလာသဖြင့်

ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ် ရပ်ကွက်ရှိ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁၁)သို့ ထိန်းသိမ်းခေါ်ဆောင်ခဲ့ပြီး ပြည့်ဖြိုးအောင်နှင့် မသံစဉ်တို့အား စစ်မေးရာ မစုစုဝင်းပါ ၃ ဦးအား တရုတ် အမျိုးသားများနှင့် လက်ထပ်ပြီး ၁ နှစ်အတူနေထိုင်ပါက ငွေကျပ် ၂၅ သိန်းပေးမည်ဖြစ်ကြောင်း၊ ၎င်းတို့ ၃ ဦးအား စရံငွေအဖြစ် ၅၀,၀၀၀ ကျပ်စီပေးထားပြီး ကျန်ငွေများအား တရုတ်နိုင်ငံ၊ ရွှေလီမြို့သို့ ရောက်ရှိပါက ထပ်မံပေးအပ်သွားမည်ဟု ပြောဆိုစည်းရုံး၍ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ပြည့်ဖြိုးအောင်နှင့် မသံစဉ်(ဖမ်းမိ)တို့ ၂ ဦးအား ပြည်ကြီးတံခွန်မြို့မရဲစခန်း၊(ပ)၁၁၃၇/၂၀၁၉၊ လူကုန်တားဥပဒေပုဒ်မ ၂၄/၂၃ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။