ထုတ္ျပန္ေၾကညာ ျပီး သုံ႔ပန္းခ်င္း လဲလွယ္ရန္ တပ္မေတာ္ကို AA ကမ္းလွမ္း

Posted on

ေရႊနဒီအျမန္ေရယာဥ္ေပၚမွ ဖမ္းဆီးခဲ့ေသာ သူမ်ားထဲမွ တပ္မေတာ္ ႏွင့္ဆက္စပ္ပတ္သက္သူ ၁၇ ဦးစာရင္းကို AA အၾကမ္းဖက္အဖြဲ႕ ကထုတ္ျပန္ေၾကညာလိုက္ၿပီး ဖမ္းဆီးတရားစြဲဆိုထားတဲ့သူေတြကို ၾကားဝင္ေစ့စပ္ေပးသူရွိပါက  သံု႔ပန္းခ်င္းလဲလွယ္လိုသည္ဟု ဆိုသည္။

AA ႏွင့္ပတ္သက္သည္ဟူေသာ အေၾကာင္းႏွင့္ဖမ္းဆီးထားေသာသူမ်ားကို ျပန္လည္လႊတ္ေပးပါက ယခု ၁၇ ဦးကိုလည္း ျပန္လည္လႊတ္ေပးမည္ျဖစ္ေၾကာင္း AA ကေဖာ္ျပထားသည္။

၂၀၁၉ ေအာက္တိုဘာ ၂၆ ရက္က ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ေရမ်က္ေက်းရြာအနီး ေရႊနဒီအျမန္ယာဥ္ေပၚမွာ လိုက္ပါလာသူေတြကို AA ကဖမ္းဆီးေခၚေဆာင္ သြားျပီး အရပ္သား ၂၅ ဦးကို နိုဝင္ဘာ ၅ ရက္က ျပန္လႊတ္ေပးခဲ့ၿပီး ျဖစ္တယ္လို႔လည္း ထုတ္ျပန္ပါတယ္။

AA ကထုတ္ျပန္ေသာ ၁၇ ဦးစာရင္းတြင္မူ NLD အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႕တင္း မပါဝင္လာေသးေပ။

==================

ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးခဲ့သော သူများထဲမှ တပ်မတော် နှင့်ဆက်စပ်ပတ်သက်သူ ၁၇ ဦးစာရင်းကို AA အကြမ်းဖက်အဖွဲ့ ကထုတ်ပြန်ကြေညာလိုက်ပြီး ဖမ်းဆီးတရားစွဲဆိုထားတဲ့သူတွေကို ကြားဝင်စေ့စပ်ပေးသူရှိပါက သုံ့ပန်းချင်းလဲလှယ်လိုသည်ဟု ဆိုသည်။

AA နှင့်ပတ်သက်သည်ဟူသော အကြောင်းနှင့်ဖမ်းဆီးထားသောသူများကို ပြန်လည်လွှတ်ပေးပါက ယခု ၁၇ ဦးကိုလည်း ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း AA ကဖော်ပြထားသည်။

၂၀၁၉ အောက်တိုဘာ ၂၆ ရက်က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရေမျက်ကျေးရွာအနီး ရွှေနဒီအမြန်ယာဉ်ပေါ်မှာ လိုက်ပါလာသူတွေကို AA ကဖမ်းဆီးခေါ်ဆောင် သွားပြီး အရပ်သား ၂၅ ဦးကို နိုဝင်ဘာ ၅ ရက်က ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။

AA ကထုတ်ပြန်သော ၁၇ ဦးစာရင်းတွင်မူ NLD အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း မပါဝင်လာသေးပေ။