မြန်မာဘောလုံးနည်းပြ ငါးဦး ကစားပုံနည်းစနစ်​ပိုင်း ​လေ့လာရန်​ ဂျပန်​​ဘောလုံးအဖွဲ့ချုပ်​သို့ရောက်ရှိ

Posted on













လို့ သိရပါတယ်​။

Popular Sky News

==================

နည်းပြအရည်အသွေးများ တိုးတက်စေဖို့နဲ့ ဂျပန်ဘောလုံးအဖွဲ့ချုပ်ရဲ့ လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းတွေကို

လေ့လာဖို့ မြန်မာနိုင်ငံက နည်းပြ (၅) ဦးကို ဂျပန်​​ဘောလုံးအဖွဲ့ချုပ်​ (JFA)က ဖိတ်​ကြားခဲ့တယ်လို့

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကနေသိရပါတယ်။

ဖိတ်​ကြားခံရသူတွေကတော့ ဦးရဲဝင့်သူ (မြန်မာ ယူ-၁၂ နည်းပြချုပ်)၊ ဦးဘိုဘိုအောင် (MFF)၊

ဦးစည်သူအောင် (လက်ထောက်နည်းပြ၊ ဧရာဝတီအကယ်ဒမီ)၊ ဒေါ်စန်းစန်းသိန်း (မြန်မာအမျိုးသမီးအသင်း

လက်ထောက်နည်းပြ)၊ ဦးစိုးမြတ်မင်း (ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ်) တို့ ဖြစ်​ကြပါတယ်​။

သူတို့ဟာ စက်တင်ဘာလ (၂၂) ရက်နေ့ ယ​နေ့မှာဂျပန်နိုင်ငံကိုရောက်ရှိခဲ့ပြီး ဂျပန်ဘောလုံးအဖွဲ့ချုပ်

ဘောလုံးအကယ်ဒမီကို လေ့လာခြင်း၊ လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းတွေကို လေ့လာခြင်း၊ Youth & Junior

youth အသင်းတွေရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေလေ့လာခြင်း၊ နည်းပြအရည်အသွေး မြှင့်တင်ခြင်း စတဲ့

အစီအစဉ်တွေမှာပါဝင်မယ်လို့သိရပါတယ်။

သူတို့ဟာ အောက်တိုဘာလ (၁) ရက်နေ့မှာ ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကိုပြန်လာမယ်လို့သိရပါတယ်။

ဂျပန်ဘောလုံးအဖွဲ့ချုပ်ဟာ မြန်​မာနည်​းပြ​တွေအပြင်​ က​မ္ဘောဒီးယားနည်​းပြ​တွေကိုလည်​း ဖိတ်​ကြားထားတယ်​

လို့ သိရပါတယ်​။

Popular Sky News

Leave a Reply

Your email address will not be published. Required fields are marked *