Article

ဒို့ပြည်ကြီးကတော့ ကြားထဲကခွေး ၀င်ဆွဲ ခံရတော့မည်လား

ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီး အဘူလ်မော်အဗ္ဗ်ဒူလ်မူဟစ် က မြန်မာအစိုးရ ကို မကောင်းဆိုးဝါးအဖြစ် ပြစ်တင်ရှုတ်ချလိုက်ပြီး သိန်းချီတဲ့ ရိုလိမ်ညာ ဒုက္ခသည်တွေကို ပြန် လက်ခံ နိုင်မှာလည်း မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြီးအကဲ Zeid Ra’ad Al Hussein ကလည်း ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တော ခိုးဝင် ဘင်္ဂလီများ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံမှ လူမျိုးတုံး သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲကာ မြန်မာနိုင်ငံအား နိုင်ငံတကာ စစ်ရာဇဝတ်မှုခုံရုံး တင်နိုင်ဖို့ စုံစမ်းစစ်ဆေးတရားစွဲဆိုမယ့် အဖွဲ့အစည်းတစ်ခုဖွဲ့စည်းသွားမယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြောဆို ထားပါတယ်။

ဒီလောက်ထိ နိုင်ငံတကာက ဖိအားတွေပေး အစော်ကားခံနေရတာတောင် ကချင်ပြည်နယ် ရှမ်းမြောက်နဲ့ ခိုးဝင်ဘင်္ဂလီတို့ပြဿနာဖြစ်ပွားနေရာရခိုင်ပြည်နယ်အတွင်းလက်နက်ကိုင်သူပုန်တွေ က မိုင်းထောင်၊ မိုင်းခွဲ အဖျက်လုပ်ငန်းတွေ ကျူးလွန်လို့ ကောင်းနေတုန်း။ အစိုးရနဲ့ တပ်မတော် က ငြိမ်းချမ်းရေးလမ်းကြောင်း ဖွင့်ထားပါလျှက်ကယ်နဲ့ အခုထိ မိုက်တွင်း နက်နေကြတုန်း။

ယနေ့မှာတော့ KIA တို့ ပူတာအို လမ်းကြောင်းပေါ်က တံတားများအား ဖျက်ဆီးခဲ့ခြင်း ကြောင့် ပျက်စီးခဲ့ရတဲ့ တံတားများ၊ ရှောင်လမ်းများအား တပ်မတော်မှ လုံခြုံရေးယူကာ ပြင်ဆင်ခဲ့ တဲ့အတွက် ကုန်ကားတွေ ပူတာအိုသို့ အရောက်သွားလာနိုင်ပြီ ဖြစ်တယ်လို့ သိရှိရပြီး လာရှိုး ရိုးမဘဏ် ဗုံး ဖောက်ခွဲမှု တရားခံကတော့ ယနေ့တိုင် သတင်းအစအန ပျောက်နေဆဲပါပဲ။

ref:Ba maw News

About the author

လက်ခတ်သံ

Leave a Comment