ဂွင် စောင့်နေတာလား

အရှေ့အလယ်ပိုင်းရှိ အစ္စရေးလ်နှင့် အီရန်ကြား ဖြစ်ပွားနေသော ပဋိပက္ခ တွင် အမေရိကန်၏ ပါဝင်ပတ်သက်မှု မရှိခြင်းကို ၎င်း၏ လူမှုမီဒီယာ ပလက် ဖောင်း `Truth Social´ မှ ထရမ့်က အောက်ပါအတိုင်း ရေးသားထားတယ်။

“အီရန်ကို တိုက်ခိုက်တာနှင့် ပတ်သက်ပြီး မိမိတို့ အမေရိကန်နှင့် ဘာမှ မဆိုင်ပါ”

“အကယ်၍ ကျွန်ုပ်တိုအား အီရန်က မည်သည့်နည်းဖြင့်၊ ပုံသဏ္ဍာန် သိုမဟုတ် အသွင်သဏ္ဌာန်ဖြင့် တိုက်ခိုက်မည်ဆိုပါက၊ အမေရိကန် လက်နက်ကိုင်တပ်ဖွဲများ၏ အင်အား အပြည့် စွမ်းအားနှင့် တုန့်ပြန်မှုသည် ယခင်က မမြင်ဖူးသည့် အဆင့်မျိုးဖြင့် အသင်သည် တိုက်ခိုက်ခံရမည်”

“သိုသော်၊ ကျွန်ုပ်တိုသည် အီရန်နှင့်
အစ္စရေးလ်ကြား သဘောတူညီချက်
ရရှိအောင် အလွယ်တကူ ပြုလုပ်နိုင်ပြီး
ဤသွေးထွက်သံယို ပဋိပက္ခကို အဆုံး
သတ်နိုင်သည် !!!” ဟု ဖော်ပြပါရှိတယ်။

သူ့ဖော်ပြချက်ထဲမှာ ” အီရန်က
မည်သည့်နည်းဖြင့်၊ ပုံသဏ္ဍာန်
သိုမဟုတ် အသွင်သဏ္ဌာန်ဖြင့်
တိုက်ခိုက်မည်ဆိုပါက” လို ပါ
တယ်။ ဒီဆိုလိုရင်းက အဓိပ္ပာယ်
တွေ အများကြီးထွက်တယ်။

အစ္စရေးလ်က သူ့ရဲ့ အဓိက
အယုံကြည်ရဆုံး၊ အားအကိုးရဆုံး
မိတ်ဖက်နိုင်ငံ ဖြစ်သည့်အတွက်
မျက်စောင်းထိုးတာတောင် သူ
မကြိုက်ဘူး၊ နှစ်မျိုတယ်မထင်။

အခု ပဋိပက္ခမှာ အီရန်က ထိချင်
ရာထိ စွတ်ပစ်နေလို လူနေရပ်
ကွက် တိုက်တာ အဆောက်
အဦးတွေ ပစ်ခတ်ခံနေရတာ၊
အနီရောင် စည်းမျဉ်းကျော်ပြီး
ဟိုက်ပါဆောနစ် တာဝေးပစ်
ဒုံးတွေ သုံးလာတာ၊ နောက်
တက်လာတဲ့ အီရန် ဗိုလ်ချုပ်
က ဂျူးတွေကို ကာကွယ်ပေး
နေတဲ့ မည်သည့် နိုင်ငံကိုမဆို
တိုက်ခိုက်မယ်လို ခြိမ်းခြောက်
တာ စသဖြင့် ဒါတွေဟာ တရားဝင်
ဒီစစ်ပွဲထဲ သူပါဝင်လာဖို အချက်
အလက်တွေ စုဆောင်းနေတာမျိုး
ဖြစ်နိုင်တယ်။

လေကာစံနစ်တွေဖြစ်သည့်
အစ္စရေးလ်၏ `Iron Dome´ နှင့်
အမေရိကန်၏ `THAAD and
Patriot´ တွေကို ကျော်လွန်ပြီး
အီရန် ဒုံးတွေကို မဖျက်ချနိုင်
တာလား၊ အချို မဖျက်တာလား၊
ဒီလိုတွေ စည်းမဲ့ကမ်းမဲ့တွေ လုပ်
နေပါတယ်လို ကမ္ဘာကို ချပြပြီး
သူဝင်သာအောင် လမ်းကြောင်း
တွေ ဖွင့်နေတာလား။

စစ်တိုက်ပြီး မျိုးဆက် ထူထောင်
လာတဲ့ နိုင်ငံနှင့် စစ်မာယာတွေ
အလွန်များတဲ့ နေတန်ယာဟုရယ်၊
စစ်ပွဲတွေနှင့် စီးပွါးရှာစားတတ်တဲ့
အမေရိကန် လုံးထွေးနေတာ
လျော့တော့ မတွက်နဲ့။

သေချာတာ နောက်တစ်ခုက
အီရန်ကို ထရမ့် လွန်စွာ အင်မတန်
ရွံရှာ မုန်းတီးသလို ၁၉၇၉ – ခုနှစ်
ကတည်းက ရှားဘုရင်ကို ဖြုတ်ချ
ပြီး ဓားမိုး ဘာသာရေးနဲ့ အုပ်ချုပ်
လာတဲ့ ခိုမေနီ၊ ခါမေနီ အရူး မျိုး
ဆက်ကို ဖြုတ်ချချင်နေတာလည်း
ကြာပြီ။

တဖက်ကမ္ဘာမှာတော့ ဘီဒူဝင် စရိုက်
အတိုင်း ခွေးဝမ်းသာအောင် လေလည်
ပြလိုက်တာနဲ့ အမြှီးတွေနန့်၊ မိုးမမြင်
လေမမြင် မြောက်ကြွနေကြပြီ။

ဒီလိုအခြေအနေကို စောင့်ပြီး အစ္စရေးလ်
နိုင်ငံ ထူထောင်လာတာ ဒင်းတို မေ့နေ
တယ်။

အတတ် ပြောရဲတယ်၊
သူတို ဘယ်တုန်းကမှ မနိုင်ဘူး
သလို အခုလည်း မနိုင်ပါ။

credit: (Andrew Soe)
16th June 2025

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top