အစ္စရေး အီရန် ထူးခြားသည့် ကောက်နှုတ်ချက်များ

၁) တပ်ရွှေ့နေတဲ့ အမေရိကန်ကောင်းကင်ဆီဖြည့် လေယာဉ်အရေအတွက်က အစီး (၃၀) တောင်ဆိုတော့….အင်း ခရီးဝေး ပစ်မှတ်စစ်က အရှိန်ပိုမြင့်ဦးမယ်နဲ့တူတယ်၊

၂)( သားအရင်းနဲ့ မွေးစားသား )

အရေးကြုံလာတော့ မွေးစားသား ယူကရိမ်းဆီပိုမဲ့ မစ်ဇိုင်း (၂၀,၀၀၀) ကို သားအရင်း အစ္စရေးဆီ ကြားဖြတ် အရေးပေ့်ပိုလိုက်တဲ့ အမေရိကန်ကို ဇလန်စကီးက ဒီလိုလုပ်တာတော့ မကောင်းပါဘူး… တဲ့၊

(၂၀,၀၀၀ ) ဆိုတဲ့အရေအတွက်က အီရန်အတွက် အသက်ရှုကြပ်စေမှာ အမှန်ပဲ၊

၃) မော့ဆက် (၂) ဦးကို အီရန်ကဖမ်းမိ

၄) အီရန် Natanz မှာရှိတဲ့ အနုမြူလက်နက်ထုတ်လုပ်ရာမှာ အခရာကျတဲ့ ဗဟိုခွာအား စက်ရုံကြီးကို ဆိုးဆိုးဝါးဝါး ဖျက်ဆီးပစ်နိုင်တယ်လို အစ္စရေးဖက်က ကောင်းကင်ဓါတ်ပုံနဲ့ကြေငြာလာတယ်၊

အီရန်ရဲ့ နျူနဲ့ပါတ်သက်တဲ့နေရာတွေထဲမှာ Natanz ကအကြီးဆုံးနဲ့အရေးအပါဆုံး နေရာဖြစ်ပါတယ်၊

၅) မနေ့က အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် အီရန်ရဲ့ Shahran မှာရှိတဲ့ ရေနံချက်နဲ့သိုလှောင်ကန်တွေ အကြီးအကျယ်ပျက်စီးသွားသလို…

အစ္စရေး Haifa ဆိပ်ကမ်းက ရေနံသိုလှောင်ကန်တွေနဲ့ နျူဓါတ်အားပေးစက်ရုံလဲ အကြီးအကျယ်ပျက်စီးခဲ့ရတယ်။

Credit:BaMg

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top