ေငြသံုးရာ က်ပ္ (၃၀၀) ခိုးမႈျဖင့္ လူငယ္သင္တန္းေက်ာင္းသို႔ အပို႔ခံရေသာ ကေလး ၃ေယာက္ကို စာေမးပဲြေျဖဆိုရန္ ခြင့္ျဖင့္ျပန္လႊတ္ေပး

Posted on

ဒဂံုၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္ ေအာင္ေဗာဓိဘုရား၀င္းအတြင္းရိွ အလွဴခံပံုးအတြင္းမွ ပိုက္ဆံ ၃၀၀ က်ပ္

ခိုးယူခဲ့သည္ဆိုသည့္ ကေလး ၃ ဦးကို စာေမးပဲြေျဖရန္အတြက္ သန္လ်င္လူငယ္သင္တန္းေက်ာင္းက ခြင့္ျဖင့္

ျပန္လႊတ္ခဲ့ေၾကာင္း ေက်ာင္းအုပ္ၾကီး ဦးညီညီစိုးက News Watch သို႔ ေျပာသည္။

ပိုက္ဆံ ၃၀၀ က်ပ္ ခိုးယူခဲ့သည္ဆိုသည့္ တတိယတန္း၊ ပဥၥမတန္းႏွင့္ သတၱမတန္းေက်ာင္းသား ၃ ဦးကို

စာေမးပဲြေျဖရန္ရိွေနသည့္အတြက္ ဒဂံုၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္ တိုင္းေဒသႀကီး(၁) လႊတ္ေတာ္

ကိုယ္စားလွယ္ဦးညီညီ၊ ရန္ကုန္တိုင္းေဒသႀကီး လူမႈ၀န္ထမ္းဦးစီးဌာန ကေလးသူငယ္ႀကီးၾကပ္ေရးမွဴး

ေဒၚခ်ဳိခ်ဳိမာ၊ ကေလးငယ္မ်ား၏ မိဘမ်ားႏွင့္ ၎တို႔ ပညာသင္ၾကားလ်က္ရိွသည့္ေက်ာင္းမွ ဆရာမမ်ားက

သန္လ်င္လူငယ္သင္တန္းေက်ာင္း ေက်ာင္းအုပ္ႀကီးႏွင့္ စက္တင္ဘာ ၂၁ ရက္တြင္ သန္လ်င္လူငယ္

သင္တန္းေက်ာင္း၌ ေတြ႕ဆံုေဆြးေႏြးခဲ့ၿပီးေနာက္ခြင့္ျဖင့္ ျပန္လႊတ္ေပးခဲ့ျခင္း ျဖစ္သည္။

”ကြ်န္ေတာ္တို႔သင္တန္းေက်ာင္းကို ေရာက္တာကေတာ့ စက္တင္ဘာ ၁၈ ရက္ျဖစ္ပါတယ္။

ကေလးသူငယ္ဥပေဒအရ အခြင့္အေရး ၄ ရပ္ရိွပါတယ္။ အဲဒီမွာ ဖံြ႕ၿဖိဳးတိုးတက္ခြင့္ဆိုတာ ရိွပါတယ္။

ပညာသင္ၾကားခြင့္ေပးရမယ္ဆိုတဲ့ အပိုင္းေပါ့ေနာ္။ အခုစာေမးပဲြေျဖရမယ္ဆိုေတာ့ ေတာ္ေတာ္ေလး

အေရးႀကီးတဲ့အတြက္ စက္တင္ဘာ ၂၁ ရက္ကေန ေအာက္တိုဘာ ၃ ရက္အထိ ခြင့္ေပးလိုက္တာပါ။

ဒီၾကားထဲမွာ သူတို႔အာမခံရသြားတယ္ဆိုရင္ေတာ့ ျပန္ပို႔စရာမလိုေတာ့ပါဘူး။ အာမခံရေၾကာင္း စာရြက္

စာတမ္းေလးေတြ ျပန္ပို႔ေပးရပါမယ္”ဟု သန္လ်င္ လူငယ္သင္တန္းေက်ာင္းေက်ာင္းအုပ္ႀကီး ဦးညီညီစိုးက

ေျပာသည္။

ကေလးငယ္ ၃ ဦးမွာ ဒဂံုၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္ (၂၀) ရပ္ကြက္တြင္ ေနထိုင္သူမ်ားျဖစ္ၿပီး စက္တင္ဘာ

၁၃ ရက္ ညေနတြင္ (၂၅)ရပ္ကြက္ရိွ ေအာင္ေဗာဓိဘုရား၀င္းအတြင္း၌ ထားရိွေသာ အလွဴခံပံုးအတြင္းမွ

ေငြက်ပ္ ၃၀၀ ကို သြားၾကားထိုးတံျဖင့္ ေကာ္ထုတ္ယူေနသည္ကို ေတြ႕ရိွခဲ့ေသာေၾကာင့္ ရဲစခန္းသို႔

ပို႔ေဆာင္ခံခဲ့ရကာ ေဂါပကအဖဲြ႕၀င္တဦးက တရားလိုျပဳလုပ္၍ ရာဇသတ္ႀကီးပုဒ္မ ၃၇၉ ျဖင့္ အမႈဖြင့္

အေရးယူခံခဲ့ရျခင္းျဖစ္သည္။ ထို႔ေနာက္ ရဲစခန္းတြင္ ၆ ရက္ အခ်ဳပ္ခံရျပီးေနာက္ စက္တင္ဘာ ၁၈ ရက္တြင္

သန္လ်င္လူငယ္သင္တန္းေက်ာင္းသို႔ ပို႔ေဆာင္ျခင္းခံခဲ့ရေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီက

ေျပာသည္။

”ကေလးေတြကို ဖမ္းအၿပီးမွာ ရဲစခန္းက ကေလးမိဘေတြကို ေခၚေတြ႕ျပီးေတာ့ ခံ၀န္နဲ႔ ျပန္လႊတ္ေပးလိုက္

တယ္။ အဲဒါကို တစံုတခုရဲ႕ ဖိအားေပးမႈနဲ႔ ရဲစခန္းက ထပ္ျပီးေတာ့ ၆ ရက္ခ်ဳပ္တယ္။ ျပီးေတာ့မွ

သင္တန္းေက်ာင္းကို ပို႔လိုက္တယ္။ ရဲစခန္းကို အာမခံကိစၥအတြက္ေမးေတာ့ တရား႐ံုးကို ေလွ်ာက္ပါလို႔ေျပာ

တယ္။ တရား႐ံုးကိုသြားေတာ့ ရဲစခန္းက အမႈလဲႊစာမရေသးဘူးလို႔ ေျပာတယ္။ ဒီကေလးငယ္ေတြ

တကယ္က်ဴးလြန္တယ္ဆိုရင္ေတာင္ ဒီလိုေတာ့ မျဖစ္သင့္ဘူးေလဗ်ာ။ ဒီကေလးငယ္ေတြ မိဘရင္ခြင္ထဲ

ျပန္ေရာက္ၿပီး ပညာသင္ၾကားခြင့္ရေအာင္ေတာ့ ကြ်န္ေတာ္အစြမ္းကုန္ၾကိဳးစားေပးသြားမယ္လို႔ ေျပာ

ခ်င္ပါတယ္။ ေနာက္ျပီးေတာ့ ဒီေဂါပကအဖဲြ႕သည္ ေငြ ၃၀၀ ခိုးတယ္ဆိုတဲ့ ကေလးေတြကိုေတာင္မွ ေထာင္

မက် က်ေအာင္ လႊတ္ေပးျပီးသားကိုေတာင္ ျပန္ဖမ္းေအာင္လုပ္တယ္ဆိုေတာ့ ေတာင္ဒဂံုၿမိဳ႕နယ္ရဲ႕ ပံုရိပ္

က်ဆင္းေစပါတယ္။ ဒါကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြအေနနဲ႔ ဘာဆက္လုပ္မလဲဆိုၿပီး ျပည္သူေတြက

ကြ်န္ေတာ့္ကို ဆက္သြယ္ေမးျမန္းၾကပါတယ္။ ေဂါပကအဖဲြ႕ကို ျပင္ဆင္ဖဲြ႕စည္းဖို႔ လႊတ္ေတာ္မွာ ကြ်န္ေတာ္

ေမးခြန္းတင္ထားျပီးျဖစ္တယ္လို႔ ေျပာခ်င္ပါတယ္”ဟု ၎က ေျပာသည္။

ထို႔ျပင္ အဆိုပါျဖစ္ရပ္ႏွင့္ပတ္သက္၍ ေအာင္ေဗာဓိဘုရားေဂါပကအဖဲြ႕ကို ဆႏၵျပရန္ ျပင္ဆင္ေနသည္ဆိုသည့္

သတင္းမ်ားရရိွထားေၾကာင္း ဦးညီညီက ဆက္လက္ေျပာၾကားသည္။

နႏၵမ်ဳိးေဆာင္

# News Watch

==================

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အောင်ဗောဓိဘုရားဝင်းအတွင်းရှိ အလှူခံပုံးအတွင်းမှ ပိုက်ဆံ ၃၀၀ ကျပ်

ခိုးယူခဲ့သည်ဆိုသည့် ကလေး ၃ ဦးကို စာမေးပွဲဖြေရန်အတွက် သန်လျင်လူငယ်သင်တန်းကျောင်းက ခွင့်ဖြင့်

ပြန်လွှတ်ခဲ့ကြောင်း ကျောင်းအုပ်ကြီး ဦးညီညီစိုးက News Watch သို့ ပြောသည်။

ပိုက်ဆံ ၃၀၀ ကျပ် ခိုးယူခဲ့သည်ဆိုသည့် တတိယတန်း၊ ပဥ္စမတန်းနှင့် သတ္တမတန်းကျောင်းသား ၃ ဦးကို

စာမေးပွဲဖြေရန်ရှိနေသည့်အတွက် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် တိုင်းဒေသကြီး(၁) လွှတ်တော်

ကိုယ်စားလှယ်ဦးညီညီ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ကလေးသူငယ်ကြီးကြပ်ရေးမှူး

ဒေါ်ချိုချိုမာ၊ ကလေးငယ်များ၏ မိဘများနှင့် ၎င်းတို့ ပညာသင်ကြားလျက်ရှိသည့်ကျောင်းမှ ဆရာမများက

သန်လျင်လူငယ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် စက်တင်ဘာ ၂၁ ရက်တွင် သန်လျင်လူငယ်

သင်တန်းကျောင်း၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်ခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

”ကျွန်တော်တို့သင်တန်းကျောင်းကို ရောက်တာကတော့ စက်တင်ဘာ ၁၈ ရက်ဖြစ်ပါတယ်။

ကလေးသူငယ်ဥပဒေအရ အခွင့်အရေး ၄ ရပ်ရှိပါတယ်။ အဲဒီမှာ ဖွံ့ဖြိုးတိုးတက်ခွင့်ဆိုတာ ရှိပါတယ်။

ပညာသင်ကြားခွင့်ပေးရမယ်ဆိုတဲ့ အပိုင်းပေါ့နော်။ အခုစာမေးပွဲဖြေရမယ်ဆိုတော့ တော်တော်လေး

အရေးကြီးတဲ့အတွက် စက်တင်ဘာ ၂၁ ရက်ကနေ အောက်တိုဘာ ၃ ရက်အထိ ခွင့်ပေးလိုက်တာပါ။

ဒီကြားထဲမှာ သူတို့အာမခံရသွားတယ်ဆိုရင်တော့ ပြန်ပို့စရာမလိုတော့ပါဘူး။ အာမခံရကြောင်း စာရွက်

စာတမ်းလေးတွေ ပြန်ပို့ပေးရပါမယ်”ဟု သန်လျင် လူငယ်သင်တန်းကျောင်းကျောင်းအုပ်ကြီး ဦးညီညီစိုးက

ပြောသည်။

ကလေးငယ် ၃ ဦးမှာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၂၀) ရပ်ကွက်တွင် နေထိုင်သူများဖြစ်ပြီး စက်တင်ဘာ

၁၃ ရက် ညနေတွင် (၂၅)ရပ်ကွက်ရှိ အောင်ဗောဓိဘုရားဝင်းအတွင်း၌ ထားရှိသော အလှူခံပုံးအတွင်းမှ

ငွေကျပ် ၃၀၀ ကို သွားကြားထိုးတံဖြင့် ကော်ထုတ်ယူနေသည်ကို တွေ့ရှိခဲ့သောကြောင့် ရဲစခန်းသို့

ပို့ဆောင်ခံခဲ့ရကာ ဂေါပကအဖွဲ့ဝင်တဦးက တရားလိုပြုလုပ်၍ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်

အရေးယူခံခဲ့ရခြင်းဖြစ်သည်။ ထို့နောက် ရဲစခန်းတွင် ၆ ရက် အချုပ်ခံရပြီးနောက် စက်တင်ဘာ ၁၈ ရက်တွင်

သန်လျင်လူငယ်သင်တန်းကျောင်းသို့ ပို့ဆောင်ခြင်းခံခဲ့ရကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက

ပြောသည်။

”ကလေးတွေကို ဖမ်းအပြီးမှာ ရဲစခန်းက ကလေးမိဘတွေကို ခေါ်တွေ့ပြီးတော့ ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်

တယ်။ အဲဒါကို တစုံတခုရဲ့ ဖိအားပေးမှုနဲ့ ရဲစခန်းက ထပ်ပြီးတော့ ၆ ရက်ချုပ်တယ်။ ပြီးတော့မှ

သင်တန်းကျောင်းကို ပို့လိုက်တယ်။ ရဲစခန်းကို အာမခံကိစ္စအတွက်မေးတော့ တရားရုံးကို လျှောက်ပါလို့ပြော

တယ်။ တရားရုံးကိုသွားတော့ ရဲစခန်းက အမှုလွှဲစာမရသေးဘူးလို့ ပြောတယ်။ ဒီကလေးငယ်တွေ

တကယ်ကျူးလွန်တယ်ဆိုရင်တောင် ဒီလိုတော့ မဖြစ်သင့်ဘူးလေဗျာ။ ဒီကလေးငယ်တွေ မိဘရင်ခွင်ထဲ

ပြန်ရောက်ပြီး ပညာသင်ကြားခွင့်ရအောင်တော့ ကျွန်တော်အစွမ်းကုန်ကြိုးစားပေးသွားမယ်လို့ ပြော

ချင်ပါတယ်။ နောက်ပြီးတော့ ဒီဂေါပကအဖွဲ့သည် ငွေ ၃၀၀ ခိုးတယ်ဆိုတဲ့ ကလေးတွေကိုတောင်မှ ထောင်

မကျ ကျအောင် လွှတ်ပေးပြီးသားကိုတောင် ပြန်ဖမ်းအောင်လုပ်တယ်ဆိုတော့ တောင်ဒဂုံမြို့နယ်ရဲ့ ပုံရိပ်

ကျဆင်းစေပါတယ်။ ဒါကို လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဘာဆက်လုပ်မလဲဆိုပြီး ပြည်သူတွေက

ကျွန်တော့်ကို ဆက်သွယ်မေးမြန်းကြပါတယ်။ ဂေါပကအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းဖို့ လွှတ်တော်မှာ ကျွန်တော်

မေးခွန်းတင်ထားပြီးဖြစ်တယ်လို့ ပြောချင်ပါတယ်”ဟု ၎င်းက ပြောသည်။

ထို့ပြင် အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ အောင်ဗောဓိဘုရားဂေါပကအဖွဲ့ကို ဆန္ဒပြရန် ပြင်ဆင်နေသည်ဆိုသည့်

သတင်းများရရှိထားကြောင်း ဦးညီညီက ဆက်လက်ပြောကြားသည်။

နန္ဒမျိုးဆောင်

# News Watch

 

Leave a Reply

Your email address will not be published. Required fields are marked *